ဆိုးဆိုးရွားရွား ညစ်ပတ်ပေကျံလွန်းတဲ့ ခေါက်ဆွဲချက်စက်ရုံ ပိတ်သိမ်းခံခဲ့ရ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က မလေးရှားနိုင်ငံမှာရှိတဲ့ Dewan Bandaraya Kuala Lumpur(DBKL) ဆိုတဲ့အဖွဲ့ဟာ အစားအသောက်ကုန်တွေထုတ်လုပ်ဖြန့်ဖြူ းရာတွင် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းသပ်ရပ်မှုရှိ ၊ မရှိဆိုပြီး စက်ရုံတွေကိုဝင်ရောက်စစ်ဆေးခဲ့ပါတယ် ။ Jalan Segambut Selatan အနီးမှာရှိတဲ့ ခေါက်ဆွဲချက်စက်ရုံတစ်ခုကို ဝင်ရောက်စစ်ဆေးခဲ့ချိန်မှာတော့ မမျှော်လင့်ထားလောက်အောင် ညစ်ပတ်စုတ်ပြတ်လွန်းတဲ့အခြေအနေမျိုးနဲ့ကြုံတွေ့ခဲ့ရပါတယ် ။ စက်ရုံအတွင်းသို့ ဝင်ရောက်လိုက်တာနဲ့ ခေါက်ဆွဲကိုပြုလုပ်တယ် ၊ ဆေးကြောတယ် ပြီးတော့ အခြောက်ခံထားရတဲ့ နေရာတွေဟာ အတော်လေးကိုညစ်ပတ်နေပြီး ဆိုးဝါးလွန်းတဲ့ အနံအသက်တွေလည်းရရှိနေခဲ့တာပါ ။

ကြမ်းပြင်ပေါ်တွင်လည်း ကြွက်များပြေးလွှားနေကြတာကိုတွေ့မြင်ခဲ့ရတဲ့အပြင် ၊ အဆောက်အအုံထဲမှာ ကြွက်ချီးများကိုလည်း တွေ့ရှိခဲ့ကြပါသေးတယ် ။ အဆောက်အအုံအတွင်းရဲ့ ကြမ်းပြင်နဲ့ နံရံများဟာလည်း ညစ်ပတ်ပေကျံနေတဲ့အပြင် အလုပ်သမားများအသုံးပြုနေကြတဲ့ သန့်စင်ခန်းဟာလည်း မယုံနိုင်လောက်အောင် နံစော်ပြီးညစ်ပတ်လွန်းနေခဲ့တာပါ ။

ထို့အပြင် အလုပ်သမားများမှာလည်း တိုက်ဖွိုက်ရောဂါကာကွယ်ဆေးထိုးထားခြင်းမျိုးမရှိတဲ့အပြင် ၊ လုပ်ငန်းခွင်အတွင်း သန့်ရှင်းသပ်ရပ်အောင် ရှေ့ဖုံးခါးစည်း နှင့် ခေါင်းစွပ်ဦးထုပ်များကို ဝတ်ဆင်ထားခြင်းမျိုးလုံးဝမရှိပါဘူး ။ သန့်ရှင်းသပ်ရပ်မှုမရှိတဲ့အပြင် ဆိုးဝါးစွာညစ်ပတ်လွန်းလို့ အဆိုပါခေါက်ဆွဲစက်ရုံကို တာဝန်ရှိသူများက ပိတ်သိမ်းပစ်ခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

  • Leave a Comment