ကမ္းေျခမွာ Pre-Wedding ဓာတ္ပံု႐ိုက္ရင္း အသက္ေသဆံုးမလိုျဖစ္ခဲ့ရတဲ့ စံုတြဲရဲ႕ ေမ့ေဖ်ာက္လို႔မရႏိုင္တဲ့အျဖစ္ (႐ုပ္သံ)

ေစ့စပ္ထားတဲ့စံုတြဲေတြ ၊ လက္ထပ္ေတာ့မဲ့စံုတြဲေတြအတြက္ စိတ္လႈပ္႐ွားဖို႔အေကာင္းဆံုးအရာက Pre-Wedding ဓာတ္ပံုေတြ႐ိုက္ဖို႔ျဖစ္ပါတယ္ ။ ထို႔အျပင္ ယခုခ်ိန္မွာေတာ့ outdoor shoots ေတြကိုသာဦးစားေရြးခ်ယ္ၿပီး ဓာတ္ပံု႐ိုက္ၾကတာမ်ိဳးပိုမ်ားလာပါတယ္ ။ သို႔ေပမဲ့လည္း စံုတြဲတစ္တြဲကေတာ့ ၎တို႔ pre-wedding ဓာတ္ပံု႐ိုက္ခဲ့တဲ့အျဖစ္အပ်က္ကိုေတာ့ တစ္သက္လံုး ေမ့ေဖ်ာက္ပစ္ႏိုင္ေတာ့မွာမဟုတ္ပါဘူး ။ အျဖစ္အပ်က္ကေတာ့ အဆိုပါစံုတြဲဟာ California ျပည္နယ္ ေတာင္ဖက္ပိုင္းမွာ႐ွိတဲ့ Treasure Island ကမ္းေျခမွာ ဓာတ္ပံု႐ိုက္ေနရင္း ႀကီးမားလြန္းတဲ့လႈိင္းလံုးႀကီးက ႐ိုက္ခတ္လာခဲ့လို႔ လႈိင္းလံုးႀကီးနဲ႔အတူ ပင္လယ္ထဲသို႔ဆြဲေခၚသြားျခင္းခံခဲ့ရပါေတာ့တယ္ ။

အဆိုပါ video ထဲမွာေတာ့ စံုတြဲႏွစ္ေယာက္လံုးဟာ ေက်ာက္ေဆာင္ေပၚမွာ pose ေပးေနတုန္း အေနာက္ဖက္ကေန လႈိင္းလံုးႀကီး႐ိုက္ခတ္လာေနခဲ့တာကို ေတြ႔႐ွိရမွာပါ ။ Video ကိုေတာ့ Montage Hotel မွာတည္းခိုေနတဲ့ သူတစ္ဦးက ႐ိုက္ကူးမိခဲ့တာျဖစ္ၿပီး ၊ အဆိုပါအျဖစ္အပ်က္ကို မ်က္ျမင္ကိုယ္ေတြ႔ေတြ႔႐ွိခဲ့ၿပီးေနာက္မွာေတာ့ အေရးေပၚကယ္ဆယ္ေရးအဖြဲ႔ကို ဆက္သြယ္အေၾကာင္းၾကားေပးခဲ့ေၾကာင္းလည္းသိ႐ွိရပါတယ္ ။

ကမ္းေျခအနီးနားမွာ႐ွိတဲ့ ကယ္ဆယ္ေရးအဖြဲ႔မ်ားက သတို႔သမီးကို ကယ္ဆယ္ေရးပိုက္လံုေတြနဲ႔ ပင္လယ္ထဲကေနကယ္ထုတ္ေပးေနခဲ့တာကို video ထဲမွာေတြ႔႐ွိရမွာပါ ။ သတို႔သားမွာေတာ့ ကမ္းေျခအနီး႐ွိ ကယ္ဆယ္ေရးသမားတစ္ဦးရဲ႕ လက္ေမာင္းေပၚမွာ ေမ့ေျမာေနခဲ့တာပါ ။ ကံေကာင္းေထာက္မစြာနဲ႔ အဆိုပါအျဖစ္အပ်က္မွာ မည္သူတစ္ဦးတစ္ေယာက္ကမွ ထိခိုက္ဒဏ္ရာရ႐ွိခဲ့ျခင္းမ်ိဳးမ႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

စေ့စပ်ထားတဲ့စုံတွဲတွေ ၊ လက်ထပ်တော့မဲ့စုံတွဲတွေအတွက် စိတ်လှုပ်ရှားဖို့အကောင်းဆုံးအရာက Pre-Wedding ဓာတ်ပုံတွေရိုက်ဖို့ဖြစ်ပါတယ် ။ ထို့အပြင် ယခုချိန်မှာတော့ outdoor shoots တွေကိုသာဦးစားရွေးချယ်ပြီး ဓာတ်ပုံရိုက်ကြတာမျိုးပိုများလာပါတယ် ။ သို့ပေမဲ့လည်း စုံတွဲတစ်တွဲကတော့ ၎င်းတို့ pre-wedding ဓာတ်ပုံရိုက်ခဲ့တဲ့အဖြစ်အပျက်ကိုတော့ တစ်သက်လုံး မေ့ဖျောက်ပစ်နိုင်တော့မှာမဟုတ်ပါဘူး ။ အဖြစ်အပျက်ကတော့ အဆိုပါစုံတွဲဟာ California ပြည်နယ် တောင်ဖက်ပိုင်းမှာရှိတဲ့ Treasure Island ကမ်းခြေမှာ ဓာတ်ပုံရိုက်နေရင်း ကြီးမားလွန်းတဲ့လှိုင်းလုံးကြီးက ရိုက်ခတ်လာခဲ့လို့ လှိုင်းလုံးကြီးနဲ့အတူ ပင်လယ်ထဲသို့ဆွဲခေါ်သွားခြင်းခံခဲ့ရပါတော့တယ် ။

အဆိုပါ video ထဲမှာတော့ စုံတွဲနှစ်ယောက်လုံးဟာ ကျောက်ဆောင်ပေါ်မှာ pose ပေးနေတုန်း အနောက်ဖက်ကနေ လှိုင်းလုံးကြီးရိုက်ခတ်လာနေခဲ့တာကို တွေ့ရှိရမှာပါ ။ Video ကိုတော့ Montage Hotel မှာတည်းခိုနေတဲ့ သူတစ်ဦးက ရိုက်ကူးမိခဲ့တာဖြစ်ပြီး ၊ အဆိုပါအဖြစ်အပျက်ကို မျက်မြင်ကိုယ်တွေ့တွေ့ရှိခဲ့ပြီးနောက်မှာတော့ အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ကို ဆက်သွယ်အကြောင်းကြားပေးခဲ့ကြောင်းလည်းသိရှိရပါတယ် ။

ကမ်းခြေအနီးနားမှာရှိတဲ့ ကယ်ဆယ်ရေးအဖွဲ့များက သတို့သမီးကို ကယ်ဆယ်ရေးပိုက်လုံတွေနဲ့ ပင်လယ်ထဲကနေကယ်ထုတ်ပေးနေခဲ့တာကို video ထဲမှာတွေ့ရှိရမှာပါ ။ သတို့သားမှာတော့ ကမ်းခြေအနီးရှိ ကယ်ဆယ်ရေးသမားတစ်ဦးရဲ့ လက်မောင်းပေါ်မှာ မေ့မြောနေခဲ့တာပါ ။ ကံကောင်းထောက်မစွာနဲ့ အဆိုပါအဖြစ်အပျက်မှာ မည်သူတစ်ဦးတစ်ယောက်ကမှ ထိခိုက်ဒဏ်ရာရရှိခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment