ေစ်းဝယ္ထြက္လာတဲ့ အမ်ိဳးသမီးဆီကေန ဆြဲႀကိဳး ဆြဲလုသြားခဲ့တဲ့ ဆိုင္ကယ္သမား (႐ုပ္သံ)

တန္ဖိုးႀကီးတဲ့ လက္ဝတ္ရတနာေတြ ၊ ဆြဲႀကိဳးေတြဝတ္ဆင္ၿပီး ေစ်းဝယ္ထြက္ခဲ့လို႔ လုယက္သူေတြရဲ႕သားေကာင္ျဖစ္ခဲ့ရတဲ့ မိန္းကေလးရဲ႕အျဖစ္အပ်က္ video ေလးဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ July 4 ရက္ေန႔က မေလး႐ွားႏိုင္ငံ ၊ Kepong ၿမိဳ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ လုယက္သူစီးနင္လာတဲ့ဆိုင္ကယ္ရဲ႕ အေနာက္ဖက္ကေန လိုက္ပါေမာင္းႏွင္လာခဲ့တဲ့ကားရဲ႕ dashcam ကေန အျဖစ္အပ်က္တစ္ခုလံုးကို ႐ိုက္ယူႏိုင္ခဲ့တာျဖစ္ပါတယ္ ။

ျဖစ္စဥ္ကေတာ့ လမ္းအတိုင္းေမာင္းနင္လာတဲ့ဆိုင္ကယ္သမားဟာ လက္မွာပစၥည္းအျပည့္နဲ႔ေစ်းဝယ္ထြက္လာတဲ့ မိန္းကေလးကိုျမင္ေတြ႔ခဲ့ပါတယ္ ။ ထို႔အျပင္ မ်က္ႏွာခ်င္းဆိုင္အေနအထားလည္း ျဖစ္ေနခဲ့တဲ့အတြက္ အဆိုပါမိန္းကေလးရဲ႕လည္ပင္းမွာ စြဲထားတဲ့လည္ဆြဲေလးကို လွန္းဆြဲလုယူၿပီးေနာက္မည္သူကမွ မဖမ္းမိေအာင္ အ႐ွိန္ျပင္းစြာျဖင့္ဆိုင္ကယ္ကို ေမာင္းထြက္သြားခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ေလးဟာ မိမိတို႔ရဲ႕ပတ္ဝန္းက်င္မွာလည္း ျဖစ္ပ်က္ႏိုင္တဲ့အတြက္ အထူးသျဖင့္ တန္ဖိုးႀကီးတဲ့လက္ဝတ္ရတနာေတြ ၊ ပိုက္ဆံအိတ္ေတြ ကိုင္ဆြဲၿပီး အျပင္ထြက္တတ္တဲ့မိန္းကေလးေတြအဖို႔ အထူးသတိထားၿပီး သြားလာသင့္ေၾကာင္း ဒီအျဖစ္အပ်က္ေလးက သတိေပးလိုက္သလိုပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တန်ဖိုးကြီးတဲ့ လက်ဝတ်ရတနာတွေ ၊ ဆွဲကြိုးတွေဝတ်ဆင်ပြီး ဈေးဝယ်ထွက်ခဲ့လို့ လုယက်သူတွေရဲ့သားကောင်ဖြစ်ခဲ့ရတဲ့ မိန်းကလေးရဲ့အဖြစ်အပျက် video လေးဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့ July 4 ရက်နေ့က မလေးရှားနိုင်ငံ ၊ Kepong မြို့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ လုယက်သူစီးနင်လာတဲ့ဆိုင်ကယ်ရဲ့ အနောက်ဖက်ကနေ လိုက်ပါမောင်းနှင်လာခဲ့တဲ့ကားရဲ့ dashcam ကနေ အဖြစ်အပျက်တစ်ခုလုံးကို ရိုက်ယူနိုင်ခဲ့တာဖြစ်ပါတယ် ။

ဖြစ်စဉ်ကတော့ လမ်းအတိုင်းမောင်းနင်လာတဲ့ဆိုင်ကယ်သမားဟာ လက်မှာပစ္စည်းအပြည့်နဲ့ဈေးဝယ်ထွက်လာတဲ့ မိန်းကလေးကိုမြင်တွေ့ခဲ့ပါတယ် ။ ထို့အပြင် မျက်နှာချင်းဆိုင်အနေအထားလည်း ဖြစ်နေခဲ့တဲ့အတွက် အဆိုပါမိန်းကလေးရဲ့လည်ပင်းမှာ စွဲထားတဲ့လည်ဆွဲလေးကို လှန်းဆွဲလုယူပြီးနောက်မည်သူကမှ မဖမ်းမိအောင် အရှိန်ပြင်းစွာဖြင့်ဆိုင်ကယ်ကို မောင်းထွက်သွားခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက်လေးဟာ မိမိတို့ရဲ့ပတ်ဝန်းကျင်မှာလည်း ဖြစ်ပျက်နိုင်တဲ့အတွက် အထူးသဖြင့် တန်ဖိုးကြီးတဲ့လက်ဝတ်ရတနာတွေ ၊ ပိုက်ဆံအိတ်တွေ ကိုင်ဆွဲပြီး အပြင်ထွက်တတ်တဲ့မိန်းကလေးတွေအဖို့ အထူးသတိထားပြီး သွားလာသင့်ကြောင်း ဒီအဖြစ်အပျက်လေးက သတိပေးလိုက်သလိုပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment