ခ်စ္သူက စားဖို႔မုန္႔ပို႔ေပးတာကို ပစ္ထုတ္ၿပီး ပိုက္ဆံသာေပးစမ္းပါဆိုၿပီး ေဒါသတႀကီးေတာင္းဆိုခဲ့တဲ့ ေကာင္မေလး

ၿပီးခဲ့တဲ့လေတြတုန္းက စင္ကာပူႏိုင္ငံဟာ Covid-19 ေရာဂါအေျခအေနေတြေၾကာင့္ အသြားအလာကန္႔သတ္မႈေတြျပဳလုပ္ထားရလို႔ အခ်ိဳ႕ေသာသူေတြက ကိုယ္ခ်စ္ရတဲ့သူေတြကို မေတြ႔ႏိုင္လို႔ခ်စ္သူထံ အစားအေသာက္ေတြပို႔ေပးၿပီး ကိုယ့္ရဲ႕အခ်စ္ေတြ ၊ ဂ႐ုစိုက္မႈေတြကို ေဖာ္ျပေလ့႐ွိၾကပါတယ္ ။ သို႔ေပမဲ့လည္း အဆိုပါအစားအေသာက္မ်ိဳး ပို႔ေပးခံရတာကိုလံုးဝမႏွစ္မ်ိဳ႕တဲ့မိန္းကေလးတစ္ေယာက္က သူမရဲ႕ခ်စ္သူကိုအေတာ္ေလးေဒါသထြက္ခဲ့ပါတယ္ ။ ေကာင္မေလးက သူမဟာ ခ်ိဳတဲ့အစားအစာေတြကိုမုန္းတဲ့အတြက္ အစားအေသာက္ေတြမပို႔ေပးဖို႔နဲ႔ သူမကိုပိုက္ဆံသာေပးဖို႔ ခ်စ္သူထံစာျပန္ခဲ့ပါတယ္ ။

အေၾကာင္းအရင္းကေတာ့ သူမထံ ကိတ္မုန္႔ နဲ႔ ဒိန္ခ်ဥ္ဘူးေလးကို Delivery နဲ႔ပို႔ေပးတာဟာ ပို႔ခေပးရတဲ့အျပင္ ၊ စားေသာက္ၿပီးရင္လည္း သူမကသာ ေဆးေၾကာရတာျဖစ္တဲ့အတြက္ မႏွစ္သက္ေၾကာင္း ႏွင့္ Delivery ႐ွိတာ အခ်ိဳ႕ေသာသူေတြအတြက္ အဆင္ေျပေပမဲ့ သူမကေတာ့ လူေတြလႈပ္႐ွားသြားလာမႈေတြမ႐ွိေတာ့တဲ့အတြက္ တေျဖးေျဖးပိုၿပီးပ်င္းရိလာၿပီး ၊ က်န္းမာေရးေတြအတြက္ အေထာက္အကူမျဖစ္တဲ့အတြက္ေၾကာင့္ျဖစ္ေၾကာင္း အေၾကာင္းျပခ်က္မ်ိဳးစံုနဲ႔ခ်စ္သူကို စိတ္ဆိုးခဲ့ပါတယ္ ။

ထို႔အျပင္ သူမဘာအစားအစာမ်ိဳးႀကိဳက္ႏွစ္သက္လဲဆိုတာ ေသခ်ာမသိဘဲ ပို႔လာခဲ့တဲ့အတြက္ ခ်စ္သူေကာင္ေလးက သူမရဲ႕စကားကိုေသခ်ာနားေထာင္ျခင္းမ႐ွိလို႔ အေတာ္ေလးစိတ္ဆိုးေၾကာင္းေျပာဆိုခဲ့လို႔ ခ်စ္သူေကာင္ေလးက မုန္႔ပို႔မိတာသူ႔ရဲ႕အမွားျဖစ္ေၾကာင္း ေတာင္းပန္ခဲ့ရပါတယ္ ။ အဆိုပါအျဖစ္အပ်က္ေၾကာင့္ လူအခ်ိဳ႕က ေကာင္မေလးက no-sugar diet လုပ္ေနတာျဖစ္ႏိုင္ေၾကာင္း ေနာက္ေျပာင္ခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့လတွေတုန်းက စင်ကာပူနိုင်ငံဟာ Covid-19 ရောဂါအခြေအနေတွေကြောင့် အသွားအလာကန့်သတ်မှုတွေပြုလုပ်ထားရလို့ အချို့သောသူတွေက ကိုယ်ချစ်ရတဲ့သူတွေကို မတွေ့နိုင်လို့ချစ်သူထံ အစားအသောက်တွေပို့ပေးပြီး ကိုယ့်ရဲ့အချစ်တွေ ၊ ဂရုစိုက်မှုတွေကို ဖော်ပြလေ့ရှိကြပါတယ် ။ သို့ပေမဲ့လည်း အဆိုပါအစားအသောက်မျိုး ပို့ပေးခံရတာကိုလုံးဝမနှစ်မျို့တဲ့မိန်းကလေးတစ်ယောက်က သူမရဲ့ချစ်သူကိုအတော်လေးဒေါသထွက်ခဲ့ပါတယ် ။ ကောင်မလေးက သူမဟာ ချိုတဲ့အစားအစာတွေကိုမုန်းတဲ့အတွက် အစားအသောက်တွေမပို့ပေးဖို့နဲ့ သူမကိုပိုက်ဆံသာပေးဖို့ ချစ်သူထံစာပြန်ခဲ့ပါတယ် ။

အကြောင်းအရင်းကတော့ သူမထံ ကိတ်မုန့် နဲ့ ဒိန်ချဉ်ဘူးလေးကို Delivery နဲ့ပို့ပေးတာဟာ ပို့ခပေးရတဲ့အပြင် ၊ စားသောက်ပြီးရင်လည်း သူမကသာ ဆေးကြောရတာဖြစ်တဲ့အတွက် မနှစ်သက်ကြောင်း နှင့် Delivery ရှိတာ အချို့သောသူတွေအတွက် အဆင်ပြေပေမဲ့ သူမကတော့ လူတွေလှုပ်ရှားသွားလာမှုတွေမရှိတော့တဲ့အတွက် တဖြေးဖြေးပိုပြီးပျင်းရိလာပြီး ၊ ကျန်းမာရေးတွေအတွက် အထောက်အကူမဖြစ်တဲ့အတွက်ကြောင့်ဖြစ်ကြောင်း အကြောင်းပြချက်မျိုးစုံနဲ့ချစ်သူကို စိတ်ဆိုးခဲ့ပါတယ် ။

ထို့အပြင် သူမဘာအစားအစာမျိုးကြိုက်နှစ်သက်လဲဆိုတာ သေချာမသိဘဲ ပို့လာခဲ့တဲ့အတွက် ချစ်သူကောင်လေးက သူမရဲ့စကားကိုသေချာနားထောင်ခြင်းမရှိလို့ အတော်လေးစိတ်ဆိုးကြောင်းပြောဆိုခဲ့လို့ ချစ်သူကောင်လေးက မုန့်ပို့မိတာသူ့ရဲ့အမှားဖြစ်ကြောင်း တောင်းပန်ခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကြောင့် လူအချို့က ကောင်မလေးက no-sugar diet လုပ်နေတာဖြစ်နိုင်ကြောင်း နောက်ပြောင်ခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment