Online ပေါ်မှာရောင်းချနေတဲ့ ‘ပူတင်း’ ကိုဝယ်စားမိခဲ့လို့ လူအမြောက်အမြားအစာအဆိပ်သင့်ပြီးသေဆုံးခဲ့ရတဲ့အဖြစ်




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ မေလ 22ရက်နေ့က မလေးရှားနိုင်ငံ ၊ Terengganu ပြည်နယ်မှာရှိတဲ့ လူပေါင်း 99ဦးဟာ online ပေါ်မှာရောင်းချနေတဲ့ ‘ပူတင်း’ကိုမှာယူစားသောက်မိခဲ့လို့ အစာအဆိပ်သင့်ခဲ့ရပါတယ် ။ အဆိုပါ ပူတင်းထဲတွင် သက်တမ်းကုန်နေပြီဖြစ်တဲ့ ကြက်ဥတွေအသုံးပြုပြီး ပြုလုပ်ထားခဲ့တာဖြစ်လို့ ကံဆိုးစွာနဲ့ပဲ အစာအဆိပ်သင့်သူတွေထဲမှ အသက် 25 နှစ်အရွယ် မိန်းကလေးဟာ အသက်သေဆုံးသွားခဲ့ရပါတယ် ။ အဆိုပါ လူပေါင်း 99ဦးဟာ “ပူတင်း” ကိုမှာယူစားသောက်ပြီးခဲ့ကြပြီးနောက် အော့အန်ပြီး ဖျားနာခဲ့ကြတာဖြစ်ကြောင်း ကျန်းမာရေးဝန်ထမ်းများက ရှင်းပြခဲ့ပါတယ် ။

မှာယူစားသောက်ခဲ့တဲ့ မိသားစုပေါင်း 20စု မှ လူပေါင်း 77 ဦးဟာ Kuala Terengganu မြို့မှဖြစ်ပြီး ၊ ကျန် 22ဦးမှာတော့ Marang မှဖြစ်ကြောင်း သိရှိရပါတယ် ။

မေလ 31 ရက်နေ့က ကျန်းမာရေးဝန်ကြီးဋ္ဌာနရဲ့ပြောကြားချက်အရ 2ပတ်ကျော်သက်တမ်းကုန်ဆုံးသွားပြီဖြစ်တဲ့ ကြက်ဥကိုအသုံးပြုပြီး ပူတင်းပြုလုပ်ခဲ့တာဖြစ်တဲ့အတွက် ယခုလိုအဆိပ်သင့်ခဲ့ရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ် ။ ဒါကြောင့် ဟင်းချက်ပြုတ်မယ်ဆိုရင်အသုံးပြုမဲ့ကြက်ဥဟာ သက်တမ်းကုန်နေပြီလား ၊ အတော်လေးကြာနေပြီလား ဆိုတာကိုအရင်ဆုံးစစ်ဆေးကြည့်ရမှာပါ ။

Jasmine (Mckzone Daily)

  • Leave a Comment