လူ့ခန္ဓာကိုယ်အရွယ်အစားရှိတဲ့ လင်နို့များ အမှန်တကယ်တည်ရှိနေခဲ့တဲ့အဖြစ်(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

လူ့ခန္ဓာကိုယ်အရွယ်အစားရှိတဲ့ လင်းနို့တွေရဲ့ဓာတ်ပုံတွေဟာ ယခုအချိန်မှာတော့ Internet စာမျက်နှာပေါ်မှာ ပြန်လည်ပြီးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါ ဓာတ်ပုံကို Alex Joestar အမည်ရှိတဲ့အမျိုးသားက သူ၏ Twitter စာမျက်နှာပေါ်မှာ ဝေမျှခဲ့တာဖြစ်ပြီး ” ဖိလစ်ပိုင်မှာ လူသားတွေရဲ့ ခန္ဓာကိုယ်အရွယ်အစားလောက် လင်းနို့ရှိတယ်လို့ ကျွန်တော်ပြောခဲ့တာကို မှတ်မိကြသေးလား ၊ ဟုတ်ပါတယ်..ဒါက ကျွန်တော်ပြောခဲ့တဲ့အရာတွေပါ ” ဆိုပါ လင်နို့တွေရဲ့ဓာတ်ပုံကို ဝေမျှခဲ့ပါတယ် ။

အဆိုပါ လူသားခန္ဓာကိုယ်အရွယ်လင်းနို့တွေဟာ Giant Golden-crowned Flying Fox ဆိုတဲ့ ကြီးမားလွန်းတဲ့လင်းနို့အမျိုးအနွယ်တွေဖြစ်ပြီး ၊ ဖိလစ်ပိုင်နိုင်ငံတွင်သာ တွေ့နိုင်တဲ့လင်းနို့တွေဖြစ်ပါတယ် ။ အဆိုပါလင်းနို့တွေရဲ့ တောင်ပံကိုဖြန့်လိုက်ရင်တော့ 1.7m အရှည်အထိရှိကြောင်းလည်း သိရှိရပါတယ် ။

သို့ပေမဲ့လည်း အဆိုပါလင်းနို့တွေဟာ အသီးအနှံတွေကိုသာ စားသောက်ကြကြောင်း သိရှိရပါတယ် ။ အဆိုပါလင်းနို့မျိုးစိပ်တွေဟာ မုဆိုးတွေရဲ့ရန်ကြောင့် ၎င်းတို့ကျက်စားရာနေရာတွေဟာ မရှိတော့ဘဲ အသိုက်အမြုံတွေပါဖျက်ဆီးခံရလျက်ရှိပါတယ် ။ အမှန်တကယ်တော့ အဆိုပါလင်းနို့တွေဟာ ကြောက်မက်ဖွယ်ကောင်းတဲ့အကောင်တွေမဟုတ်ဘဲ ၊ လူသားတွေရဲ့လုပ်ရပ်ကြောင့် အသိုက်အမြုံမရှိ ၊ နေထိုင်စရာမရှိတဲ့ သနားစရာကောင်းလွန်းတဲ့ တိရစ္ဆာန်တွေသာဖြစ်ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment