FaceApp နဲ႔မိန္းမ႐ုပ္ေျပာင္းၿပီး online ေပၚတင္လိုက္တဲ့ဓာတ္ပံုေၾကာင့္ လိင္ပိုင္းဆိုင္ရာအေႏွာင့္အယွက္ခံေနရတဲ့ ေကာင္ေလး

မိန္းကေလးျဖစ္ရတာ တကယ္ကိုမလြယ္ကူလွပါဘူး ။ အခ်ိဳ႕ေသာမိန္းကေလးဆိုရင္ online ေပၚ ဓာတ္ပံု 2ပံု 3ပံုေလာက္တင္လိုက္တာနဲ႔ အေႏွာင့္အယွက္ခံေနရတာမ်ိဳး႐ွိပါတယ္ ။ ဒီတစ္ေခါက္မွာလည္း Hyekal (@hyekalss)အမည္နဲ႔ Twitter အသံုးျပဳေနတဲ့ အမ်ိဳးသားတစ္ေယာက္ဟာ သူ၏ဓာတ္ပံုကို FaceApp သံုးၿပီး editing ျပဳလုပ္ၿပီးေနာက္ online ေပၚေဝမ်ွခဲ့ၿပီးေနာက္မွာေတာ့ လိင္ပိုင္းဆိုင္ရာအေႏွာင့္အယွက္ေပးျခင္းမ်ိဳးခံခဲ့ရေၾကာင္း သူ၏အျဖစ္အပ်က္ကိုေဝမ်ွခဲ့ပါတယ္ ။ “ဒါေၾကာင့္ေလ.. ငါ့ရဲ႕မ်က္ႏွာကို မိန္းကေလးလိုထပ္ၿပီး edit လုပ္ဖို႔ကို ေတာ္ေတာ္ေလးေၾကာက္ေနၿပီ” ဆိုၿပီး စာေရးသားကာ သူ႔အျဖစ္အပ်က္ကိုေဖာ္ျပခဲ့တာပါ ။

မိန္းကေလးပံုစံဓာတ္ပံုကို တင္လိုက္ၿပီးေနာက္မွာေတာ့ မယံုႏိုင္ေလာက္ေအာင္ အမ်ိဳးသားတစ္ေယာက္ဆီက လိင္ပိုင္းဆိုင္ရာႏွင့္ပက္သက္ၿပီး ေပးပို႔လာေသာ message အမ်ားအျပားလက္ခံရ႐ွိခဲ့ပါတယ္ ။ အဆိုပါ message ေတြကိုဘားမွ ျပန္မေျဖတဲ့ေနာက္မွာေတာ့ အဆိုပါအမ်ိဳးသားက လိင္ပိုင္းဆိုင္ရာႏွင့္ပက္သက္ၿပီး ေငြေပးမည္ျဖစ္ေၾကာင္း ” ေငြလိုခ်င္ရင္ ၊ ငါမင္းကို ေပးႏိုင္ပါတယ္ ” ဆိုၿပီး စာမ်ားေရးသားေပးပို႔လာပါတယ္ ။

အဆိုပါအမ်ိဳးသားရဲ႕လုပ္ရပ္ဟာ ေအာက္တန္က်လြန္းတဲ့အတြက္ လူအေတာ္မ်ားမ်ား ၎တို႔ရဲ႕ထင္ျမင္ခ်က္ေတြကိုေရးသားလာခဲ့ပါေတာ့တယ္ ။ Comment ေတြမွာေတာ့ ” ေယာက်ၤားေတြေတာင္ ေက်ာခ်မ္းသလို ခံစားရမယ္ဆိုရင္ ၊ တကယ့္မိန္းကေလးေတြသာဆိုရင္ ဘယ္လိုေနမွာလဲ.. ခံစားမိၾကလား ” ၊ ” အခုေတာ့ မိန္းကေလးေတြ တစ္ခ်ိန္လံုးခံစားေနရတဲ့အရာကို နားလည္သြားၿပီေပါ့ ” ဆိုၿပီးေတာ့လည္း ေရးသားခဲ့ၾကပါေသးတယ္ ။ လက္႐ွိအခ်ိန္မွာေတာ့ Hyekal ကို လိင္ပိုင္းဆိုင္ရာအေႏွာင့္အယွက္ေပးေနတဲ့ အဆိုပါအမ်ိဳးသားကို ဖမ္းဆီးအေရးယူႏိုင္ဖို႔ လူအမ်ားကေမ်ွာ္လင့္ေနလ်က္႐ွိၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိန်းကလေးဖြစ်ရတာ တကယ်ကိုမလွယ်ကူလှပါဘူး ။ အချို့သောမိန်းကလေးဆိုရင် online ပေါ် ဓာတ်ပုံ 2ပုံ 3ပုံလောက်တင်လိုက်တာနဲ့ အနှောင့်အယှက်ခံနေရတာမျိုးရှိပါတယ် ။ ဒီတစ်ခေါက်မှာလည်း Hyekal (@hyekalss)အမည်နဲ့ Twitter အသုံးပြုနေတဲ့ အမျိုးသားတစ်ယောက်ဟာ သူ၏ဓာတ်ပုံကို FaceApp သုံးပြီး editing ပြုလုပ်ပြီးနောက် online ပေါ်ဝေမျှခဲ့ပြီးနောက်မှာတော့ လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးခြင်းမျိုးခံခဲ့ရကြောင်း သူ၏အဖြစ်အပျက်ကိုဝေမျှခဲ့ပါတယ် ။ “ဒါကြောင့်လေ.. ငါ့ရဲ့မျက်နှာကို မိန်းကလေးလိုထပ်ပြီး edit လုပ်ဖို့ကို တော်တော်လေးကြောက်နေပြီ” ဆိုပြီး စာရေးသားကာ သူ့အဖြစ်အပျက်ကိုဖော်ပြခဲ့တာပါ ။

မိန်းကလေးပုံစံဓာတ်ပုံကို တင်လိုက်ပြီးနောက်မှာတော့ မယုံနိုင်လောက်အောင် အမျိုးသားတစ်ယောက်ဆီက လိင်ပိုင်းဆိုင်ရာနှင့်ပက်သက်ပြီး ပေးပို့လာသော message အများအပြားလက်ခံရရှိခဲ့ပါတယ် ။ အဆိုပါ message တွေကိုဘားမှ ပြန်မဖြေတဲ့နောက်မှာတော့ အဆိုပါအမျိုးသားက လိင်ပိုင်းဆိုင်ရာနှင့်ပက်သက်ပြီး ငွေပေးမည်ဖြစ်ကြောင်း ” ငွေလိုချင်ရင် ၊ ငါမင်းကို ပေးနိုင်ပါတယ် ” ဆိုပြီး စာများရေးသားပေးပို့လာပါတယ် ။

အဆိုပါအမျိုးသားရဲ့လုပ်ရပ်ဟာ အောက်တန်ကျလွန်းတဲ့အတွက် လူအတော်များများ ၎င်းတို့ရဲ့ထင်မြင်ချက်တွေကိုရေးသားလာခဲ့ပါတော့တယ် ။ Comment တွေမှာတော့ ” ယောင်္ကျားတွေတောင် ကျောချမ်းသလို ခံစားရမယ်ဆိုရင် ၊ တကယ့်မိန်းကလေးတွေသာဆိုရင် ဘယ်လိုနေမှာလဲ.. ခံစားမိကြလား ” ၊ ” အခုတော့ မိန်းကလေးတွေ တစ်ချိန်လုံးခံစားနေရတဲ့အရာကို နားလည်သွားပြီပေါ့ ” ဆိုပြီးတော့လည်း ရေးသားခဲ့ကြပါသေးတယ် ။ လက်ရှိအချိန်မှာတော့ Hyekal ကို လိင်ပိုင်းဆိုင်ရာအနှောင့်အယှက်ပေးနေတဲ့ အဆိုပါအမျိုးသားကို ဖမ်းဆီးအရေးယူနိုင်ဖို့ လူအများကမျှော်လင့်နေလျက်ရှိကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment