ႏွစ္ဖက္မိသားစုဝင္ေတြကို အသက္ေသဆံုးေစခဲ့ၿပီး ပြဲလာဧည့္သည္ေတြကို ဒုကၡေရာက္ေစခဲ့တဲ့ မဂၤလာပြဲ

ျဖစ္စဥ္ကေတာ့ အင္ဒိုနီး႐ွားႏိုင္ငံမွာ Covid -19 ေရာဂါကူးစက္မႈျမင့္မားေနခ်ိန္ ၊ Semarang ၿမိဳ႕မွာေနထိုင္စံုတြဲဟာ ၎တို႔ရဲ႕ မဂၤလာပြဲကိုက်င္းပခဲ့ပါတယ္ ။ အဆိုပါႏိုင္ငံရဲ႕ ဘာသာေရးအဖြဲ႔အစည္းက June 10 ရက္ေန႔ကေနစၿပီး မဂၤလာပြဲက်င္းပခြင့္ေပးခဲ့ေပမဲ့ ေနရာႏွင့္ပက္သက္ၿပီး လူဦးေရအကန္႔အသတ္ျဖင့္မဂၤလာပြဲက်င္းပခြင့္ေပးခဲ့တာပါ ။ မဂၤလာပြဲကိုေနအိမ္အတြင္းက်င္းပမယ္ဆိုရင္ေတာ့ ဧည့္သည္ 10 ဦးခန္႔သာ ခြင့္ျပဳထားၿပီး ၊ ႀကီးမားတဲ့ခန္းမေတြမွာ က်င္းပမယ္ဆိုရင္ေတာ့ လူ 20 ဦးအထိ လာေရာက္ခြင့္ျပဳထားပါတယ္ ။

သို႔ေပမဲ့လည္း အဆိုပါစံုတြဲဟာ ခြင့္ျပဳထားတဲ့လူအေရအတြက္ထက္ ေက်ာ္လြန္ၿပီး ဧည္သည္ေတြကိုဖိတ္ၾကားကာ မဂၤလာပြဲက်င္းပခဲ့တဲ့အတြက္ မဂၤလာပြဲသို႔လာေရာက္ခဲ့ၾကသူမ်ားဟာ ေနာက္ပိုင္းတစ္ဦးၿပီးတစ္ဦး ဖ်ားနာလာခဲ့ၾကပါေတာ့တယ္ ။ က်န္းမာေရးၫြန္ၾကားခ်က္အတိုင္း လိုက္နာျခင္းမ႐ွိတဲ့အျပင္ သတို႔သား၊သတို႔သမီးတို႔ဟာ လူအေယာက္ 30ထက္ေက်ာ္လြန္ၿပီး ဖိတ္ၾကားခဲ့ၾကတာျဖစ္ေၾကာင္း တာဝန္႐ွိသူေတြက ေျပာၾကားသြားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ မဂၤလာပြဲသို႔လာေရာက္ခဲ့ၾကသူေပါင္း 30ေက်ာ္ဟာလည္း Covid-19 ေရာဂါ ကူးစက္ျခင္းခံခဲ့ရပါတယ္ ။ ထို႔အျပင္ သတို႔သား၏မိခင္ ႏွင့္ သတို႔သမီး၏ညီမျဖစ္သူတို႔ဟာလည္း Covid-19 ကူးစက္ခံရမႈေၾကာင့္ အသက္ေသဆံုးသြားခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဖြစ်စဉ်ကတော့ အင်ဒိုနီးရှားနိုင်ငံမှာ Covid -19 ရောဂါကူးစက်မှုမြင့်မားနေချိန် ၊ Semarang မြို့မှာနေထိုင်စုံတွဲဟာ ၎င်းတို့ရဲ့ မင်္ဂလာပွဲကိုကျင်းပခဲ့ပါတယ် ။ အဆိုပါနိုင်ငံရဲ့ ဘာသာရေးအဖွဲ့အစည်းက June 10 ရက်နေ့ကနေစပြီး မင်္ဂလာပွဲကျင်းပခွင့်ပေးခဲ့ပေမဲ့ နေရာနှင့်ပက်သက်ပြီး လူဦးရေအကန့်အသတ်ဖြင့်မင်္ဂလာပွဲကျင်းပခွင့်ပေးခဲ့တာပါ ။ မင်္ဂလာပွဲကိုနေအိမ်အတွင်းကျင်းပမယ်ဆိုရင်တော့ ဧည့်သည် 10 ဦးခန့်သာ ခွင့်ပြုထားပြီး ၊ ကြီးမားတဲ့ခန်းမတွေမှာ ကျင်းပမယ်ဆိုရင်တော့ လူ 20 ဦးအထိ လာရောက်ခွင့်ပြုထားပါတယ် ။

သို့ပေမဲ့လည်း အဆိုပါစုံတွဲဟာ ခွင့်ပြုထားတဲ့လူအရေအတွက်ထက် ကျော်လွန်ပြီး ဧည်သည်တွေကိုဖိတ်ကြားကာ မင်္ဂလာပွဲကျင်းပခဲ့တဲ့အတွက် မင်္ဂလာပွဲသို့လာရောက်ခဲ့ကြသူများဟာ နောက်ပိုင်းတစ်ဦးပြီးတစ်ဦး ဖျားနာလာခဲ့ကြပါတော့တယ် ။ ကျန်းမာရေးညွန်ကြားချက်အတိုင်း လိုက်နာခြင်းမရှိတဲ့အပြင် သတို့သား၊သတို့သမီးတို့ဟာ လူအယောက် 30ထက်ကျော်လွန်ပြီး ဖိတ်ကြားခဲ့ကြတာဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောကြားသွားခဲ့ပါတယ် ။

ထို့ကြောင့် မင်္ဂလာပွဲသို့လာရောက်ခဲ့ကြသူပေါင်း 30ကျော်ဟာလည်း Covid-19 ရောဂါ ကူးစက်ခြင်းခံခဲ့ရပါတယ် ။ ထို့အပြင် သတို့သား၏မိခင် နှင့် သတို့သမီး၏ညီမဖြစ်သူတို့ဟာလည်း Covid-19 ကူးစက်ခံရမှုကြောင့် အသက်သေဆုံးသွားခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment