ဖုန္းမဝယ္ေပးႏိုင္လို႔ဆိုၿပီး သမီးျဖစ္သူရဲ႕စိတ္ဆိုးေဒါသထြက္တာကိုခံခဲ့ရၿပီး စိတ္ဓာတ္က်ကာအဆံုးစီရင္ခဲ့တဲ့ဖခင္

အိႏၷိယႏိုင္ငံ ၊ Tripura ျပည္နယ္မွာ ေနထိုင္တဲ့ အသက္ 50အရြယ္အမ်ိဳးသားဟာ သူ၏သမီးျဖစ္သူလိုအပ္တဲ့ ဖုန္းပံုစံမ်ိဳးနဲ႔လႊဲမွားၿပီး ဖုန္းဝယ္လာမိခဲ့လို႔ဆိုၿပီး စိတ္မခ်မ္းမသာျဖစ္ကာ ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါတယ္ ။ သတင္းအရ သမီးျဖစ္သူဟာ 10တန္းေက်ာင္းသူတစ္ေယာက္ျဖစ္ၿပီး ၊ Online Classes တက္ေရာက္သင္ၾကားႏိုင္ဖို႔အတြက္ smartphone လိုအပ္ေၾကာင္း ဖခင္ျဖစ္သူကို ေတာင္းဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း စိုက္ပ်ိဳးေရးလုပ္ငန္းေတြသာ လုပ္ကိုင္ေနရတဲ့ဖခင္ျဖစ္သူက ေငြေၾကးမတတ္ႏိုင္လို႔ သာမန္ keypad phone ကိုသာ ဝယ္ေပးခဲ့လို႔ သမီးျဖစ္သူမွာ အေတာ္ေလးစိတ္ဆိုးေဒါသထြက္ခဲ့ပါေတာ့တယ္ ။

ထို႔ေၾကာင့္ သားအဖႏွစ္ေယာက္ရန္ျဖစ္စကားမ်ားၾကရင္း သမီးျဖစ္သူကိုအဆိုပါဖုန္းကို႐ိုက္ခြဲပစ္ခဲ့ပါေတာ့တယ္ ။ ဖခင္ျဖစ္သူမွာလည္း စိတ္ဓာတ္က်ၿပီးအိပ္ခန္းထဲသို႔ဝင္ေရာက္သြားခဲ့ကာ ေနာက္တစ္ရက္မွာေတာ့ ဖခင္ျဖစ္သူကို အိပ္ခန္းထဲမွာ ေသဆံုးလ်က္သားျဖင့္ေတြ႔႐ွိခဲ့ရပါေတာ့တယ္ ။

ရဲအရာ႐ွိမ်ားကလာေရာက္စစ္ေဆးခဲ့ခ်ိန္မွာေတာ့ အိမ္အတြင္းရန္ျဖစ္စကားမ်ားမႈမ်ား႐ွိခဲ့ေၾကာင္းကိုသိ႐ွိခဲ့ရၿပီးေနာက္ ၊ ဖခင္ျဖစ္သူေသဆံုးမႈဟာ သာမာန္ေသဆံုးမႈမ်ိဳးမဟုတ္ေၾကာင္း ထုတ္ျပန္ခဲ့ပါတယ္ ။ ယခုလို online classes ေတြတက္ေရာက္သင္ၾကားေနရတဲ့အျဖစ္ေၾကာင့္ အခ်ိဳ႕ေသာဆင္းရဲတဲ့ေက်ာင္းသားေတြမွာ အေတာ္ေလးအခက္အခဲ႐ွိခဲ့ၾကၿပီး၊ ၿပီးခဲ့တဲ့လကဆိုရင္ အိႏၷိယႏိုင္ငံမွေက်ာင္းသူေလးတစ္ေယာက္ဟာ ဖုန္းမဝယ္ႏိုင္လို႔ဆိုၿပီး ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

အိန္နိယနိုင်ငံ ၊ Tripura ပြည်နယ်မှာ နေထိုင်တဲ့ အသက် 50အရွယ်အမျိုးသားဟာ သူ၏သမီးဖြစ်သူလိုအပ်တဲ့ ဖုန်းပုံစံမျိုးနဲ့လွှဲမှားပြီး ဖုန်းဝယ်လာမိခဲ့လို့ဆိုပြီး စိတ်မချမ်းမသာဖြစ်ကာ ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါတယ် ။ သတင်းအရ သမီးဖြစ်သူဟာ 10တန်းကျောင်းသူတစ်ယောက်ဖြစ်ပြီး ၊ Online Classes တက်ရောက်သင်ကြားနိုင်ဖို့အတွက် smartphone လိုအပ်ကြောင်း ဖခင်ဖြစ်သူကို တောင်းဆိုခဲ့ပါတယ် ။ သို့ပေမဲ့လည်း စိုက်ပျိုးရေးလုပ်ငန်းတွေသာ လုပ်ကိုင်နေရတဲ့ဖခင်ဖြစ်သူက ငွေကြေးမတတ်နိုင်လို့ သာမန် keypad phone ကိုသာ ဝယ်ပေးခဲ့လို့ သမီးဖြစ်သူမှာ အတော်လေးစိတ်ဆိုးဒေါသထွက်ခဲ့ပါတော့တယ် ။

ထို့ကြောင့် သားအဖနှစ်ယောက်ရန်ဖြစ်စကားများကြရင်း သမီးဖြစ်သူကိုအဆိုပါဖုန်းကိုရိုက်ခွဲပစ်ခဲ့ပါတော့တယ် ။ ဖခင်ဖြစ်သူမှာလည်း စိတ်ဓာတ်ကျပြီးအိပ်ခန်းထဲသို့ဝင်ရောက်သွားခဲ့ကာ နောက်တစ်ရက်မှာတော့ ဖခင်ဖြစ်သူကို အိပ်ခန်းထဲမှာ သေဆုံးလျက်သားဖြင့်တွေ့ရှိခဲ့ရပါတော့တယ် ။

ရဲအရာရှိများကလာရောက်စစ်ဆေးခဲ့ချိန်မှာတော့ အိမ်အတွင်းရန်ဖြစ်စကားများမှုများရှိခဲ့ကြောင်းကိုသိရှိခဲ့ရပြီးနောက် ၊ ဖခင်ဖြစ်သူသေဆုံးမှုဟာ သာမာန်သေဆုံးမှုမျိုးမဟုတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ် ။ ယခုလို online classes တွေတက်ရောက်သင်ကြားနေရတဲ့အဖြစ်ကြောင့် အချို့သောဆင်းရဲတဲ့ကျောင်းသားတွေမှာ အတော်လေးအခက်အခဲရှိခဲ့ကြပြီး၊ ပြီးခဲ့တဲ့လကဆိုရင် အိန္နိယနိုင်ငံမှကျောင်းသူလေးတစ်ယောက်ဟာ ဖုန်းမဝယ်နိုင်လို့ဆိုပြီး ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment