ကိုယ့္ခ်စ္သူကိုႏိုင္ေအာင္မထိန္းဘဲ Club က အကမယ္ကို႐ိုက္ႏွက္ခဲ့တဲ့ အမ်ိဳးသမီး (႐ုပ္သံ)

ဒီအျဖစ္အပ်က္ကေတာ့ ကိုယ္ကလူပ်ိဳလူလြတ္မဟုတ္ရင္ ၊ ခ်စ္သူရည္းစား႐ွိေနတဲ့သူျဖစ္ေနရင္ Club ေတြမွာ သြားေပ်ာ္ပါးတာမလုပ္သင့္ဘူးလို႔ ေျပာရေလာက္ေအာင္ပါပဲ ။ ဒီတစ္ေခါက္မွာေတာ့ အမ်ိဳးသားတစ္ေယာက္ဟာ Club တစ္ခုမွာ သြားေပ်ာ္ပါးရင္း စင္ေပၚအထိတက္ကာ ခံုေပၚမွာထိုင္ၿပီး အကမယ္ရဲ႕ မိမိရရဆြဲေဆာင္လြန္းတဲ့အကမ်ိဳးနဲ႔ ေဖ်ာ္ေျဖျပေနတာကို သာယာေနခဲ့တာပါ ။ ထိုအခ်ိန္မွာေတာ့ မေမ်ွာ္လင့္ဘဲ အဆိုပါအမ်ိဳးသားရဲ႕ ခ်စ္သူေကာင္မေလးဟာ စင္ေပၚအထိေရာက္႐ွိလာၿပီး ကျပေနတဲ့အကမယ္ေလးကို အားနဲ႔တြန္းထုတ္ပစ္ခဲ့ၿပီးေနာက္ ခ်စ္သူအမ်ိဳးသားကိုစင္ေပၚကေနလက္ဆြဲၿပီး ေခၚထုတ္သြားခဲ့ပါတယ္ ။

အဆိုပါ Club ရဲ႕ေနရာအတိအက်ကိုေတာ့ သိ႐ွိရျခင္းမ်ိဳးမ႐ွိေပမဲ့လည္း အဆိုပါအျဖစ္အပ်က္ video ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးပ်ံႏွံ႔သြားခဲ့ပါေသးတယ္ ။ လူအမ်ားစုကေတာ့ အကမယ္ဟာ သူ႔အလုပ္ကိုသူလုပ္ကိုင္ေနတာျဖစ္တဲ့အတြက္ ယခုလိုမ်ိဳးဆက္ဆံခံရျခင္းမ်ိဳးနဲ႔မထိုက္တန္ေၾကာင္း ေျပာဆိုခဲ့ၾကပါတယ္ ။

အခ်ိဳ႕ေသာသူမ်ားကေတာ့ အဆိုပါအမ်ိဳးသားကိုသာ အျပစ္တင္ခဲ့ၾကၿပီး ၊ အကမယ္ဟာ ကျပေဖ်ာ္ေျဖရံုသက္သက္သာျဖစ္ၿပီး တစ္ပါးသူကိုေဖာက္ျပန္ေအာင္ လိမ္လည္လွည့္စားတာမ်ိဳးမဟုတ္ေၾကာင္း အကမယ္ဖက္ကေန ေထာက္ခံေျပာဆိုေပးခဲ့ပါတယ္ ။ ကိုယ့္ရဲ႕ခ်စ္သူကိုသာ ႏိုင္ေအာင္မထိန္းဘဲ အျခားသူေတြထိခိုက္နစ္နာသြားေအာင္ လုပ္ခဲ့တဲ့ခ်စ္သူမိန္းကေလးမွာလည္း ေဝဖန္မႈမ်ားခံခဲ့ရပါတယ္ ။

Jasmine (Mckzone Daily)

Source:STOMP

Unicode

ဒီအဖြစ်အပျက်ကတော့ ကိုယ်ကလူပျိုလူလွတ်မဟုတ်ရင် ၊ ချစ်သူရည်းစားရှိနေတဲ့သူဖြစ်နေရင် Club တွေမှာ သွားပျော်ပါးတာမလုပ်သင့်ဘူးလို့ ပြောရလောက်အောင်ပါပဲ ။ ဒီတစ်ခေါက်မှာတော့ အမျိုးသားတစ်ယောက်ဟာ Club တစ်ခုမှာ သွားပျော်ပါးရင်း စင်ပေါ်အထိတက်ကာ ခုံပေါ်မှာထိုင်ပြီး အကမယ်ရဲ့ မိမိရရဆွဲဆောင်လွန်းတဲ့အကမျိုးနဲ့ ဖျော်ဖြေပြနေတာကို သာယာနေခဲ့တာပါ ။ ထိုအချိန်မှာတော့ မမျှော်လင့်ဘဲ အဆိုပါအမျိုးသားရဲ့ ချစ်သူကောင်မလေးဟာ စင်ပေါ်အထိရောက်ရှိလာပြီး ကပြနေတဲ့အကမယ်လေးကို အားနဲ့တွန်းထုတ်ပစ်ခဲ့ပြီးနောက် ချစ်သူအမျိုးသားကိုစင်ပေါ်ကနေလက်ဆွဲပြီး ခေါ်ထုတ်သွားခဲ့ပါတယ် ။

အဆိုပါ Club ရဲ့နေရာအတိအကျကိုတော့ သိရှိရခြင်းမျိုးမရှိပေမဲ့လည်း အဆိုပါအဖြစ်အပျက် video ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးပျံနှံ့သွားခဲ့ပါသေးတယ် ။ လူအများစုကတော့ အကမယ်ဟာ သူ့အလုပ်ကိုသူလုပ်ကိုင်နေတာဖြစ်တဲ့အတွက် ယခုလိုမျိုးဆက်ဆံခံရခြင်းမျိုးနဲ့မထိုက်တန်ကြောင်း ပြောဆိုခဲ့ကြပါတယ် ။

အချို့သောသူများကတော့ အဆိုပါအမျိုးသားကိုသာ အပြစ်တင်ခဲ့ကြပြီး ၊ အကမယ်ဟာ ကပြဖျော်ဖြေရုံသက်သက်သာဖြစ်ပြီး တစ်ပါးသူကိုဖောက်ပြန်အောင် လိမ်လည်လှည့်စားတာမျိုးမဟုတ်ကြောင်း အကမယ်ဖက်ကနေ ထောက်ခံပြောဆိုပေးခဲ့ပါတယ် ။ ကိုယ့်ရဲ့ချစ်သူကိုသာ နိုင်အောင်မထိန်းဘဲ အခြားသူတွေထိခိုက်နစ်နာသွားအောင် လုပ်ခဲ့တဲ့ချစ်သူမိန်းကလေးမှာလည်း ဝေဖန်မှုများခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment