“ဘားမွမလိုဘူး”လို႔ေျပာလိုက္တဲ့ခ်စ္သူေကာင္မေလးရဲ႕စကားကို ယံုစားမိခဲ့လို႔ လမ္းခြဲခံလိုက္ရတဲ့ေကာင္ေလး (႐ုပ္သံ)

မိန္းကေလးေတြ အေတာ္မ်ားမ်ားဟာ သူတို႔ရဲ႕သေဘာသဘာဝအရ ျဖစ္ခ်င္တာ ၊ ရခ်င္တာေတြကို တြယ္ဝိုက္ၿပီး ခ်စ္သူေတြထံေတာင္းဆိုတတ္ၾကပါတယ္ ။ ေကာင္မေလးေတြက မရခ်င္ဘူး ၊ မလိုပါဘူး လို႔ေျပာလိုက္တဲ့စကားမ်ိဳးေတြကို အေျခအေန ၊ အခ်ိန္အခါမၾကည့္ဘဲ ယံုစားမိခဲ့ရင္ေတာ့ အရိပ္အကဲမသိဘူးလို႔ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္မွာလည္း စင္ကာပူႏိုင္ငံက ေကာင္မေလးတစ္ေယာက္ဟာ သူမရဲ႕ခ်စ္သူေကာင္ေလးကို Valentine ေန႔အတြက္ ဘာပစၥည္းလက္ေဆာင္မွမလိုခ်င္ပါဘူးဆိုၿပီး ေျပာဆိုခဲ့ပါတယ္ ။ ဒါေပမဲ့ေကာင္မေလးက အဲ့အဓိပၸါယ္နဲ႔ေျပာလိုက္တာမဟုတ္ဘဲ တြယ္ဝိုက္ၿပီးေျပာဆိုခဲ့တာပါ ။ သို႔ေပမဲ့ ခ်စ္သူေကာင္ေလးက တစ္ကယ္ထင္မွတ္ၿပီး Valentine Day ေန႔မွာ လက္ဗလာနဲ႔ေရာက္လာၿပီး ေကာင္မေလးအတြက္ ဘားပစၥည္းလက္ေဆာင္မွ မေပးခဲ့ပါဘူး ။ ဒါေၾကာင့္ ေကာင္မေလးကအေတာ္ေလးစိတ္ဆိုးေဒါသထြက္သြားပါေတာ့တယ္ ။

Zhen Yuan Wang အမည္႐ွိတဲ့ ခ်စ္သူေကာင္ေလးရဲ႕ ေျပာျပခ်က္အရ ” သူမေျပာခဲ့တာက သူမဆိုလိုတဲ့အရာမဟုတ္ဘူးဆိုေတာ့ ကြၽန္ေတာ္ဘယ္လိုလုပ္ရမလဲ မသိေတာ့ပါဘူး ၊ Valentine Day မေရာက္ခင္တစ္ပတ္အလိုက သူမ ေျပာခဲ့တာေလ ၊ အဲ့ေတာ့ ကြၽန္ေတာ္ဘာကိုသြားၿပီး ယံုရမွာလဲ ၊ အခ်ိန္ၾကာလာေတာ့ အဲ့ကိစၥေၾကာင့္နဲ႔ သူမကလမ္းခြဲခ်င္ၿပီ လို႔ေျပာခဲ့တယ္ ” ဆိုၿပီးေျပာျပသြားခဲ့ပါတယ္ ။ ထို႔ေၾကာင့္ Zhen Yuan က ေကာင္မေလးထံအခြင့္အေရးေနာက္တစ္ေခါက္ေလာက္ထပ္ေပးဖို႔ လူၾကားထဲမွာ ဒူးေထာက္ၿပီးေတာင္းပန္ခဲ့ပါေတာ့တယ္ ။ သို႔ေပမဲ့လည္း ေကာင္မေလးဟာ အေတာ္ေလးစိတ္ဆိုးေဒါသထြက္ေနေသးပံုရၿပီး Zhen ကိုေအာ္ဟစ္ကာ တြန္ဖယ္ပစ္ခဲ့ပါေသးတယ္ ။ သို႔ေပမဲ့ Zhen Yuan ဟာလက္မေလ်ွာ့ဘဲ အႀကိမ္ႀကိမ္ဦးၫြတ္ၿပီးေတာင္းပန္ခဲ့ပါတယ္ ။

အဆိုပါအျဖစ္အပ်က္ video ကို လူအမ်ားစုကေတာ့ တကယ္ျဖစ္ရပ္မွန္ ျဖစ္ရပ္မ်ိဳးမဟုတ္ဘဲ သ႐ုပ္ေဆာင္ project တစ္ခုအတြက္ ႐ိုက္ယူခဲ့တာျဖစ္ေၾကာင္း ျငင္းဆိုခဲ့ၾကပါတယ္ ။ အခ်ိဳ႕ေသာသူမ်ားကေတာ့ သ႐ုပ္ေဆာင္ၾကတာဆိုရင္ေတာင္ လူၾကားထဲမွာ ေယာက်ၤားေလးက ဒူးေထာက္ၿပီးေတာင္းပန္ရတဲ့အျဖစ္မ်ိဳးက လံုးဝမျဖစ္သင့္ေၾကာင္း ေထာက္ျပခဲ့ၾကပါတယ္ ။ အခ်ိဳ႕က်ေတာ့လည္း အခုအျဖစ္ဟာ ျဖစ္ရပ္မွန္ျဖစ္ေၾကာင္း အမ်ိဳးမ်ိဳးျငင္းဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မိန်းကလေးတွေ အတော်များများဟာ သူတို့ရဲ့သဘောသဘာဝအရ ဖြစ်ချင်တာ ၊ ရချင်တာတွေကို တွယ်ဝိုက်ပြီး ချစ်သူတွေထံတောင်းဆိုတတ်ကြပါတယ် ။ ကောင်မလေးတွေက မရချင်ဘူး ၊ မလိုပါဘူး လို့ပြောလိုက်တဲ့စကားမျိုးတွေကို အခြေအနေ ၊ အချိန်အခါမကြည့်ဘဲ ယုံစားမိခဲ့ရင်တော့ အရိပ်အကဲမသိဘူးလို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း စင်ကာပူနိုင်ငံက ကောင်မလေးတစ်ယောက်ဟာ သူမရဲ့ချစ်သူကောင်လေးကို Valentine နေ့အတွက် ဘာပစ္စည်းလက်ဆောင်မှမလိုချင်ပါဘူးဆိုပြီး ပြောဆိုခဲ့ပါတယ် ။ ဒါပေမဲ့ကောင်မလေးက အဲ့အဓိပ္ပါယ်နဲ့ပြောလိုက်တာမဟုတ်ဘဲ တွယ်ဝိုက်ပြီးပြောဆိုခဲ့တာပါ ။ သို့ပေမဲ့ ချစ်သူကောင်လေးက တစ်ကယ်ထင်မှတ်ပြီး Valentine Day နေ့မှာ လက်ဗလာနဲ့ရောက်လာပြီး ကောင်မလေးအတွက် ဘားပစ္စည်းလက်ဆောင်မှ မပေးခဲ့ပါဘူး ။ ဒါကြောင့် ကောင်မလေးကအတော်လေးစိတ်ဆိုးဒေါသထွက်သွားပါတော့တယ် ။

Zhen Yuan Wang အမည်ရှိတဲ့ ချစ်သူကောင်လေးရဲ့ ပြောပြချက်အရ ” သူမပြောခဲ့တာက သူမဆိုလိုတဲ့အရာမဟုတ်ဘူးဆိုတော့ ကျွန်တော်ဘယ်လိုလုပ်ရမလဲ မသိတော့ပါဘူး ၊ Valentine Day မရောက်ခင်တစ်ပတ်အလိုက သူမ ပြောခဲ့တာလေ ၊ အဲ့တော့ ကျွန်တော်ဘာကိုသွားပြီး ယုံရမှာလဲ ၊ အချိန်ကြာလာတော့ အဲ့ကိစ္စကြောင့်နဲ့ သူမကလမ်းခွဲချင်ပြီ လို့ပြောခဲ့တယ် ” ဆိုပြီးပြောပြသွားခဲ့ပါတယ် ။ ထို့ကြောင့် Zhen Yuan က ကောင်မလေးထံအခွင့်အရေးနောက်တစ်ခေါက်လောက်ထပ်ပေးဖို့ လူကြားထဲမှာ ဒူးထောက်ပြီးတောင်းပန်ခဲ့ပါတော့တယ် ။ သို့ပေမဲ့လည်း ကောင်မလေးဟာ အတော်လေးစိတ်ဆိုးဒေါသထွက်နေသေးပုံရပြီး Zhen ကိုအော်ဟစ်ကာ တွန်ဖယ်ပစ်ခဲ့ပါသေးတယ် ။ သို့ပေမဲ့ Zhen Yuan ဟာလက်မလျှော့ဘဲ အကြိမ်ကြိမ်ဦးညွတ်ပြီးတောင်းပန်ခဲ့ပါတယ် ။

အဆိုပါအဖြစ်အပျက် video ကို လူအများစုကတော့ တကယ်ဖြစ်ရပ်မှန် ဖြစ်ရပ်မျိုးမဟုတ်ဘဲ သရုပ်ဆောင် project တစ်ခုအတွက် ရိုက်ယူခဲ့တာဖြစ်ကြောင်း ငြင်းဆိုခဲ့ကြပါတယ် ။ အချို့သောသူများကတော့ သရုပ်ဆောင်ကြတာဆိုရင်တောင် လူကြားထဲမှာ ယောင်္ကျားလေးက ဒူးထောက်ပြီးတောင်းပန်ရတဲ့အဖြစ်မျိုးက လုံးဝမဖြစ်သင့်ကြောင်း ထောက်ပြခဲ့ကြပါတယ် ။ အချို့ကျတော့လည်း အခုအဖြစ်ဟာ ဖြစ်ရပ်မှန်ဖြစ်ကြောင်း အမျိုးမျိုးငြင်းဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment