အမှောင်ထဲမှာညတိုင်း Mobile Game ကစားနေခဲ့လို့ မျက်လုံးတိမ်စွဲသွားခဲ့ရတဲ့ အမျိုးသမီး

မျက်လုံးတိမ်စွဲသွားတယ်ဆိုတာ မျက်လုံးဟာပုံမှန်မဟုတ်တဲ့ဖိအားအများအပြားခံစားရသောကြောင့် အာရုံကြောထိခိုက်ပျက်ဆီးမှုကိုခံစားခဲ့ရပြီး မည့်သည့်အသက်အရွယ်မျိုးမဆို မျက်စိကွယ်နိုင်ပြီး ၊ များသောအားဖြင့် အသက် 60ကျော်အရွယ်များသာလျှင် အဖြစ်များကြောင်း သိရှိရပါတယ် ။သို့ပေမဲ့လည်း တရုတ်နိုင်ငံမှ အသက် 29နှစ်အရွယ်အမျိုးသမီးဟာ ညအိပ်ယာမဝင်ခင်သူငယ်ချင်းဖြစ်သူနှင့် အမြဲMobile Game ဆော့နေခဲ့လို့ သူမ၏မျက်လုံး တိမ်စွဲခြင်းကို ခံစားခဲ့ရပါတယ် ။ဖြစ်စဉ်ကတော့ အဆိုပါအမျိုးသမီးနှင့် သူမ၏သူငယ်ချင်းဖြစ်သူတို့မှာ Mobile Game မှာတစ်ဖွဲ့တည်းကစားခဲ့ကြရင်း အတော်အကြိုက်တွေ့ခဲ့ကြ၍ ညတိုင်းGame အတူကစားရန် သဘောတူခဲ့ကြပါတယ် ။ အစပိုင်းမှာတော့ သူမဟာအိပ်ယာမဝင်ခင် တစ်ပွဲသာဆော့ကစားရန်စည်းကမ်းချက်ချထားပေမဲ့လည်း နောက်ပိုင်းမှာတော့ သူမတို့အသင်း အရှုံးနှင့်သာရင်ဆိုင်နေရ၍ သူမ၏သူငယ်ချင်းက နောက်တစ်ပွဲဆက်ကစားရန်တောင်းဆိုခဲ့ရင်းနှင့် နောက်ပိုင်းညတွေမှာ မနက် 2 – 3နာရီအထိ ရောက်သွားခဲ့ပါတော့တယ် ။

တစ်ရက်မှာတော့ သူမ မနက်3နာရီအထိ game ကစားပြီးနောက် အိပ်ယာမှနိုးထလာချိန်မှာတော့ မျက်စိကျိန်းစပ်သလို ခံစားခဲ့ရပြီး မျက်လုံးမဖွင့်နိုင်တော့ဘူး ။ထို့နောက် သူမဟာကြောက်လန့်သွားခဲ့ပြီး ရက်အနည်းmobile game ဆော့ကစားခြင်းကိုရပ်နားခဲ့ပြီး သူမ၏မျက်လုံးကိုကုသခဲ့ပါတယ် ။ သို့ပေမဲ့ game ကစားတဲ့အကျင့်ကိုမဖျက်နိုင်ဘဲ ဆက်ကစားခဲ့ပြီး မနက်ခင်းအထိမကစားရန်သာ ဆုံးဖြတ်ခဲ့ပါတယ် ။ မကြာခင်မှာပဲ သူမ၏ညာဖက်မျက်လုံးဟာ လုံးဝနီရဲနေခဲ့တာကို သူမတွေ့ခဲ့ပါတော့တယ် ။သူမ၏ မျက်စိဘေးဖက် အဖြူ ရောင်များကို လုံးဝမတွေ့ရတော့တဲ့အတွက် သူမ ဆရာဝန်ဆီသို့အလျင်အမြန်သွားရောက်ပြသခဲ့ပေမဲ့လည်း ဆရာဝန်ကတော့ သူမ၏မျက်လုံးဟာ တိမ်စွဲသွားခဲ့ပြီဖြစ်ကြောင်း ဆေးစစ်ချက်ကိုပြောပြခဲ့ပါတယ် ။

ဆရာဝန်၏ သတိပေးချက်အရ ညဖက်အိပ်ရာမဝင်ခင် အမှောင်ထဲမှာ social media ၊ games ကစားခြင်း ၊ စာဖတ်ခြင်း အစရှိတဲ့အပြုအမှုများဟာ မျက်လုံးအတွက်အလွန်ထိခိုက်စေနိုင်ကြောင်း နှင့် မျက်လုံးကိုပိုပြီးခြောက်ကပ်စေပြီး ၊ ဖူးရောင်စေကာ မျက်လုံကိုပိုပြီးပင်ပန်းနွမ်းနယ်စေကြောင်းလည်း သတိပေးပြောကြားခဲ့ပါတယ် ။ အမှောင်ထဲမှာ ဖုန်းအသုံးပြုခြင်းဟာ ပိုမိုပြီးအာရုံစူးစိုက်ရတဲ့အတွက် အမြင်အာရုံကြောကိုပျက်စီးစေသည့်အပြင် တစ်ချိန်တည်းမှာပဲ မျက်စိအတွင်းရှိသွေးများလည်ပတ်မှုကိုလည်း ကန့်သတ်သလိုဖြစ်စေပြီး အမြင်အာရုံ၏Pressure ကိုပိုမိုမြင့်တက်စေကာ မျက်လုံးတိမ်စွဲခြင်းနှင့် မျက်စိကွယ်ခြင်းများကို ဖြစ်ပွားစေကြောင်း လေ့လာသိရှိရပါတယ် ။

Jasmine (Mckzone Daily)

Source: worldofbuzz

Be the first to comment on "အမှောင်ထဲမှာညတိုင်း Mobile Game ကစားနေခဲ့လို့ မျက်လုံးတိမ်စွဲသွားခဲ့ရတဲ့ အမျိုးသမီး"

Leave a comment

Your email address will not be published.


*