Crush ေနရတဲ့ေကာင္မေလးက ကိုယ့္ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔တြဲသြားလို႔ ကိုယ့္ကိုသတ္ေသဖို႔ႀကိဳးစားခဲ့တဲ့ ေက်ာင္းသား

ၿပီးခဲ့တဲ့ March 12ရက္ေန႔က 13ႏွစ္အရြယ္ေက်ာင္းသားတစ္ေယာက္ဟာ သူတစ္ဖက္သတ္ခ်စ္ေနခဲ့ရတဲ့ေကာင္မေလးကို ဖြင့္ေျပာခဲ့ေပမဲ့လည္း ျငင္းပယ္ခံခဲ့ရလို႔ဆိုၿပီး ေက်ာင္းေခါင္မိုးေပၚတက္ၿပီးကိုယ့္ကိုအဆံုးစီရင္ဖို႔ႀကိဳးစားခဲ့ပါတယ္ ။အဆိုပါ အျဖစ္အပ်က္ဟာ မေလး႐ွားႏိုင္ငံ ၊ Selangor ျပည္နယ္မွာ႐ွိတဲ့ ေက်ာင္းတစ္ေက်ာင္းမွာ ေန႔လယ္ 1နာရီအခ်ိန္ခန္႔က ျဖစ္ပြားခဲ့ျခင္းျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။သတင္းအရင္းအျမစ္အရ အဆိုပါေက်ာင္းသားေလးဟာ သူခ်စ္ႀကိဳက္ေနခဲ့တဲ့ေကာင္မေလးကို အေစာကတည္းကဖြင့္ေျပာခဲ့ေပမဲ့လည္း ေကာင္မေလးဟာ သူမခ်စ္ခင္ေနရတဲ့အျခားေက်ာင္းသားတစ္ေယာက္႐ွိေၾကာင္း ေျပာျပၿပီးျငင္းပယ္ခဲ့၍ မယံုၾကည္ႏိုင္ျဖစ္ခဲ့ၿပီး မခံစားႏိုင္ေတာ့ဘဲ ေက်ာင္းေခါင္မိုးေပၚတက္ၿပီးကိုယ့္ကိုအဆံုးစီရင္ဖို႔မႀကိဳးစားခင္မွာ ေသတမ္းစာေရသားခဲ့ပါေသးတယ္ ။

ေသတမ္းစာထဲမွာေတာ့ ” ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႔ရန္ျဖစ္ၿပီးေတာ့ ကြၽန္ေတာ္ကိုယ့္ကိုသတ္ေသခ်င္ခဲ့ပါတယ္ ။ သူကအခုကြၽန္ေတာ္ခ်စ္ေနရတဲ့ေကာင္မေလးနဲ႔ တြဲေနတာပါ ။ ကြၽန္ေတာ့္ရဲ႕ႏွလံုးသားက နာက်င္ေနရပါတယ္ ၿပီးေတာ့ ဒီအေၾကာင္းေတြကို ကြၽန္ေတာ့္သူငယ္ခ်င္းအခ်ိဳ႕ကိုေတာ့ ေျပာျပခဲ့ပါတယ္ ။ သူတို႔ေတြ ကြၽန္ေတာ့္ကို ကိုယ့္ကိုမသတ္ေသဖို႔ တားျမစ္ခဲ့ၾကေပမဲ့လည္း ကြၽန္ေတာ္တအားကိုခံစားေနရလို႔ပါ ။ အဲ့ေၾကာင့္ ကြၽန္ေတာ္ကိုယ့္ကိုသတ္ေသဖို႔ ေရြးခ်ယ္ခဲ့ပါတယ္ ” ဆိုၿပီး ေသတမ္းစားထဲမွာ ေရးသားထားခဲ့ပါတယ္ ။

မီးသတ္သမားမ်ားႏွင့္ ကယ္ဆယ္ေရးအဖြဲ႔ဝင္မ်ားက ေန႔ခင္း 1:12 မိနစ္အခ်ိန္တြင္ တိုင္ၾကားခ်က္ရ႐ွိခဲ့ၿပီးေနာက္ အမွန္တကယ္ကိုကိုယ့္ကိုသတ္ေသဖို႔ၾကံစည္ခဲ့ျခင္းျဖစ္ေၾကာင္းလည္း အတည္ျပဳခဲ့ၾကပါတယ္ ။ ကံေကာင္းစြာနဲ႔ပဲ မီးသတ္သမားမ်ားက အဆိုပါေက်ာင္းသားကို တားျမစ္ခဲ့ၾကၿပီးေျဖာင္းျဖႏိုင္ခဲ့ၾကပါတယ္ ။ရဲအရာ႐ွိေတြရဲ႕ ေျပာျပခ်က္အရ အဆိုပါေက်ာင္းသားေလးကိုကယ္ဆယ္ဖို႔ နာရီဝက္ခန္႔အခ်ိန္ယူခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။ ‘ေက်ာင္းသားေလးဟာ ကယ္ဆယ္ေရးလုပ္ငန္းလုပ္ေနခ်ိန္မွာ လက္ေမာင္းမွာပြန္းပဲ့ဒဏ္ရာအနည္းငယ္သာရ႐ွိၿပီး ကုသမႈခံယူဖို႔အတြက္ Banting ေဆးရံုသို႔ပို႔ေဆာင္ေပးခဲ့ေၾကာင္း ‘ ရဲအရာ႐ွိတစ္ဦးမွ ေျပာဆိုခဲ့ပါတယ္ ။အဆိုပါေက်ာင္းသားဟာ ေက်ာင္းတြင္း ေအးေအးေဆးေဆးသာေနထိုင္တတ္သူျဖစ္ၿပီး ျပသာနာ႐ွာျခင္းမ်ိဳးလည္းမ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။အေတာ္ေလးကို ဝမ္းနည္းေသာကေရာက္ခဲ့ရလို႔ စိတ္မထိန္းႏိုင္ေတာ့ဘဲ ကိုယ့္ကိုသတ္ေသဖို႔ဆံုးျဖတ္ခဲ့ျခင္းျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ March 12ရက်နေ့က 13နှစ်အရွယ်ကျောင်းသားတစ်ယောက်ဟာ သူတစ်ဖက်သတ်ချစ်နေခဲ့ရတဲ့ကောင်မလေးကို ဖွင့်ပြောခဲ့ပေမဲ့လည်း ငြင်းပယ်ခံခဲ့ရလို့ဆိုပြီး ကျောင်းခေါင်မိုးပေါ်တက်ပြီးကိုယ့်ကိုအဆုံးစီရင်ဖို့ကြိုးစားခဲ့ပါတယ် ။အဆိုပါ အဖြစ်အပျက်ဟာ မလေးရှားနိုင်ငံ ၊ Selangor ပြည်နယ်မှာရှိတဲ့ ကျောင်းတစ်ကျောင်းမှာ နေ့လယ် 1နာရီအချိန်ခန့်က ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။သတင်းအရင်းအမြစ်အရ အဆိုပါကျောင်းသားလေးဟာ သူချစ်ကြိုက်နေခဲ့တဲ့ကောင်မလေးကို အစောကတည်းကဖွင့်ပြောခဲ့ပေမဲ့လည်း ကောင်မလေးဟာ သူမချစ်ခင်နေရတဲ့အခြားကျောင်းသားတစ်ယောက်ရှိကြောင်း ပြောပြပြီးငြင်းပယ်ခဲ့၍ မယုံကြည်နိုင်ဖြစ်ခဲ့ပြီး မခံစားနိုင်တော့ဘဲ ကျောင်းခေါင်မိုးပေါ်တက်ပြီးကိုယ့်ကိုအဆုံးစီရင်ဖို့မကြိုးစားခင်မှာ သေတမ်းစာရေသားခဲ့ပါသေးတယ် ။

သေတမ်းစာထဲမှာတော့ ” ကျွန်တော့်သူငယ်ချင်းနဲ့ရန်ဖြစ်ပြီးတော့ ကျွန်တော်ကိုယ့်ကိုသတ်သေချင်ခဲ့ပါတယ် ။ သူကအခုကျွန်တော်ချစ်နေရတဲ့ကောင်မလေးနဲ့ တွဲနေတာပါ ။ ကျွန်တော့်ရဲ့နှလုံးသားက နာကျင်နေရပါတယ် ပြီးတော့ ဒီအကြောင်းတွေကို ကျွန်တော့်သူငယ်ချင်းအချို့ကိုတော့ ပြောပြခဲ့ပါတယ် ။ သူတို့တွေ ကျွန်တော့်ကို ကိုယ့်ကိုမသတ်သေဖို့ တားမြစ်ခဲ့ကြပေမဲ့လည်း ကျွန်တော်တအားကိုခံစားနေရလို့ပါ ။ အဲ့ကြောင့် ကျွန်တော်ကိုယ့်ကိုသတ်သေဖို့ ရွေးချယ်ခဲ့ပါတယ် ” ဆိုပြီး သေတမ်းစားထဲမှာ ရေးသားထားခဲ့ပါတယ် ။

မီးသတ်သမားများနှင့် ကယ်ဆယ်ရေးအဖွဲ့ဝင်များက နေ့ခင်း 1:12 မိနစ်အချိန်တွင် တိုင်ကြားချက်ရရှိခဲ့ပြီးနောက် အမှန်တကယ်ကိုကိုယ့်ကိုသတ်သေဖို့ကြံစည်ခဲ့ခြင်းဖြစ်ကြောင်းလည်း အတည်ပြုခဲ့ကြပါတယ် ။ ကံကောင်းစွာနဲ့ပဲ မီးသတ်သမားများက အဆိုပါကျောင်းသားကို တားမြစ်ခဲ့ကြပြီးဖြောင်းဖြနိုင်ခဲ့ကြပါတယ် ။ရဲအရာရှိတွေရဲ့ ပြောပြချက်အရ အဆိုပါကျောင်းသားလေးကိုကယ်ဆယ်ဖို့ နာရီဝက်ခန့်အချိန်ယူခဲ့ရကြောင်း သိရှိရပါတယ် ။ ‘ကျောင်းသားလေးဟာ ကယ်ဆယ်ရေးလုပ်ငန်းလုပ်နေချိန်မှာ လက်မောင်းမှာပွန်းပဲ့ဒဏ်ရာအနည်းငယ်သာရရှိပြီး ကုသမှုခံယူဖို့အတွက် Banting ဆေးရုံသို့ပို့ဆောင်ပေးခဲ့ကြောင်း ‘ ရဲအရာရှိတစ်ဦးမှ ပြောဆိုခဲ့ပါတယ် ။အဆိုပါကျောင်းသားဟာ ကျောင်းတွင်း အေးအေးဆေးဆေးသာနေထိုင်တတ်သူဖြစ်ပြီး ပြသာနာရှာခြင်းမျိုးလည်းမရှိကြောင်း သိရှိရပါတယ် ။အတော်လေးကို ဝမ်းနည်းသောကရောက်ခဲ့ရလို့ စိတ်မထိန်းနိုင်တော့ဘဲ ကိုယ့်ကိုသတ်သေဖို့ဆုံးဖြတ်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "Crush ေနရတဲ့ေကာင္မေလးက ကိုယ့္ရဲ႕အခ်စ္ဆံုးသူငယ္ခ်င္းနဲ႔တြဲသြားလို႔ ကိုယ့္ကိုသတ္ေသဖို႔ႀကိဳးစားခဲ့တဲ့ ေက်ာင္းသား"

Leave a comment

Your email address will not be published.


*