အသားေစ်းကေနလြတ္ေျမာက္လာခဲ့ၿပီး ႏႈတ္သီးတြင္ႀကိဳးခ်ည္လ်က္သားျဖင့္ လမ္းေဘးမွာအစာ႐ွာေနတဲ့ ေခြးေလးအျဖစ္

ေခြးေလးရဲ႕သခင္ျဖစ္သူက ေခြးေလးကိုအသားေစ်းမွာသြားေရာင္းခ်ဖို႔ ေခြးေလးရဲ႕ႏႈတ္သီးကိုႏိုင္လြန္ႀကိဳးျဖင့္ ခ်ည္ေႏွာင္ထားခဲ့ေပမဲ့လည္း ေခြးေလးဟာမေမ်ွာ္လင့္ဘဲ လြတ္ေျမာက္လာခဲ့ပါေတာ့တယ္ ။ တ႐ုတ္ႏိုင္ငံမွာ႐ွိတဲ့ အသားေစ်းသို႔သြားေရာင္းခ်မဲ့လမ္းမွာေခြးေလးဟာ လြတ္ေျမာက္သြားခဲ့ၿပီး ဆာေလာင္ငတ္မြတ္မႈေၾကာင့္ လမ္းမေပၚမွာ စားႂကြင္းစားက်န္ေတြလိုက္႐ွာေနခဲ့တာပါ ။ ေခြးေလးဟာ အိမ္ေမြးတိရစာၦန္အေရာင္ဆိုင္ကိုျဖတ္ေလ်ွာက္သြားခဲ့လို႔ ေခြးေလးရဲ႕အျဖစ္ကိုျမင္ေတြ႔ခဲ့တဲ့ဆိုင္ပိုင္႐ွင္က ေခြးေလးကိုကယ္တင္ေပးခဲ့ၿပီး ကုသမႈမ်ားျပဳလုပ္ေပးလ်က္႐ွိကာ ေခြးေလးအတြက္ပိုင္႐ွင္အသစ္႐ွာေဖြေပးႏိုင္ေအာင္ႀကိဳးစားေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Animal Lover ျဖစ္တဲ့ Lui Aiwei အမည္႐ွိတဲ့အမ်ိဳးသမီးရဲ႕ေျပာျပခ်က္အရေခြးေလးရဲ႕ပိုင္႐ွင္က အိမ္ေျပာင္းေတာ့မွာျဖစ္တဲ့အတြက္ ေခြးေလးကိုေရာင္းခ်ဖို႔ျပင္ဆင္ခဲ့တာျဖစ္ၿပီး ၊ အျခားသူေတြကို ေခြးမကိုက္ေအာင္ဆိုၿပီး ေခြးေလးရဲ႕ႏႈတ္သီးကိုႀကိဳးနဲ႔ခ်ည္ထားခဲ့တာျဖစ္ေၾကာင္း ႏွင့္ သို႔ေပမဲ့လည္း ေခြးေလးဟာလမ္းတစ္ဝက္မွာ လြတ္ေျမာက္သြားခဲ့တာျဖစ္ေၾကာင္း သိ႐ွိခဲ့လို႔ ေခြးေလးကိုအျမန္ကယ္တင္ႏိုင္ေအာင္ သူမတို႔အဖြဲ႔က ေနရာအႏွံ႔႐ွာေဖြခဲ့ေၾကာင္းလည္း ေျပာျပခဲ့ပါတယ္ ။

အိမ္ေမြးတိရစာၦန္အေရာင္းဆိုင္ရဲ႕ဆိုင္ပိုင္႐ွင္ေျပာျပခ်က္အရ ” ေခြးေလးက ကြၽန္ေတာ္ဆိုင္ရဲ့တံခါးေပါက္အနားကို ျဖတ္ေလ်ွာက္သြားတယ္ ၊ ၿပီးေတာ့ သူ႔ရဲ႕ပါးစပ္အနားမွာ ႀကိဳးပတ္ထားတာကို ကြၽန္ေတာ္လွမ္းျမင္ခဲ့တယ္ ၊ အဲ့ေတာ့ ေခြးေလးကိုကြၽန္ေတာ္ဖမ္းလိုက္ၿပီး ႀကိဳးေတြကိုဖယ္ထုတ္ေပးခဲ့ပါတယ္ ” ဆိုၿပီး ေျပာျပခဲ့ပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ အေတာ္ေလးကိုပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္မွာေတာ့ တ႐ုတ္ႏိုင္ငံရဲ႕ေနရာအေတာ္မ်ားမ်ားမွာ ေခြးသားစားျခင္းနဲ႔ပက္သက္ၿပီး ကန္႔ကြက္တဲ့အျပဳအမႈအေရးအသားမ်ိဳး မ်ားျပားလာခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source: Daily Mail

Unicode

ခွေးလေးရဲ့သခင်ဖြစ်သူက ခွေးလေးကိုအသားဈေးမှာသွားရောင်းချဖို့ ခွေးလေးရဲ့နှုတ်သီးကိုနိုင်လွန်ကြိုးဖြင့် ချည်နှောင်ထားခဲ့ပေမဲ့လည်း ခွေးလေးဟာမမျှော်လင့်ဘဲ လွတ်မြောက်လာခဲ့ပါတော့တယ် ။ တရုတ်နိုင်ငံမှာရှိတဲ့ အသားဈေးသို့သွားရောင်းချမဲ့လမ်းမှာခွေးလေးဟာ လွတ်မြောက်သွားခဲ့ပြီး ဆာလောင်ငတ်မွတ်မှုကြောင့် လမ်းမပေါ်မှာ စားကြွင်းစားကျန်တွေလိုက်ရှာနေခဲ့တာပါ ။ ခွေးလေးဟာ အိမ်မွေးတိရစ္ဆာန်အရောင်ဆိုင်ကိုဖြတ်လျှောက်သွားခဲ့လို့ ခွေးလေးရဲ့အဖြစ်ကိုမြင်တွေ့ခဲ့တဲ့ဆိုင်ပိုင်ရှင်က ခွေးလေးကိုကယ်တင်ပေးခဲ့ပြီး ကုသမှုများပြုလုပ်ပေးလျက်ရှိကာ ခွေးလေးအတွက်ပိုင်ရှင်အသစ်ရှာဖွေပေးနိုင်အောင်ကြိုးစားနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Animal Lover ဖြစ်တဲ့ Lui Aiwei အမည်ရှိတဲ့အမျိုးသမီးရဲ့ပြောပြချက်အရခွေးလေးရဲ့ပိုင်ရှင်က အိမ်ပြောင်းတော့မှာဖြစ်တဲ့အတွက် ခွေးလေးကိုရောင်းချဖို့ပြင်ဆင်ခဲ့တာဖြစ်ပြီး ၊ အခြားသူတွေကို ခွေးမကိုက်အောင်ဆိုပြီး ခွေးလေးရဲ့နှုတ်သီးကိုကြိုးနဲ့ချည်ထားခဲ့တာဖြစ်ကြောင်း နှင့် သို့ပေမဲ့လည်း ခွေးလေးဟာလမ်းတစ်ဝက်မှာ လွတ်မြောက်သွားခဲ့တာဖြစ်ကြောင်း သိရှိခဲ့လို့ ခွေးလေးကိုအမြန်ကယ်တင်နိုင်အောင် သူမတို့အဖွဲ့က နေရာအနှံ့ရှာဖွေခဲ့ကြောင်းလည်း ပြောပြခဲ့ပါတယ် ။

အိမ်မွေးတိရစ္ဆာန်အရောင်းဆိုင်ရဲ့ဆိုင်ပိုင်ရှင်ပြောပြချက်အရ ” ခွေးလေးက ကျွန်တော်ဆိုင်ရဲ့တံခါးပေါက်အနားကို ဖြတ်လျှောက်သွားတယ် ၊ ပြီးတော့ သူ့ရဲ့ပါးစပ်အနားမှာ ကြိုးပတ်ထားတာကို ကျွန်တော်လှမ်းမြင်ခဲ့တယ် ၊ အဲ့တော့ ခွေးလေးကိုကျွန်တော်ဖမ်းလိုက်ပြီး ကြိုးတွေကိုဖယ်ထုတ်ပေးခဲ့ပါတယ် ” ဆိုပြီး ပြောပြခဲ့ပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ အတော်လေးကိုပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ တရုတ်နိုင်ငံရဲ့နေရာအတော်များများမှာ ခွေးသားစားခြင်းနဲ့ပက်သက်ပြီး ကန့်ကွက်တဲ့အပြုအမှုအရေးအသားမျိုး များပြားလာခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

  • Leave a Comment