အျမင္ကတ္လို႔ဆိုၿပီး ေခြးေလးကိုအိတ္ထဲထည့္ၿပီး ေခါင္းကြဲတဲ့အထိ ႐ိုက္ႏွက္ႏွိပ္စက္ခဲ့ၾကတဲ့အျဖစ္

ယခုလက္႐ွိကာလမွာ တိရစာၦန္ေတြကို႐ိုက္ႏွက္ႏွိပ္စက္တဲ့အျဖစ္မ်ိဳးဟာ မ်ားျပားလာလ်က္႐ွိေနၿပီး ၊ အျပစ္မဲ့ျပီး ဆာေလာင္မႈဒဏ္ ခံစားေနရတဲ့တိရစာၦန္ေလးေတြဟာ ေန႔စဥ္နဲ႔အမ်ွ လူေတြရဲ႕တိုက္ခိုက္ျခင္းကို ခံစားေနရလ်က္႐ွိပါတယ္ ။ မၾကာေသးခင္ကလည္း မေလး႐ွားႏိုင္ငံ ၊ Kota Kinabalu ၿမိဳ႕႐ွိလမ္းမေဘးတစ္ေနရာမွာ ေခြးေလးဟာ ေခါင္းေပါက္ကြဲသည္အထိ ရက္စက္စြာ႐ိုက္ႏွက္ႏွိပ္စက္ခံထားရတဲ့အျပင္ ၊ အိတ္ထဲထည့္ၿပီး စြန္႔ပစ္ျခင္းခံခဲ့ရပါတယ္ ။ သို႔ေပမဲ့လည္း ကံေကာင္းေထာက္မစြာနဲ႔ ေသြးေတြရြဲစိုေနတဲ့ အိတ္ထဲမွ ေခြးေလးရဲ့ညည္းညဴ သံကိုၾကားခဲ့၍ ကယ္ဆယ္ေရးအသင္းက ေခြးေလးကို ကယ္တင္ေပးခဲ့ၾကပါတယ္ ။

ကယ္ဆယ္ေရးအဖြဲ႔ရဲ႕ေခါင္းေဆာင္ျဖစ္သူ Roslee ရဲ႕ေျပာျပခ်က္အရ ေခြးေလးကိုေတြ႔႐ွိခဲ့တဲ့ေနရာရဲ႕အနီးမွာ ေခြးေလးေခါင္းေပါက္ျပဲၿပီးေသဆံုးေတာ့မဲ့အထိ ႐ိုက္ႏွက္ႏွိပ္စက္ခဲ့တဲ့ လက္နက္မ်ားကိုပါေတြ႔႐ွိခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။ ယခုအခ်ိန္မွာေတာ့ ေခြးေလးကို Jimmy ဆိုၿပီး ယာယီနာမည္ေပးထားၿပီး ၊ ေခြးေလးရဲ႕ အေျခအေနဟာ ဆိုးဝါးလြန္းတဲ့အတြက္ ဆရာဝန္က နာက်င္မႈမ႐ွိေတာ့ေအာင္ ညင္သာစြာဇီဝန္ေႁခြေပးဖို႔ ျပင္ဆင္ေနလ်က္႐ွိေပမဲ့လည္း ေခြးေလးကိုကယ္တင္ေပးခဲ့သူကေတာ့ ေခြးေလးကိုအသက္ဆက္႐ွင္ခြင့္ေပးႏိုင္ဖို ့ ဆႏၵရွိေနလ်က္႐ွိပါတယ္ ။

ကိုယ့္ရဲ႕ေဒါသစိတ္ေၾကာင့္ ၊ မ်က္စိေနာက္လို႔ဆိုၿပီး အျပစ္မဲ့တဲ့တိရစာၦန္ေတြကို ယခုလိုမ်ိဳး ရက္စက္စြာႏွိပ္စက္တဲ့လုပ္ရပ္မ်ိဳးကေတာ့ ေအာက္တန္းက်လြန္းၿပီး ၊ ကိုယ္လည္းအသက္႐ွင္ႏိုင္ဖို႔ ကိုယ့္ဘဝကိုကိုယ္ခ်စ္သလို တိရစာၦန္ေတြလည္းသူတို႔ရဲ႕ဘဝနဲ့အသက္ကို သူတို႔ခ်စ္တဲ့အတြက္ စာနာစိတ္ေလးေမြးၿပီး တိရစာၦန္ေတြအေပၚနားလည္ေပးဖို႔ ေမ်ွာ္လင့္မိပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ယခုလက်ရှိကာလမှာ တိရစ္ဆာန်တွေကိုရိုက်နှက်နှိပ်စက်တဲ့အဖြစ်မျိုးဟာ များပြားလာလျက်ရှိနေပြီး ၊ အပြစ်မဲ့ပြီး ဆာလောင်မှုဒဏ် ခံစားနေရတဲ့တိရစ္ဆာန်လေးတွေဟာ နေ့စဉ်နဲ့အမျှ လူတွေရဲ့တိုက်ခိုက်ခြင်းကို ခံစားနေရလျက်ရှိပါတယ် ။ မကြာသေးခင်ကလည်း မလေးရှားနိုင်ငံ ၊ Kota Kinabalu မြို့ရှိလမ်းမဘေးတစ်နေရာမှာ ခွေးလေးဟာ ခေါင်းပေါက်ကွဲသည်အထိ ရက်စက်စွာရိုက်နှက်နှိပ်စက်ခံထားရတဲ့အပြင် ၊ အိတ်ထဲထည့်ပြီး စွန့်ပစ်ခြင်းခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကံကောင်းထောက်မစွာနဲ့ သွေးတွေရွဲစိုနေတဲ့ အိတ်ထဲမှ ခွေးလေးရဲ့ညည်းညူ သံကိုကြားခဲ့၍ ကယ်ဆယ်ရေးအသင်းက ခွေးလေးကို ကယ်တင်ပေးခဲ့ကြပါတယ် ။

ကယ်ဆယ်ရေးအဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်သူ Roslee ရဲ့ပြောပြချက်အရ ခွေးလေးကိုတွေ့ရှိခဲ့တဲ့နေရာရဲ့အနီးမှာ ခွေးလေးခေါင်းပေါက်ပြဲပြီးသေဆုံးတော့မဲ့အထိ ရိုက်နှက်နှိပ်စက်ခဲ့တဲ့ လက်နက်များကိုပါတွေ့ရှိခဲ့ကြောင်း သိရှိရပါတယ် ။ ယခုအချိန်မှာတော့ ခွေးလေးကို Jimmy ဆိုပြီး ယာယီနာမည်ပေးထားပြီး ၊ ခွေးလေးရဲ့ အခြေအနေဟာ ဆိုးဝါးလွန်းတဲ့အတွက် ဆရာဝန်က နာကျင်မှုမရှိတော့အောင် ညင်သာစွာဇီဝန်ခြွေပေးဖို့ ပြင်ဆင်နေလျက်ရှိပေမဲ့လည်း ခွေးလေးကိုကယ်တင်ပေးခဲ့သူကတော့ ခွေးလေးကိုအသက်ဆက်ရှင်ခွင့်ပေးနိုင်ဖို့ ဆန္ဒရှိနေလျက်ရှိပါတယ် ။

ကိုယ့်ရဲ့ဒေါသစိတ်ကြောင့် ၊ မျက်စိနောက်လို့ဆိုပြီး အပြစ်မဲ့တဲ့တိရစ္ဆာန်တွေကို ယခုလိုမျိုး ရက်စက်စွာနှိပ်စက်တဲ့လုပ်ရပ်မျိုးကတော့ အောက်တန်းကျလွန်းပြီး ၊ ကိုယ်လည်းအသက်ရှင်နိုင်ဖို့ ကိုယ့်ဘဝကိုကိုယ်ချစ်သလို တိရစ္ဆာန်တွေလည်းသူတို့ရဲ့ဘဝနဲ့အသက်ကို သူတို့ချစ်တဲ့အတွက် စာနာစိတ်လေးမွေးပြီး တိရစ္ဆာန်တွေအပေါ်နားလည်ပေးဖို့ မျှော်လင့်မိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment