လံုျခံဳေရးအေစာင့္ေတြရဲ႕လစာမေပးလို႔ဆိုၿပီး အမ်ိဳးသားတစ္ဦးကိုေသတဲ့အထိ ႐ိုတ္သတ္ခဲ့သူ (႐ုပ္ /သံ)

ၿပီးခဲ့တဲ့ရက္ပိုင္းမွာေတာ့ မေလး႐ွားႏိုင္ငံ ၊Selangor ၿမိဳ႕မွာ႐ွိတဲ့ Petaling Jaya ကြန္ဒိုတိုက္တန္းတစ္ခုမွာ အမ်ိဳးသားတစ္ဦးကို 54ႏွစ္အရြယ္လံုျခံဳေရးအေစာင့္တစ္ဦးက ဆိုင္ကယ္ဦးထုပ္ျဖင့္႐ိုက္သတ္မႈ ျဖစ္ပြားခဲ့ပါတယ္ ။၎အမိ်ဳးသား၏႐ုပ္အေလာင္းကိုေတာ့ စက္တင္ဘာလ 2ရက္ေန႔ မေန႔ညေနခင္း 3နာရီအခ်ိန္မွာ ၊ ေသာ့ခတ္ထားတဲ့ဝန္ထမ္းေတြအသံုးျပဳတဲ့ သန္႔စင္ခန္းထဲမွာ ေတြ႔႐ွိခဲ့တာပဲျဖစ္ပါတယ္ ။ရဲအရာ႐ွိမ်ားကေတာ့ တိုင္ၾကားမႈကို ညေန3 :18 မိနစ္မွာရ႐ွိခဲ့တာပဲျဖစ္ၿပီး ၊ အခင္းျဖစ္ပြားရာေနရာသို႔အလ်င္အျမန္သြားေရာက္ခဲ့ၾကပါတယ္ ။ ရဲအရာ႐ွိမ်ားေရာက္႐ွိသြားခ်ိန္မွာေတာ့ ေသဆံုးသြားၿပီးျဖစ္တဲ့အဆိုပါအမ်ိဳးသား၏ ႐ုပ္အေလာင္းဟာ ေသြးအိုင္ေတြထဲမွာလဲက်ေနတာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ ေဆးအကူအဖြဲ႔မ်ားကလည္း အဆိုပါအမ်ိဳးသားဟာေသဆံုးခဲ့ၿပီျဖစ္ေၾကာင္း အတည္ျပဳေပခဲ့ၾကပါတယ္ ။

ရဲအရာ႐ွိမ်ားက စံုစမ္းစစ္ေဆးမႈကို CCTV ကေနစၿပီးစစ္ေဆးခဲ့ခ်ိန္မွာေတာ့ စက္တင္ဘာလ 1ရက္ေန႔ ညေန 6နာရီအခ်ိန္မွာ အဆိုပါေသဆံုသြားခဲ့တဲ့အမ်ိဳးသားကို လံုျခံဳေရးဝန္ထမ္းေတြရဲ႕ အခန္းထဲမွာ လူျခံဳေရးဝန္ထမ္းတစ္ဦးက ဆိုင္ကယ္ဦးထုပ္ျဖင့္႐ိုက္ႏွက္ေနခဲ့တာကို ေတြ႔႐ွိခဲ့ရပါတယ္ ။ရဲအရာ႐ွိမ်ားဟာ စံုစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ရန္အတြက္ လံုျခံဳေရးအေစာင့္ 2ဦးႏွင့္ မန္ေနဂ်ာတစ္ဦးတို႔ကို ဖမ္းဆီးေခၚေဆာင္သြားခဲ့ၾကပါတယ္ ။

ျပစ္မႈက်ဴ းလြန္သူမွာေတာ့ အသက္ 54ႏွစ္အရြယ္ Lee Poh Meng အမည္႐ွိတဲ့ လံုျခံဳေရး Supervisor တစ္ဦးျဖစ္ၿပီး ၊ ၎တို႔အားလံုးဟာ Puchong ၿမိဳ႕မွာအေျခခ်ထားတဲ့ လံုျခံဳေရးလုပ္ငန္းတစ္ခု၏ ဝန္ထမ္းမ်ားျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ အဆိုပါျပစ္မႈအတြက္ ရဲအရာ႐ွိမ်ားက ေသခ်ာေသာသတင္းအခ်က္အလက္မ်ားရ႐ွိႏိုင္ရန္အတြက္ စံုစမ္းစစ္ေဆးမႈမ်ားဆက္လက္ျပဳလုပ္ေနေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ရက်ပိုင်းမှာတော့ မလေးရှားနိုင်ငံ ၊Selangor မြို့မှာရှိတဲ့ Petaling Jaya ကွန်ဒိုတိုက်တန်းတစ်ခုမှာ အမျိုးသားတစ်ဦးကို 54နှစ်အရွယ်လုံခြုံရေးအစောင့်တစ်ဦးက ဆိုင်ကယ်ဦးထုပ်ဖြင့်ရိုက်သတ်မှု ဖြစ်ပွားခဲ့ပါတယ် ။၎င်းအမျိုးသား၏ရုပ်အလောင်းကိုတော့ စက်တင်ဘာလ 2ရက်နေ့ မနေ့ညနေခင်း 3နာရီအချိန်မှာ ၊ သော့ခတ်ထားတဲ့ဝန်ထမ်းတွေအသုံးပြုတဲ့ သန့်စင်ခန်းထဲမှာ တွေ့ရှိခဲ့တာပဲဖြစ်ပါတယ် ။ရဲအရာရှိများကတော့ တိုင်ကြားမှုကို ညနေ3 :18 မိနစ်မှာရရှိခဲ့တာပဲဖြစ်ပြီး ၊ အခင်းဖြစ်ပွားရာနေရာသို့အလျင်အမြန်သွားရောက်ခဲ့ကြပါတယ် ။ ရဲအရာရှိများရောက်ရှိသွားချိန်မှာတော့ သေဆုံးသွားပြီးဖြစ်တဲ့အဆိုပါအမျိုးသား၏ ရုပ်အလောင်းဟာ သွေးအိုင်တွေထဲမှာလဲကျနေတာကို တွေ့ရှိခဲ့ရပါတယ် ။ ဆေးအကူအဖွဲ့များကလည်း အဆိုပါအမျိုးသားဟာသေဆုံးခဲ့ပြီဖြစ်ကြောင်း အတည်ပြုပေခဲ့ကြပါတယ် ။

ရဲအရာရှိများက စုံစမ်းစစ်ဆေးမှုကို CCTV ကနေစပြီးစစ်ဆေးခဲ့ချိန်မှာတော့ စက်တင်ဘာလ 1ရက်နေ့ ညနေ 6နာရီအချိန်မှာ အဆိုပါသေဆုံသွားခဲ့တဲ့အမျိုးသားကို လုံခြုံရေးဝန်ထမ်းတွေရဲ့ အခန်းထဲမှာ လူခြုံရေးဝန်ထမ်းတစ်ဦးက ဆိုင်ကယ်ဦးထုပ်ဖြင့်ရိုက်နှက်နေခဲ့တာကို တွေ့ရှိခဲ့ရပါတယ် ။ရဲအရာရှိများဟာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ရန်အတွက် လုံခြုံရေးအစောင့် 2ဦးနှင့် မန်နေဂျာတစ်ဦးတို့ကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြပါတယ် ။

ပြစ်မှုကျူ းလွန်သူမှာတော့ အသက် 54နှစ်အရွယ် Lee Poh Meng အမည်ရှိတဲ့ လုံခြုံရေး Supervisor တစ်ဦးဖြစ်ပြီး ၊ ၎င်းတို့အားလုံးဟာ Puchong မြို့မှာအခြေချထားတဲ့ လုံခြုံရေးလုပ်ငန်းတစ်ခု၏ ဝန်ထမ်းများဖြစ်ကြောင်းသိရှိရပါတယ် ။ အဆိုပါပြစ်မှုအတွက် ရဲအရာရှိများက သေချာသောသတင်းအချက်အလက်များရရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးမှုများဆက်လက်ပြုလုပ်နေကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "လံုျခံဳေရးအေစာင့္ေတြရဲ႕လစာမေပးလို႔ဆိုၿပီး အမ်ိဳးသားတစ္ဦးကိုေသတဲ့အထိ ႐ိုတ္သတ္ခဲ့သူ (႐ုပ္ /သံ)"

Leave a comment

Your email address will not be published.


*