နာရီေပါင္း 88နာရီၾကာသည္အထိ မရပ္မနားတမ္း စာသင္ၾကားပို႔ခ်ခဲ့တဲ့ ေက်ာင္းဆရာ

မေလး႐ွားႏုိင္ငံမွာ ေနထိုင္တဲ့ Dr Elanthevan အမည္႐ွိတဲ့ အသက္ 57ႏွစ္အရြယ္ မေလးဘာသာစာေပသင္ၾကားပို႔ခ်ေနတဲ့ ေက်ာင္းဆရာဟာ လြန္ခဲ့တဲ့ 15 ႏွစ္ခန္႔က ကမာၻ့စံခ်ိန္တစ္ခုကိုခ်ိဳးႏိုင္ခဲ့ပါတယ္ ။ အဲဒါကေတာ့ မေလးဘာသာကို နာရီေပါင္း 88နာရီၾကာသည္အထိ မရပ္မနားတမ္းသင္ၾကားပို႔ခ်ခဲ့တဲ့အတြက္ Guinness World Book မွာ သူ၏နာမည္ပါဝင္လာခဲ့ပါတယ္ ။ ထို႔အျပင္ Dr Elanthevan ဟာ မေလး႐ွားႏိုင္ငံမွာ ပထမဦးဆံုးေသာ 24နာရီၾကာသည္အထိ မရပ္မနားတမ္းစာသင္ၾကားပို႔ခ်ခဲ့တဲ့ စံခ်ိန္ကိုလည္း ခ်ိဳးထားႏိုင္သူျဖစ္ပါတယ္ ။

Dr Elanthevan ကိုေတြ႔ဆံုၿပီး ေမးျမန္းခဲ့ခ်ိန္မွာေတာ့ သူ၏ဆရာဝန္က သူ႔မွာေသြးတိုးေရာဂါ႐ွိေနလို႔ ယခုလိုစြန္႔စားမႈေတြမျပဳလုပ္ဖို႔ တားျမစ္ထားေပမဲ့လည္း “ကြၽန္ေတာ္ စာသင္ၾကားပို႔ခ်ရတာ ဘယ္ေလာက္ထိႏွစ္သက္သေဘာက်လဲဆိုတာကိုျပခ်င္လို႔ ဒီလိုဆံုးျဖတ္ခ်က္မ်ိဳးခ်ခဲ့တာပါ ” ဆိုၿပီးေတာ့ သူ၏အျဖစ္အပ်က္ကို ျပန္လည္ေျပာျပခဲ့ပါတယ္ ။

Dr Elanthevan ဟာ မေလးဘာသာဆရာတစ္ေယာက္အေနနဲ႔ တာဝန္ထမ္းေဆာင္ခဲ့တာ 37 ႏွစ္ခန္႔႐ွိေနၿပီျဖစ္ၿပီး ၊ ယခုခ်ိန္မွာေတာ့ ကိုယ္ပိုင္ Youtube channel ကိုေထာင္ထားသူလည္းျဖစ္ပါတယ္ ။ သူ၏ Youtube channel တြင္လည္း ေက်ာင္းသားမ်ားအတြက္ မေလးဘာသာကို အလြယ္ကူဆံုးနည္းလမ္းျဖင့္ နားလည္လြယ္ေအာင္ သင္ၾကားပို႔ခ်ေပးထားတဲ့အျပင္ ၊ မေလးဘာသာႏွင့္ပက္သက္ၿပီး သိလိုတာ႐ွိရင္လည္း သူ႔ကိုအခ်ိန္မေရြးဆက္သြယ္ေျပာဆိုႏိုင္ေၾကာင္း ၊ အျမဲလိုအပ္သူေတြကို ကူညီသြားမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ေလးစားဖြယ္ရာေကာင္းလြန္တဲ့ ေက်ာင္းဆရာတစ္ဦးရဲ႕ စိတ္ဓာတ္ကေတာ့ သူ၏တပည့္ေတြဟာ သူ႔ထက္ေတာ္တတ္ျပီး ပိုမိုထက္ျမတ္ကာ ေအာင္ျမင္တဲ့သူမ်ားသာ ျဖစ္ေစလိုေၾကာင္း ေျပာျပသြားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာ နေထိုင်တဲ့ Dr Elanthevan အမည်ရှိတဲ့ အသက် 57နှစ်အရွယ် မလေးဘာသာစာပေသင်ကြားပို့ချနေတဲ့ ကျောင်းဆရာဟာ လွန်ခဲ့တဲ့ 15 နှစ်ခန့်က ကမ္ဘာ့စံချိန်တစ်ခုကိုချိုးနိုင်ခဲ့ပါတယ် ။ အဲဒါကတော့ မလေးဘာသာကို နာရီပေါင်း 88နာရီကြာသည်အထိ မရပ်မနားတမ်းသင်ကြားပို့ချခဲ့တဲ့အတွက် Guinness World Book မှာ သူ၏နာမည်ပါဝင်လာခဲ့ပါတယ် ။ ထို့အပြင် Dr Elanthevan ဟာ မလေးရှားနိုင်ငံမှာ ပထမဦးဆုံးသော 24နာရီကြာသည်အထိ မရပ်မနားတမ်းစာသင်ကြားပို့ချခဲ့တဲ့ စံချိန်ကိုလည်း ချိုးထားနိုင်သူဖြစ်ပါတယ် ။

Dr Elanthevan ကိုတွေ့ဆုံပြီး မေးမြန်းခဲ့ချိန်မှာတော့ သူ၏ဆရာဝန်က သူ့မှာသွေးတိုးရောဂါရှိနေလို့ ယခုလိုစွန့်စားမှုတွေမပြုလုပ်ဖို့ တားမြစ်ထားပေမဲ့လည်း “ကျွန်တော် စာသင်ကြားပို့ချရတာ ဘယ်လောက်ထိနှစ်သက်သဘောကျလဲဆိုတာကိုပြချင်လို့ ဒီလိုဆုံးဖြတ်ချက်မျိုးချခဲ့တာပါ ” ဆိုပြီးတော့ သူ၏အဖြစ်အပျက်ကို ပြန်လည်ပြောပြခဲ့ပါတယ် ။

Dr Elanthevan ဟာ မလေးဘာသာဆရာတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ခဲ့တာ 37 နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၊ ယခုချိန်မှာတော့ ကိုယ်ပိုင် Youtube channel ကိုထောင်ထားသူလည်းဖြစ်ပါတယ် ။ သူ၏ Youtube channel တွင်လည်း ကျောင်းသားများအတွက် မလေးဘာသာကို အလွယ်ကူဆုံးနည်းလမ်းဖြင့် နားလည်လွယ်အောင် သင်ကြားပို့ချပေးထားတဲ့အပြင် ၊ မလေးဘာသာနှင့်ပက်သက်ပြီး သိလိုတာရှိရင်လည်း သူ့ကိုအချိန်မရွေးဆက်သွယ်ပြောဆိုနိုင်ကြောင်း ၊ အမြဲလိုအပ်သူတွေကို ကူညီသွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ လေးစားဖွယ်ရာကောင်းလွန်တဲ့ ကျောင်းဆရာတစ်ဦးရဲ့ စိတ်ဓာတ်ကတော့ သူ၏တပည့်တွေဟာ သူ့ထက်တော်တတ်ပြီး ပိုမိုထက်မြတ်ကာ အောင်မြင်တဲ့သူများသာ ဖြစ်စေလိုကြောင်း ပြောပြသွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment