မိဘအေပၚသိတတ္နားလည္မႈအျပည့္နဲ႔ ျပံဳးျပံဳးရႊင္ရႊင္ ေစ်းေရာင္းေနတာပါဆိုတဲ့ ညီအစ္ကိုႏွစ္ေယာက္

မိဘႏွစ္ပါးကို ဝင္ေငြကူ႐ွာေပးတဲ့အေနနဲ႔ မေလး႐ွားႏိုင္ငံ ၊ Parit Buntar ၿမိဳ႕မွာေနထိုင္တဲ့ ကေလးငယ္ေလးႏွစ္ေယာက္ဟာ Maybank ဆိုတဲ့ ဘဏ္အေ႐ွ႕မွာ မ႐ွက္မေၾကာက္တမ္းျပံဳးျပံဳးရႊင္ရႊင္ေလး Asam Laksa ဆိုတဲ့မေလး႐ိုးရာအစားအစာေခါက္ဆြဲတစ္မ်ိဳးကို ေရာင္းခ်ေနခဲ့တာပါ ။ ေစ်းထိုင္ေရာင္းေနတဲ့ကေလးငယ္ႏွစ္ေယာက္ကို ျမင္တဲ့ျဖတ္သြားျဖတ္လာလူတိုင္းက အဆိုပါေခါက္ဆြဲေတြကို ဝယ္ယူအားေပးခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း ကေလးငယ္ေတြေရာင္းခ်တဲ့ ေခါက္ဆြဲဟာ အရသာအေတာ္ေလးေကာင္းလြန္းလို႔ Facebook အသံုးျပဳသူအမ်ိဳးသမီးတစ္ေယာက္ဟာ အဆိုပါပတ္ဝန္းက်င္အနီးအနားမွာ ေနထိုင္ေနၾကတဲ့သူေတြအား ကေလးငယ္ရဲ႕ေခါက္ဆြဲကို ဝယ္ယူအားေပးၾကေအာင္ ဓာတ္ပံု႐ိုက္ၿပီး Facebook စာမ်က္ႏွာေပၚမွာ ေၾကညာေပးခဲ့ပါတယ္ ။

ကေလးငယ္ႏွစ္ေယာက္လံုးဟာ အသက္ 10 ႏွစ္ေအာက္ အရြယ္ေလးေတြသာ႐ွိေသးၿပီး ေဆာ့ကစားရမည့္အရြယ္မွာ မိဘေတြကိုကူညီေပးေနခဲ့ၾကတာပါ ။ လူအေတာ္မ်ားမ်ားက ကေလးငယ္ေတြရဲ႕ေခါက္ဆြဲကို ဝယ္ယူအားေပးခဲ့ၾကၿပီး အရသာအေတာ္ေလးေကာင္းမြန္ေၾကာင္း ၊ အထုပ္အပိုးေလးေတြကလည္း သန္႔႐ွင္းသပ္ရပ္ေၾကာင္း ၊ ဘုရား႐ွင္ ေကာင္းခ်ီးေပးမဲ့ကေလးငယ္ေတြ ဆိုၿပီးေတာ့ Comment မွာ မ်ိဳးစံုေရးသားၿပီး ကေလးငယ္ေတြကို ခ်ီးက်ဴ းခဲ့ၾကပါတယ္ ။

ယခုလို Covid -19 ေရာဂါ ရဲ႕အေျခအေနေတြေၾကာင့္ အခ်ိဳ႕ေသာကုမၸဏီဝန္ထမ္းမ်ားဟာ အလုပ္လက္မဲ့ျဖစ္ခဲ့ၾကတဲ့အျပင္ ၊ ပံုမွန္ဝင္ေငြေတြပါ မ႐ွိေတာ့တဲ့အတြက္ ယခုလိုလမ္းေဘးေတြမွာ ေစ်းလိုက္ေရာင္းရင္း ႐ုန္းကုန္လုပ္႐ွားေနရသူေတြ အေတာ္မ်ားျပားလာလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိဘနှစ်ပါးကို ဝင်ငွေကူရှာပေးတဲ့အနေနဲ့ မလေးရှားနိုင်ငံ ၊ Parit Buntar မြို့မှာနေထိုင်တဲ့ ကလေးငယ်လေးနှစ်ယောက်ဟာ Maybank ဆိုတဲ့ ဘဏ်အရှေ့မှာ မရှက်မကြောက်တမ်းပြုံးပြုံးရွှင်ရွှင်လေး Asam Laksa ဆိုတဲ့မလေးရိုးရာအစားအစာခေါက်ဆွဲတစ်မျိုးကို ရောင်းချနေခဲ့တာပါ ။ ဈေးထိုင်ရောင်းနေတဲ့ကလေးငယ်နှစ်ယောက်ကို မြင်တဲ့ဖြတ်သွားဖြတ်လာလူတိုင်းက အဆိုပါခေါက်ဆွဲတွေကို ဝယ်ယူအားပေးခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း ကလေးငယ်တွေရောင်းချတဲ့ ခေါက်ဆွဲဟာ အရသာအတော်လေးကောင်းလွန်းလို့ Facebook အသုံးပြုသူအမျိုးသမီးတစ်ယောက်ဟာ အဆိုပါပတ်ဝန်းကျင်အနီးအနားမှာ နေထိုင်နေကြတဲ့သူတွေအား ကလေးငယ်ရဲ့ခေါက်ဆွဲကို ဝယ်ယူအားပေးကြအောင် ဓာတ်ပုံရိုက်ပြီး Facebook စာမျက်နှာပေါ်မှာ ကြေညာပေးခဲ့ပါတယ် ။

ကလေးငယ်နှစ်ယောက်လုံးဟာ အသက် 10 နှစ်အောက် အရွယ်လေးတွေသာရှိသေးပြီး ဆော့ကစားရမည့်အရွယ်မှာ မိဘတွေကိုကူညီပေးနေခဲ့ကြတာပါ ။ လူအတော်များများက ကလေးငယ်တွေရဲ့ခေါက်ဆွဲကို ဝယ်ယူအားပေးခဲ့ကြပြီး အရသာအတော်လေးကောင်းမွန်ကြောင်း ၊ အထုပ်အပိုးလေးတွေကလည်း သန့်ရှင်းသပ်ရပ်ကြောင်း ၊ ဘုရားရှင် ကောင်းချီးပေးမဲ့ကလေးငယ်တွေ ဆိုပြီးတော့ Comment မှာ မျိုးစုံရေးသားပြီး ကလေးငယ်တွေကို ချီးကျူ းခဲ့ကြပါတယ် ။

ယခုလို Covid -19 ရောဂါ ရဲ့အခြေအနေတွေကြောင့် အချို့သောကုမ္ပဏီဝန်ထမ်းများဟာ အလုပ်လက်မဲ့ဖြစ်ခဲ့ကြတဲ့အပြင် ၊ ပုံမှန်ဝင်ငွေတွေပါ မရှိတော့တဲ့အတွက် ယခုလိုလမ်းဘေးတွေမှာ ဈေးလိုက်ရောင်းရင်း ရုန်းကုန်လုပ်ရှားနေရသူတွေ အတော်များပြားလာလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment