အတန်းဖော်က 2နာရီခန့်မရပ်မနားတမ်း ချီးပေါက်နေခဲ့လို့ စာမေးပွဲပြီးဆုံးအောင် မဖြေခဲ့ရတဲ့ကျောင်းသားလေး




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ချီးပေါက်တယ်ဆိုတာက လူတိုင်းလိုလိုနေ့စဉ်နေ့တိုင်းကြုံတွေ့နေရတဲ့ သာမာန်ကိစ္စရပ်တစ်ခုပါ ။ သို့ပေမဲ့ ဒီတစ်ခေါက်မှာတော့ ဟောင်ကောင်ကကျောင်းသားတစ်ဦးဟာ သူ့ရဲ့ Hong Kong Diploma ဖြစ်တဲ့ Secondary Education Examination စာမေးပွဲကိုဖြေကြားခဲ့စဉ်အချိန်အခါက အတွေ့အကြုံကို ပြန်လည်ဝေမျှခဲ့ပါတယ် ။ အဲတာကတော့ စာပေးပွဲဖြေဆိုနေစဉ် သူ၏အရှေ့ခုံမှာ ထိုင်နေခဲ့တဲ့ကျောင်းသားဟာ 2နာရီခန့်မရပ်မနားတမ်းချီးပေါက်နေခဲ့လို့ပါပဲ ။

“အစပိုင်းမှာတော့ အရှေ့ခုံမှာထိုင်နေတဲ့ကျောင်းသားဟာ သာမာန်ပုံစံအတိုင်းသာရှိနေခဲ့ပေမဲ့ စာမေးပွဲစပြီး ဖြေခွင့်ပြု ပြီဆိုတာနဲ့ မရပ်မနားတမ်း ချီးပေါက်နေခဲ့တာပါ ၊ သူ့ချီးပေါက်သံကို ကြားနေရတာနဲ့ အနံ့ဆိုးတွေကြောင့် ဘားမှစဉ်းစားလို့ကိုမရတော့ဘဲ စာမေးပွဲမှာ မေးခွန်းပုဒ်စာ 2ခုကိုမဖြေခဲ့ရပါဘူး ” ဆိုပြီး သူ့ရဲ့အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။

2နာရီခန့် ယခုလိုမျိုးဆက်ပြီးဖြစ်ပျက်နေခဲ့လို့ သူ၏စာမေးပွဲဖြေဆိုခွင့် အခြေအနေပေါ်အတော်လေးထိခိုက်မှုရှိခဲ့ကြောင်း နှင့် English listening section ရောက်တော့လည်း ချီးပေါက်သံ နဲ့ အနံ့ဆိုးဟာ သူ့အား အာရုံထွေပြားစေခဲ့ကြောင်း နှင့် အိမ်ပြန်ရောက်သည်အထိ အဆိုပါချီးပေါက်နံ့အား သူ၏အဝတ်အစားများပေါ် စွဲကပ်နေသလို ဖြစ်နေခဲ့သေးကြောင်း ကျောင်းသားလေးက သူ၏အဖြစ်အပျက်ကို ပြောပြခဲ့ပါတယ် ။ လူအတော်များများက အဆိုပါအဖြစ်အပျက်ကြောင့် ရယ်ပွဲကျခဲ့ပေမဲ့လည်း ၊ အချို့သောသူများက စာမေးပွဲခန်းစောင့်တဲ့ဆရာကို အဖြစ်အပျက်အကုန်လုံးပြောပြပြီး နေရာပြောင်းထိုင်ခဲ့သင့်ကြောင်း မျိုးစုံသုံးသပ်ချက်များကို comment တွင်ရေးသားခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment