သမီးျဖစ္သူကိုသြားလည္ရင္း မထင္ထားတဲ့အျဖစ္အပ်က္မ်ိဳးနဲ႔ အဆံုးသတ္သြားခဲ့တဲ့ အဘြားအို

ၿပီးခဲ့တဲ့ ေမလ 28 ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Serdang ၿမိဳ႕မွာေနထိုင္တဲ့ Lim Sai Lung အမည္႐ွိတဲ့ အဘြားအိုဟာ သမီးအိမ္ကိုသြားေရာက္လည္ပတ္ဖို႔ ေနအိမ္ကေနထြက္သြားရင္းနဲ႔ ေပ်ာက္ကြယ္သြားခဲ့ပါတယ္ ။ June 5 ရက္ေန႔မွာမွ အဆိုပါအသက္ 76 ႏွစ္အရြယ္ အဘြားအိုရဲ႕႐ုပ္အေလာင္းကို ေနအိမ္ရဲ႕ 100metres အကြာအေဝးမွာ႐ွိတဲ့ လမ္းမႀကီးေဘးအနီးမွာ႐ွိတဲ့ ေရေျမာင္းတစ္ခုအတြင္းမွာ ေတြ႔႐ွိခဲ့ပါတယ္ ။ အဆိုပါ ပတ္ဝန္းက်င္အနီးအနားမွာ ေနထိုင္ေနၾကတဲ့သူေတြကေတာ့ လြန္းခဲ့တဲ့ 3ရက္ခန္႔ကတည္းက ေရေျမာင္းထဲမွအနံ႔ဆိုးေတြ ရ႐ွိခဲ့ေပမဲ့လည္း ေရေျမာင္းကညစ္ပတ္ေနလို႔ အနံ႔ထြက္တယ္လို႔သာ သာမွန္ေတြးထင္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း အဘြားအိုေပ်ာက္ဆံုးေနတဲ့ သတင္း ႏွင့္ ေရေျမာင္းပုပ္နံထြက္ေနတဲ့ အေၾကာင္းကိုဆက္စပ္မိၿပီး ေရေျမာင္ထဲသို႔ လက္ႏွိပ္ဓာတ္မီးနဲ႔ ထိုးၾကည့္ခဲ့ခ်ိန္မွာေတာ့ လက္တစ္ဖက္ကို ေတြ႔႐ွိခဲ့ပါေတာ့တယ္ ။

ေရေျမာင္းအဖံုးကို ဖယ္ထုတ္ပစ္ၿပီးေနာက္ပိုင္းမွာေတာ့ ႐ုပ္အေလာင္းကိုေတြ႔႐ွိခဲ့တဲ့အျပင္ အဆိုပါ႐ုပ္အေလာင္းဟာ အဘြားအို Lim ၏႐ုပ္အေလာင္းျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္ ။ အဘြားအိုရဲ႕မိသားစုဝင္မ်ားကလည္း အခင္းျဖစ္ပြားရာေနရာသို႔ ေရာက္႐ွိခဲ့ၿပီး အဘြားအိုရဲ႕အဝတ္အစား ၊ ဖိနပ္မ်ားကိုပါ ေတြ႔႐ွိခဲ့တဲ့အတြက္ အဘြားအိုရဲ႕႐ုပ္အေလာင္းျဖစ္ေၾကာင္း အတည္ျပဳႏိုင္ခဲ့ပါတယ္ ။

အဘြားအိုရဲ႕ေျမးမေလးကေတာ့ ” အဘြားကို႐ွာေတြ႔ပါၿပီ ၊ အဘြားကို႐ွာေတြ႔ေအာင္ post ေတြ share ေပးတဲ့သူအကုန္လံုးကို ေက်းဇူးတင္ပါတယ္ ” ဆိုၿပီး ေရးသားကာ Facebook စာမ်က္ႏွာေပၚတြင္ ေဝမ်ွခဲ့ပါတယ္ ။ အခ်ိဳ႕ေသာ သူမ်ားကေတာ့ အဘြားအိုဟာ စိတ္ေဖာက္ျပန္မႈ႐ွိေနသူ ၊ အျခားေသာ က်န္းမာေရးအေျခအေနေတြ မေကာင္းသူဆိုၿပီး ေဝဖန္းေရးသားခဲ့ၾကေပမဲ့ အဘြားအိုရဲ႕မိသားစုဝင္ေတြကေတာ့ အဘြားအိုဟာ မည္သည့္ေရာဂါမ်ိဳးမွမ႐ွိဘဲ ၊ က်န္းမာေရးေကာင္းမြန္သူျဖစ္ေၾကာင္း ျပန္လည္ေျဖ႐ွင္းေျပာၾကားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ မေလ 28 ရက်နေ့က မလေးရှားနိုင်ငံ ၊ Serdang မြို့မှာနေထိုင်တဲ့ Lim Sai Lung အမည်ရှိတဲ့ အဘွားအိုဟာ သမီးအိမ်ကိုသွားရောက်လည်ပတ်ဖို့ နေအိမ်ကနေထွက်သွားရင်းနဲ့ ပျောက်ကွယ်သွားခဲ့ပါတယ် ။ June 5 ရက်နေ့မှာမှ အဆိုပါအသက် 76 နှစ်အရွယ် အဘွားအိုရဲ့ရုပ်အလောင်းကို နေအိမ်ရဲ့ 100metres အကွာအဝေးမှာရှိတဲ့ လမ်းမကြီးဘေးအနီးမှာရှိတဲ့ ရေမြောင်းတစ်ခုအတွင်းမှာ တွေ့ရှိခဲ့ပါတယ် ။ အဆိုပါ ပတ်ဝန်းကျင်အနီးအနားမှာ နေထိုင်နေကြတဲ့သူတွေကတော့ လွန်းခဲ့တဲ့ 3ရက်ခန့်ကတည်းက ရေမြောင်းထဲမှအနံ့ဆိုးတွေ ရရှိခဲ့ပေမဲ့လည်း ရေမြောင်းကညစ်ပတ်နေလို့ အနံ့ထွက်တယ်လို့သာ သာမှန်တွေးထင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း အဘွားအိုပျောက်ဆုံးနေတဲ့ သတင်း နှင့် ရေမြောင်းပုပ်နံထွက်နေတဲ့ အကြောင်းကိုဆက်စပ်မိပြီး ရေမြောင်ထဲသို့ လက်နှိပ်ဓာတ်မီးနဲ့ ထိုးကြည့်ခဲ့ချိန်မှာတော့ လက်တစ်ဖက်ကို တွေ့ရှိခဲ့ပါတော့တယ် ။

ရေမြောင်းအဖုံးကို ဖယ်ထုတ်ပစ်ပြီးနောက်ပိုင်းမှာတော့ ရုပ်အလောင်းကိုတွေ့ရှိခဲ့တဲ့အပြင် အဆိုပါရုပ်အလောင်းဟာ အဘွားအို Lim ၏ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။ အဘွားအိုရဲ့မိသားစုဝင်များကလည်း အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့ပြီး အဘွားအိုရဲ့အဝတ်အစား ၊ ဖိနပ်များကိုပါ တွေ့ရှိခဲ့တဲ့အတွက် အဘွားအိုရဲ့ရုပ်အလောင်းဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ် ။

အဘွားအိုရဲ့မြေးမလေးကတော့ ” အဘွားကိုရှာတွေ့ပါပြီ ၊ အဘွားကိုရှာတွေ့အောင် post တွေ share ပေးတဲ့သူအကုန်လုံးကို ကျေးဇူးတင်ပါတယ် ” ဆိုပြီး ရေးသားကာ Facebook စာမျက်နှာပေါ်တွင် ဝေမျှခဲ့ပါတယ် ။ အချို့သော သူများကတော့ အဘွားအိုဟာ စိတ်ဖောက်ပြန်မှုရှိနေသူ ၊ အခြားသော ကျန်းမာရေးအခြေအနေတွေ မကောင်းသူဆိုပြီး ဝေဖန်းရေးသားခဲ့ကြပေမဲ့ အဘွားအိုရဲ့မိသားစုဝင်တွေကတော့ အဘွားအိုဟာ မည်သည့်ရောဂါမျိုးမှမရှိဘဲ ၊ ကျန်းမာရေးကောင်းမွန်သူဖြစ်ကြောင်း ပြန်လည်ဖြေရှင်းပြောကြားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment