ကားငွါးမရလို႔ လမ္းမႀကီးေဘးတြင္သာ ကေလးမီးဖြားခဲ့ရတဲ့အမ်ိဳးသမီးအျဖစ္

ၿပီးခဲ့တဲ့ April 15 ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Kota Kinabalu ၿမိဳ႕႐ွိ လမ္းမႀကီးေဘးတစ္ေနရာမွာ အမ်ိဳးသမီးတစ္ဦးဟာ အသက္စြန္႔ၿပီး ကေလးမီးဖြားခဲ့ရတဲ့အျဖစ္မ်ိဳးနဲ႔ၾကံဳေတြ႔ခဲ့ရပါတယ္ ။ သူမကေလးမီးဖြားၿပီးတဲ့ေနာက္မွ မိသားစုဝင္ေတြက သူမကိုေဆးရံုသို႔ပို႔ေဆာင္ေပးႏိုင္ခဲ့ၾကတာပါ ။ ျဖစ္စဥ္ကေတာ့ အသက္ 38 ႏွစ္အရြယ္ Pahmah Nastih အမည္႐ွိတဲ့ ကိုယ္ဝန္ေဆာင္အမ်ိဳးသမီးဟာ မီးဖြားဖို႔ ေဆးရံုကိုသြားေရာက္ဖို႔ ေနအိမ္ကေန ေလွစီးခဲ့ရပါေသးတယ္ ။ ထိုအခ်ိန္မွာ သူမရဲ႕ခင္ပြန္းျဖစ္သူဟာလည္း ငါးဖမ္းဖို႔ပင္လယ္တြင္းသို႔ေရာက္႐ွိေနခဲ့လို႔ သူမရဲ႕ခဲအို ၊ ေယာင္းမတို႔ႏွင့္အတူ ေဆးရံုသို႔အေရာက္သြားႏိုင္ဖို႔ႀကိဳးစားခဲ့ရတာပါ ။

ကံဆိုးစြာနဲ႔ပဲ အဆိုပါအခ်ိန္ကာလဟာ Covid-19 ေၾကာင့္ အသြားအလာကန္႔သတ္မႈေတြ႐ွိေနတဲ့ကာလျဖစ္တဲ့အတြက္ လမ္းတစ္ဝက္မွာ ေဆးရံုသြားဖို႔ မည္သည့္ကားတစ္စီးကိုမွ မေတြ႔႐ွိခဲ့ပါဘူး ။ ထိုအခ်ိန္မွာပဲ ရဲအရာ႐ွိႏွစ္ဦးကိုေတြ႔႐ွိခဲ့လို႔ ေဆးရံုတင္ကားေခၚေပးဖို႔အကူအညီေတာင္းခဲ့ရတဲ့အျပင္ ၊ ရဲအရာ႐ွိတစ္ဦးမွာလည္း ရဲေမျဖစ္တဲ့အတြက္ လံုးဝကိုမေတာင့္ခံထားႏိုင္ေတာ့တဲ့ Pahmah Nastih ကို အဆိုပါလမ္းမႀကီးေဘးတြင္သာ ကေလးမီးဖြားဖို႔ကူညီေပးခဲ့ရပါတယ္ ။

မိနစ္အနည္းငယ္အၾကာမွာမွ လူနာတင္ကားေရာက္႐ွိလာၿပီး မိခင္ ႏွင့္ ကေလးငယ္ကို ေဆးရံုသို႔အလ်င္အျမန္ေခၚေဆာင္သြားခဲ့ၾကပါတယ္ ။ အဆိုပါအျဖစ္အပ်က္ေၾကာင့္ မည္သည့္ကိစၥမ်ိဳးျဖစ္ပ်က္ေနပါေစ ရဲအရာ႐ွိေတြရဲ႕တာဝန္က ျပည္သူေတြကိုကူညီေစာင့္ေ႐ွာက္ေပးဖို႔ပါပဲ ဆိုၿပီးရဲအရာရွိၾကီးက ေျဖ႐ွင္းေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ April 15 ရက်နေ့က မလေးရှားနိုင်ငံ ၊ Kota Kinabalu မြို့ရှိ လမ်းမကြီးဘေးတစ်နေရာမှာ အမျိုးသမီးတစ်ဦးဟာ အသက်စွန့်ပြီး ကလေးမီးဖွားခဲ့ရတဲ့အဖြစ်မျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ သူမကလေးမီးဖွားပြီးတဲ့နောက်မှ မိသားစုဝင်တွေက သူမကိုဆေးရုံသို့ပို့ဆောင်ပေးနိုင်ခဲ့ကြတာပါ ။ ဖြစ်စဉ်ကတော့ အသက် 38 နှစ်အရွယ် Pahmah Nastih အမည်ရှိတဲ့ ကိုယ်ဝန်ဆောင်အမျိုးသမီးဟာ မီးဖွားဖို့ ဆေးရုံကိုသွားရောက်ဖို့ နေအိမ်ကနေ လှေစီးခဲ့ရပါသေးတယ် ။ ထိုအချိန်မှာ သူမရဲ့ခင်ပွန်းဖြစ်သူဟာလည်း ငါးဖမ်းဖို့ပင်လယ်တွင်းသို့ရောက်ရှိနေခဲ့လို့ သူမရဲ့ခဲအို ၊ ယောင်းမတို့နှင့်အတူ ဆေးရုံသို့အရောက်သွားနိုင်ဖို့ကြိုးစားခဲ့ရတာပါ ။

ကံဆိုးစွာနဲ့ပဲ အဆိုပါအချိန်ကာလဟာ Covid-19 ကြောင့် အသွားအလာကန့်သတ်မှုတွေရှိနေတဲ့ကာလဖြစ်တဲ့အတွက် လမ်းတစ်ဝက်မှာ ဆေးရုံသွားဖို့ မည်သည့်ကားတစ်စီးကိုမှ မတွေ့ရှိခဲ့ပါဘူး ။ ထိုအချိန်မှာပဲ ရဲအရာရှိနှစ်ဦးကိုတွေ့ရှိခဲ့လို့ ဆေးရုံတင်ကားခေါ်ပေးဖို့အကူအညီတောင်းခဲ့ရတဲ့အပြင် ၊ ရဲအရာရှိတစ်ဦးမှာလည်း ရဲမေဖြစ်တဲ့အတွက် လုံးဝကိုမတောင့်ခံထားနိုင်တော့တဲ့ Pahmah Nastih ကို အဆိုပါလမ်းမကြီးဘေးတွင်သာ ကလေးမီးဖွားဖို့ကူညီပေးခဲ့ရပါတယ် ။

မိနစ်အနည်းငယ်အကြာမှာမှ လူနာတင်ကားရောက်ရှိလာပြီး မိခင် နှင့် ကလေးငယ်ကို ဆေးရုံသို့အလျင်အမြန်ခေါ်ဆောင်သွားခဲ့ကြပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် မည်သည့်ကိစ္စမျိုးဖြစ်ပျက်နေပါစေ ရဲအရာရှိတွေရဲ့တာဝန်က ပြည်သူတွေကိုကူညီစောင့်ရှောက်ပေးဖို့ပါပဲ ဆိုပြီးရဲအရာရှိကြီးက ဖြေရှင်းပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment