“ေပါင္ေပၚထိုင္ခ်င္တယ္”လို႔ ေတာင္းဆိုခဲ့တဲ့ကေလးငယ္ကို ပုတင္းေပါက္ေပၚကေနပစ္ခ်ခဲ့တဲ့ ပေထြး

ယူကရိန္းႏိုင္ငံ ၊ Bila Tserkva ၿမိဳ႕မွာေနထိုင္တဲ့ အသက္ 5ႏွစ္အရြယ္ Sergey အမည္႐ွိတဲ့ကေလးငယ္ဟာ TV ၾကၫ့္ေနတဲ့ ပေထြးကိုစိတ္အေႏွာင့္အယွက္ေပးမိလို႔ဆိုၿပီး တိုက္ခန္းရဲ႕ပုတင္ေပါက္ေပၚကေန ပစ္ခ်ျခင္းခံခဲ့ရပါတယ္ ။ သတင္းအရင္းအျမစ္အရ ကေလးငယ္ဟာေန႔ခင္း တစ္ေမွးအိပ္ၿပီး ထလာခဲ့ခ်ိန္မွာေတာ့ အသက္39ႏွစ္အရြယ္႐ွိေနၿပီျဖစ္တဲ့ ပေထြးျဖစ္သူကို ေပါင္ေပၚမွာထိုင္ပါရေစဆိုၿပီးေတာင္းဆိုခဲ့ပါတယ္ ။ TV ၾကည့္ေနတဲ့ပေထြးဟာ ကေလးငယ္ကိုတြန္းထုတ္ပစ္ခဲ့ေပမဲ့ ေနာက္တစ္ႀကိမ္ကေလးငယ္ထပ္ၿပီးေတာင္းဆိုလာခဲ့ခ်ိန္မွာေတာ့ သည္းမခံႏိုင္ေတာ့ဘဲ ကေလးငယ္ကိုကိုင္ဆြဲၿပီး ပုတင္းေပါက္ကေနပစ္ထုတ္ပစ္ခဲ့ပါေတာ့တယ္ ။ ကေလးငယ္ဟာ ေျမျပင္ေပၚသို႔ ေခါင္းျဖင့္အရင္က်သြားခဲ့ၿပီး ေခါင္းတြင္လည္း ေသြးမ်ားစြာထြက္ေနခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

အိမ္နီးခ်င္းျဖစ္တဲ့ Inna Bieva အမည္႐ွိတဲ့ အမ်ိဳးသမီးရဲ႕ေျပာျပခ်က္အရ ” မွန္ကြဲတဲ့အသံၾကားၿပီးေတာ့ ကေလးငိုသံကိုထပ္ၾကားခဲ့တယ္ ၊ ပုတင္းေပါက္ကေန ကြၽန္မၾကည့္လိုက္ခ်ိန္မွာေတာ့ ကေလးငယ္ကိုေတြ႔႐ွိခဲ့တာပါ ၊ ကေလးငယ္က ႏိုင္လြန္ကတၱရာလမ္းေပၚ ေသြးေတြနဲ႔ လဲက်ေနပါတယ္ ၊ ေခါင္းကလည္း ကြဲသြားပံုရၿပီး ေနာက္ေတာ့ ကြၽန္မ လူနာတင္ကားကိုေခၚေပးၿပီး ရဲစခန္းကိုအေၾကာင္းၾကားေပးခဲ့ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။

ထို႔အျပင္ မ်က္ျမင္သက္ေသေတြရဲ႕ေျပာျပခ်က္အရ လူနာတင္ကားေရာက္မလာခင္ ကေလးငယ္ရဲ႕မိခင္ဟာ ကေလးငယ္ကိုအိမ္ထဲသို႔အလ်င္အျမန္ေပြ႔ခ်ီသြားခဲ့ၿပီးေနာက္ ၊ အဆိုပါ မေတာ္တဆမႈကို ဖုံးကြယ္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။ ေဆးဖက္အကူေတြေရာက္႐ွိလာခ်ိန္မွာေတာ့ မိခင္ျဖစ္သူက အိမ္ထဲဝင္ခြင့္မေပးခဲ့လို႔ ရဲအရာ႐ွိမ်ားက ပုတင္းေပါက္ေတြဖ်က္ၿပီး အိမ္အတြင္း႐ွိေကာင္ေလးကို ဝင္ေရာက္ကယ္ထုတ္ေပးခဲ့ရပါတယ္ ။ ပေထြးျဖစ္သူမွာေတာ့ အခင္းျဖစ္ပြားရာေနရာတြင္သာ ဖမ္းဆီးအေရးယူျခင္းခံခဲ့ရပါတယ္ ။ Sergey တြင္ေနာက္ထပ္ အမႊာညီတစ္ေယာက္႐ွိခဲ့ၿပီး ၊ အဆိုပါအျဖစ္အပ်က္ရဲ႕ မ်က္ျမင္သက္ေသတစ္ဦးလည္းျဖစ္ခဲ့ပါတယ္ ။ ပေထြးျဖစ္သူမွာေတာ့ ေထာင္ဒဏ္ 15ႏွစ္ႏွင့္အထက္ ခ်မွတ္ခံရႏိုင္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:The Sun

Unicode

ယူကရိန်းနိုင်ငံ ၊ Bila Tserkva မြို့မှာနေထိုင်တဲ့ အသက် 5နှစ်အရွယ် Sergey အမည်ရှိတဲ့ကလေးငယ်ဟာ TV ကြည့်နေတဲ့ ပထွေးကိုစိတ်အနှောင့်အယှက်ပေးမိလို့ဆိုပြီး တိုက်ခန်းရဲ့ပုတင်ပေါက်ပေါ်ကနေ ပစ်ချခြင်းခံခဲ့ရပါတယ် ။ သတင်းအရင်းအမြစ်အရ ကလေးငယ်ဟာနေ့ခင်း တစ်မှေးအိပ်ပြီး ထလာခဲ့ချိန်မှာတော့ အသက်39နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ပထွေးဖြစ်သူကို ပေါင်ပေါ်မှာထိုင်ပါရစေဆိုပြီးတောင်းဆိုခဲ့ပါတယ် ။ TV ကြည့်နေတဲ့ပထွေးဟာ ကလေးငယ်ကိုတွန်းထုတ်ပစ်ခဲ့ပေမဲ့ နောက်တစ်ကြိမ်ကလေးငယ်ထပ်ပြီးတောင်းဆိုလာခဲ့ချိန်မှာတော့ သည်းမခံနိုင်တော့ဘဲ ကလေးငယ်ကိုကိုင်ဆွဲပြီး ပုတင်းပေါက်ကနေပစ်ထုတ်ပစ်ခဲ့ပါတော့တယ် ။ ကလေးငယ်ဟာ မြေပြင်ပေါ်သို့ ခေါင်းဖြင့်အရင်ကျသွားခဲ့ပြီး ခေါင်းတွင်လည်း သွေးများစွာထွက်နေခဲ့ကြောင်း သိရှိရပါတယ် ။

အိမ်နီးချင်းဖြစ်တဲ့ Inna Bieva အမည်ရှိတဲ့ အမျိုးသမီးရဲ့ပြောပြချက်အရ ” မှန်ကွဲတဲ့အသံကြားပြီးတော့ ကလေးငိုသံကိုထပ်ကြားခဲ့တယ် ၊ ပုတင်းပေါက်ကနေ ကျွန်မကြည့်လိုက်ချိန်မှာတော့ ကလေးငယ်ကိုတွေ့ရှိခဲ့တာပါ ၊ ကလေးငယ်က နိုင်လွန်ကတ္တရာလမ်းပေါ် သွေးတွေနဲ့ လဲကျနေပါတယ် ၊ ခေါင်းကလည်း ကွဲသွားပုံရပြီး နောက်တော့ ကျွန်မ လူနာတင်ကားကိုခေါ်ပေးပြီး ရဲစခန်းကိုအကြောင်းကြားပေးခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။

ထို့အပြင် မျက်မြင်သက်သေတွေရဲ့ပြောပြချက်အရ လူနာတင်ကားရောက်မလာခင် ကလေးငယ်ရဲ့မိခင်ဟာ ကလေးငယ်ကိုအိမ်ထဲသို့အလျင်အမြန်ပွေ့ချီသွားခဲ့ပြီးနောက် ၊ အဆိုပါ မတော်တဆမှုကို ဖုံးကွယ်ဖို့ကြိုးစားခဲ့ပါတယ် ။ ဆေးဖက်အကူတွေရောက်ရှိလာချိန်မှာတော့ မိခင်ဖြစ်သူက အိမ်ထဲဝင်ခွင့်မပေးခဲ့လို့ ရဲအရာရှိများက ပုတင်းပေါက်တွေဖျက်ပြီး အိမ်အတွင်းရှိကောင်လေးကို ဝင်ရောက်ကယ်ထုတ်ပေးခဲ့ရပါတယ် ။ ပထွေးဖြစ်သူမှာတော့ အခင်းဖြစ်ပွားရာနေရာတွင်သာ ဖမ်းဆီးအရေးယူခြင်းခံခဲ့ရပါတယ် ။ Sergey တွင်နောက်ထပ် အမွှာညီတစ်ယောက်ရှိခဲ့ပြီး ၊ အဆိုပါအဖြစ်အပျက်ရဲ့ မျက်မြင်သက်သေတစ်ဦးလည်းဖြစ်ခဲ့ပါတယ် ။ ပထွေးဖြစ်သူမှာတော့ ထောင်ဒဏ် 15နှစ်နှင့်အထက် ချမှတ်ခံရနိုင်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment