ဖုန်းဆိုင်ကို နောက်ကျမှပိတ်ခဲ့လို့ဆိုပြီး ရဲအရာရှိတွေရဲ့ရက်စက်စွာနှိပ်စက်စစ်ဆေးခြင်းကိုခံရပြီး သေဆုံးခဲ့ရတဲ့သားအဖ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိန္နိယနိုင်ငံမှာ နေထိုင်တဲ့ Jayaraj နှင့် Fenix အမည်ရှိတဲ့ သားအဖနှစ်ဦးဟာ Lockdown စနစ်ကိုချိုးဖောက်လို့ဆိုပြီး ရဲအရာရှိတွေက ခေါ်ယူစစ်ဆေးပြီးရက်စက်စွာနှိပ်စက်ပြီးအသတ်ခံခဲ့ရလို့ ၎င်းတို့သားအဖရဲ့ သေဆုံးခဲ့မှုကို ပြည်သူတွေကလက်မခံနိုင်ဘဲ တရားမျှတမှုရရှိစေရေးအတွက် တာဝန်ယူပေးကြဖို့ဆိုပြီး အဆိုပါအဖြစ်အပျက်ဟာ Twitter ပေါ်မှာ အတော်လေးကိုရေပန်းစားနေလျက်ရှိပါတယ် ။

အသက် 59နှစ်အရွယ် P Jayaraj အမည်ရှိတဲ့ ဖခင်ဖြစ်သူ နှင့် အသက် 31နှစ်အရွယ် J Fenix အမည်ရှိတဲ့ သားဖြစ်သူဟာ ပြီးခဲ့တဲ့ June 9 ရက်နေ့က ၎င်းတို့ရဲ့ mobile ဖုန်းအရောင်းဆိုင်ကို သတ်မှတ်ထားတဲ့အချိန်ထိ ကျော်လွန်ပြီးဖွင့်ခဲ့တဲ့အတွက် မေးမြန်းစစ်ဆေးမှုအတွက် Sathankulamမြို့ရှိ ရဲစခန်းသို့ ဖမ်းဆီးခေါ်ဆောင်သွားခြင်းခံခဲ့ရပါတယ် ။

သို့ပေမဲ့လည်း တရားမျှတမှုမရှိပဲ သာမာန်ထက်ပိုလွန်ပြီးရက်စက်လွန်းတဲ့စစ်ဆေးမှုမျိုးကို ခံယူရပြီးနောက်မှာတော့ သားဖြစ်သူ Fenix ဟာ June 22 ရက်နေ့မှာ သေဆုံးသွားခဲ့ရပြီး ဖခင်ဖြစ်သူမှာတော့ June 23 ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါတယ် ။ ရက်စက်စွာနှိပ်စက်ခံရပြီး သေဆုံးသွားခဲ့ရတဲ့အတွက် JusticeForJayarajAndFenix ဆိုပြီး ပြည်သူတွေနှင့်အနှပညာရှင်တွေပါပူးပေါင်းပြီး တရားမျှတမှုလိုလားကြောင်း တောင်းဆိုမှုများ Twitter ပေါ်မှာ အတော်လေးကိုပျံ့နှံ့နေလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment