ေက်ာင္းသားေတြအကုန္Mask တပ္ထားၾကလို႔ ဆိုင္းဘုတ္ေလးနဲ႔ေျမးမေလးကိုရွာျပီးႀကိဳခဲ့ရတဲ့ အဘိုးအို

‘သားအခ်စ္ ေျမးအႏွစ္ ‘ဆိုတဲ့စကားအတိုင္း အဘိုးအဘြားေတြဟာ သူတို႔ရဲ႕ေျမးေလးေတြကိုအေတာ္ေလးခ်စ္ၾကၿပီး ၊ အျမဲ ေျမးေလးေတြကိုအခ်ိန္ေပးေလ့႐ိွၾကတဲ့သူေတြပါ ။ သို႔ေပမဲ့ ယခုလို Covid-19 ေရာဂါျဖစ္ပြားေနတဲ့အခ်ိန္ကာလအတြင္း ေက်ာင္းသားေတြအကုန္လံုးဟာ mask တပ္ၿပီးေက်ာင္းတက္ေနၾကရတာျဖစ္တဲ့အတြက္ အဘိုးအိုတစ္ေယာက္မွာေတာ့ လူၾကားထဲေျမးမေလးကို႐ွာေတြ႔ႏိုင္ဖို႔ အေတာ္ေလးကိုခက္ခဲသြားခဲ့လို႔ ခ်စ္ဖို႔ေကာင္းလြန္းတဲ့နည္းလမ္းတစ္ခုကို အသံုးျပဳခဲ့ပါတယ္ ။ Facebook စာမ်က္ႏွာမွာ ေဖာ္ျပထားတဲ့အတိုင္း ထိုင္းႏိုင္ငံက အဘိုးအိုဟာ ေျမးမေလးရဲ႕ခ်စ္စႏိုးအိမ္နာမည္ေလးကို ဆိုင္းဘုတ္ေလးမွာေရးထားၿပီး ေျမးမေလးကိုသြားႀကိဳခဲ့လို႔ပါပဲ ။

” ပံုစံအသစ္ ၊ ကေလးေတြအကုန္လံုးက mask တပ္ထားလို႔ ကိုယ့္ရဲ႕ကေလးကို႐ွာေတြ႔ဖို႔ ခက္ခဲမွာပါ ၊ ဒါကေတာ့ ကိုယ့္ကေလးကို ဘယ္လို႐ွာရမလဲဆိုတဲ့ နည္းလမ္းပါ ၊ ခ်စ္ဖို႔ေကာင္းလြန္းတဲ့ ေျမးအဘိုးပဲ ” ဆိုတဲ့ caption ေလးနဲ႔ ေျမးအဘိုးႏွစ္ေယာက္ရဲ႕ ဓာတ္ပံုကိုေဝမ်ွခဲ့ပါတယ္ ။ ေျမးမေလးရဲ႕ခ်စ္စႏိုးနာမည္ကေတာ့ ” ကိတ္မုန္႔ေလး” ျဖစ္ပါတယ္ ။

ထိုင္းႏိုင္ငံမွ ေက်ာင္းမ်ားဟာၿပီးခဲ့တဲ့ July 1 ရက္ေန႔မွာ ျပန္လည္ဖြင့္လွစ္ခဲ့ၾကၿပီး ေရာဂါကူးစက္မႈမ႐ွိေအာင္သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားနဲ႔အညီ ျပန္ဖြင့္ေပးခဲ့ၿပီး ေက်ာင္းသားမ်ားအားလံုးဟာ social distancing ေနၾကရတဲ့အျပင္ ၊ အားလံုး mask မ်ားလည္း တပ္ထားရၿပီး အျမဲကိုယ္အပူခ်ိန္စစ္ေဆးရေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

‘သားအချစ် မြေးအနှစ် ‘ဆိုတဲ့စကားအတိုင်း အဘိုးအဘွားတွေဟာ သူတို့ရဲ့မြေးလေးတွေကိုအတော်လေးချစ်ကြပြီး ၊ အမြဲ မြေးလေးတွေကိုအချိန်ပေးလေ့ရှိကြတဲ့သူတွေပါ ။ သို့ပေမဲ့ ယခုလို Covid-19 ရောဂါဖြစ်ပွားနေတဲ့အချိန်ကာလအတွင်း ကျောင်းသားတွေအကုန်လုံးဟာ mask တပ်ပြီးကျောင်းတက်နေကြရတာဖြစ်တဲ့အတွက် အဘိုးအိုတစ်ယောက်မှာတော့ လူကြားထဲမြေးမလေးကိုရှာတွေ့နိုင်ဖို့ အတော်လေးကိုခက်ခဲသွားခဲ့လို့ ချစ်ဖို့ကောင်းလွန်းတဲ့နည်းလမ်းတစ်ခုကို အသုံးပြုခဲ့ပါတယ် ။ Facebook စာမျက်နှာမှာ ဖော်ပြထားတဲ့အတိုင်း ထိုင်းနိုင်ငံက အဘိုးအိုဟာ မြေးမလေးရဲ့ချစ်စနိုးအိမ်နာမည်လေးကို ဆိုင်းဘုတ်လေးမှာရေးထားပြီး မြေးမလေးကိုသွားကြိုခဲ့လို့ပါပဲ ။

” ပုံစံအသစ် ၊ ကလေးတွေအကုန်လုံးက mask တပ်ထားလို့ ကိုယ့်ရဲ့ကလေးကိုရှာတွေ့ဖို့ ခက်ခဲမှာပါ ၊ ဒါကတော့ ကိုယ့်ကလေးကို ဘယ်လိုရှာရမလဲဆိုတဲ့ နည်းလမ်းပါ ၊ ချစ်ဖို့ကောင်းလွန်းတဲ့ မြေးအဘိုးပဲ ” ဆိုတဲ့ caption လေးနဲ့ မြေးအဘိုးနှစ်ယောက်ရဲ့ ဓာတ်ပုံကိုဝေမျှခဲ့ပါတယ် ။ မြေးမလေးရဲ့ချစ်စနိုးနာမည်ကတော့ ” ကိတ်မုန့်လေး” ဖြစ်ပါတယ် ။

ထိုင်းနိုင်ငံမှ ကျောင်းများဟာပြီးခဲ့တဲ့ July 1 ရက်နေ့မှာ ပြန်လည်ဖွင့်လှစ်ခဲ့ကြပြီး ရောဂါကူးစက်မှုမရှိအောင်သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများနဲ့အညီ ပြန်ဖွင့်ပေးခဲ့ပြီး ကျောင်းသားများအားလုံးဟာ social distancing နေကြရတဲ့အပြင် ၊ အားလုံး mask များလည်း တပ်ထားရပြီး အမြဲကိုယ်အပူချိန်စစ်ဆေးရကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment