အလုပ္ကေနျပန္လာတိုင္းအျမဲ ေျခအိတ္ရဲ႕အနံ႔ကို႐ႈၾကည့္ရင္းကေန အဆုတ္မႈိတက္သြားခဲ့တဲ့အမ်ိဳးသား

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ အသက္ 37 ႏွစ္အရြယ္အမ်ိဳးသားဟာ အလုပ္ကေနျပန္လာတိုင္းအျမဲ သူ႔ရဲ႕ေျခအိတ္ကိုငံု႔႐ႈတတ္တဲ့အက်င့္မ်ိဳး႐ွိခဲ့လို႔ အဆုတ္တြင္မႈိတက္သြားခဲ့တဲ့ ေရာဂါမ်ိဳးခံစားခဲ့ရပါတယ္ ။ Peng အမည္႐ွိတဲ့အဆိုပါအမ်ိဳးသားဟာ တစ္ရက္မွာေတာ့ အေတာ္ေလးကိုေခ်ာင္းဆိုးၿပီး ရင္ဘတ္ေတြပါနာက်င္လာခဲ့တဲ့အတြက္ Fujian ျပည္နယ္မွာ႐ွိတဲ့ Zhangzhou ေဆးရံုသို႔သြားေရာက္ျပသခဲ့ပါတယ္ ။ ထို႔အျပင္ Peng ဟာ အလုပ္ကေနျပန္လာတိုင္း သူ႔၏ေျခအိတ္အနံ႔ကို႐ႈတတ္တဲ့အက်င့္မ်ိဳး႐ွိေၾကာင္း ဆရာဝန္အားဝန္ခံခဲ့ပါတယ္ ။

ထူးဆန္းတဲ့အမႈအက်င့္ေတြေၾကာင့္ ရလဒ္အေနနဲ႔ Peng ဟာ သူ၏ အနံ႔အသက္ဆိုးဝါးတဲ့ေျခအိတ္ဆီကေန မႈိတက္တဲ့ေရာဂါပိုးမ်ားျဖစ္တဲ့ မ်ိဳးပြားေစတဲ့မ်ိဳးမႈန္ေလးေတြဟာ အသက္႐ႈလမ္းေၾကာင္းကေနတစ္ဆင့္ အဆုတ္ဆီသို႔ကူးဆက္ပ်ံ့ႏွံ႔သြားခဲ့ပါတယ္ ။ ဆရာဝန္၏ေျပာျပခ်က္အရ အဆိုပါေရာဂါကူးစက္မႈမ်ိဳးဟာ လူနာရဲ႕အနီးအနားေနထိုင္သူေတြထံ ကူးစက္ႏိုင္တဲ့အလားအလာမ်ိဳး႐ွိၿပီး ၊ အထူးသျဖင့္ ကိုယ္ခံအားနည္းသူေတြထံ ကူးစက္ႏိုင္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။

Peng ဟာအဆိုပါကူးစက္ေရာဂါအတြက္ ေဆးရံုမွာေဆးကုသမႈခံယူေနလ်က္႐ွိၿပီး မၾကာခင္မွာ က်န္းမာေရးလံုးဝေကာင္းမြန္ၿပီး ေဆးရံုကေန ဆင္ခြင့္ရ႐ွိႏိုင္လိမ့္မယ္ဟု ေမ်ွာ္လင့္ေနလ်က္႐ွိပါတယ္ ။ အဆိုပါအမႈအက်င့္မ်ိဳးဟာ ပင္ပန္းစြာတစ္ေနကုန္ အလုပ္လုပ္ကိုင္ရင္းကေန မိမိရဲ႕ေျခအိတ္အနံ႔ကို စူးစမ္းမိၿပီး အနံ႔႐ႈၾကည့္ရင္းကေန အစပ်ိဳးခဲ့တာျဖစ္ပါတယ္ ။ ထို႔ေၾကာင့္ မည္သို႔ပင္ျဖစ္ေစကာမႈ မိမိက်န္းမာေရးအတြက္ ေကာင္းမြန္တဲ့အမႈအက်င့္ေတြကိုသာ ေရြးခ်ယ္သင့္ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ အသက် 37 နှစ်အရွယ်အမျိုးသားဟာ အလုပ်ကနေပြန်လာတိုင်းအမြဲ သူ့ရဲ့ခြေအိတ်ကိုငုံ့ရှုတတ်တဲ့အကျင့်မျိုးရှိခဲ့လို့ အဆုတ်တွင်မှိုတက်သွားခဲ့တဲ့ ရောဂါမျိုးခံစားခဲ့ရပါတယ် ။ Peng အမည်ရှိတဲ့အဆိုပါအမျိုးသားဟာ တစ်ရက်မှာတော့ အတော်လေးကိုချောင်းဆိုးပြီး ရင်ဘတ်တွေပါနာကျင်လာခဲ့တဲ့အတွက် Fujian ပြည်နယ်မှာရှိတဲ့ Zhangzhou ဆေးရုံသို့သွားရောက်ပြသခဲ့ပါတယ် ။ ထို့အပြင် Peng ဟာ အလုပ်ကနေပြန်လာတိုင်း သူ့၏ခြေအိတ်အနံ့ကိုရှုတတ်တဲ့အကျင့်မျိုးရှိကြောင်း ဆရာဝန်အားဝန်ခံခဲ့ပါတယ် ။

ထူးဆန်းတဲ့အမှုအကျင့်တွေကြောင့် ရလဒ်အနေနဲ့ Peng ဟာ သူ၏ အနံ့အသက်ဆိုးဝါးတဲ့ခြေအိတ်ဆီကနေ မှိုတက်တဲ့ရောဂါပိုးများဖြစ်တဲ့ မျိုးပွားစေတဲ့မျိုးမှုန်လေးတွေဟာ အသက်ရှုလမ်းကြောင်းကနေတစ်ဆင့် အဆုတ်ဆီသို့ကူးဆက်ပျံ့နှံ့သွားခဲ့ပါတယ် ။ ဆရာဝန်၏ပြောပြချက်အရ အဆိုပါရောဂါကူးစက်မှုမျိုးဟာ လူနာရဲ့အနီးအနားနေထိုင်သူတွေထံ ကူးစက်နိုင်တဲ့အလားအလာမျိုးရှိပြီး ၊ အထူးသဖြင့် ကိုယ်ခံအားနည်းသူတွေထံ ကူးစက်နိုင်ကြောင်း ပြောဆိုခဲ့ပါတယ် ။

Peng ဟာအဆိုပါကူးစက်ရောဂါအတွက် ဆေးရုံမှာဆေးကုသမှုခံယူနေလျက်ရှိပြီး မကြာခင်မှာ ကျန်းမာရေးလုံးဝကောင်းမွန်ပြီး ဆေးရုံကနေ ဆင်ခွင့်ရရှိနိုင်လိမ့်မယ်ဟု မျှော်လင့်နေလျက်ရှိပါတယ် ။ အဆိုပါအမှုအကျင့်မျိုးဟာ ပင်ပန်းစွာတစ်နေကုန် အလုပ်လုပ်ကိုင်ရင်းကနေ မိမိရဲ့ခြေအိတ်အနံ့ကို စူးစမ်းမိပြီး အနံ့ရှုကြည့်ရင်းကနေ အစပျိုးခဲ့တာဖြစ်ပါတယ် ။ ထို့ကြောင့် မည်သို့ပင်ဖြစ်စေကာမှု မိမိကျန်းမာရေးအတွက် ကောင်းမွန်တဲ့အမှုအကျင့်တွေကိုသာ ရွေးချယ်သင့်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment