ဓာတ္ပံုတြဲ႐ိုက္ရေအာင္ဆိုၿပီး ပင္လယ္ဖ်ံကိုမူးေမ့သည္အထိ ႐ိုက္ႏွက္ၿပီး ကမ္းေျခေပၚဆြဲေခၚလာၾကသူေတြ (႐ုပ္သံ)

Kazakhstan ႏိုင္ငံရဲ႕ ပင္လယ္ကမ္းေျခတစ္ခုသို႔လာေရာက္လည္ပတ္ခဲ့ၾကသူေတြဟာ ပင္လယ္ဖ်ံတစ္ေကာင္နဲ႔အတူ ဓာတ္ပံု႐ိုက္လို႔ရေအာင္ဆိုၿပီး ပင္လယ္ဖ်ံကိုနည္းမ်ိဳးစံုနဲ႔ ဝိုင္းဖမ္းေနၾကတဲ့ video ဟာ online ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔ေနလ်က္႐ွိပါတယ္ ။ ပင္လယ္ဖ်ံေလးတစ္ေကာင္ဟာ ကမ္းေျခအနီးသို႔ေရာက္႐ွိလာခဲ့ခ်ိန္မွာေတာ့ လူေတြဟာ ေက်ာက္ခဲေတြနဲ႔ ပစ္ေပါက္ခဲ့ၾကတဲ့အျပင္ တုတ္ေခ်ာင္းေတြနဲ႔ပါဝိုင္း႐ိုက္ခဲ့ၾကပါတယ္ ။ ပင္လယ္ဖ်ံေလး သတိေမ့ေမ်ာသြားတဲ့အခ်ိန္မွာမွ အမ်ိဳးသားတစ္ေယာက္ဟာ ပင္လယ္ဖ်ံကို ကမ္းေျခေပၚသို႔ဆြဲေခၚသြားခဲ့ၿပီးေနာက္ ၎တို႔ရဲ႕ကေလးငယ္ေတြနဲ႔အတူ ေဆာ့ကစားေစၿပီး ဓာတ္ပံုတြဲ႐ိုက္ေစခိုင္းခဲ့ပါတယ္ ။

အဆိုပါ လူအုပ္ႀကီးတစ္ဖြဲလံုးက ပင္လယ္ဖ်ံကိုဝိုင္းရိုက္ခဲ့ၾကတဲ့အျပင္ ၊ ေနာက္ဆံုး ပင္လယ္ဖ်ံနဲ႔အတူ ဓာတ္ပံု႐ိုက္လို႔ဝၿပီဆိုေတာ့ ပင္လယ္ဖ်ံကို ပင္လယ္ထဲျပန္လြတ္ေပးခဲ့ပါတယ္ ။ အဆိုပါ ပင္လယ္ဖ်ံေလးဟာ အသက္႐ွင္လြတ္ေျမာက္သြားခဲ့လားဆိုတာကိုေတာ့ တိတိက်က်မသိရပါဘူး ။

အဆိုပါ Kuryk ရြာရဲ႕ကမ္းေျခမွာ ျဖစ္ပ်က္ခဲ့တဲ့ျဖစ္ရပ္ကို တာဝန္႐ွိသူမ်ားက အေလးထားၿပီးေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း ေျပာဆိုသြားခဲ့ပါတယ္ ။ ထို႔အျပင္ ယခုလိုမ်ိဳးအျပဳအမႈမ်ိဳးဟာ ပင္လယ္ေနသတၱဝါမ်ားကိုထိခိုက္ဒဏ္ရာရေစတဲ့အျပင္ ၊ လူေတြကသာ တိရစာၦန္ေတြကိုစာက်က္ေနရာမ႐ွိေတာ့ေအာင္ တိုက္ခိုက္ေနၾကတာျဖစ္ေၾကာင္း သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးအဖြဲ႔က ေျပာဆိုသြားခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

Kazakhstan နိုင်ငံရဲ့ ပင်လယ်ကမ်းခြေတစ်ခုသို့လာရောက်လည်ပတ်ခဲ့ကြသူတွေဟာ ပင်လယ်ဖျံတစ်ကောင်နဲ့အတူ ဓာတ်ပုံရိုက်လို့ရအောင်ဆိုပြီး ပင်လယ်ဖျံကိုနည်းမျိုးစုံနဲ့ ဝိုင်းဖမ်းနေကြတဲ့ video ဟာ online ပေါ်မှာ အတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။ ပင်လယ်ဖျံလေးတစ်ကောင်ဟာ ကမ်းခြေအနီးသို့ရောက်ရှိလာခဲ့ချိန်မှာတော့ လူတွေဟာ ကျောက်ခဲတွေနဲ့ ပစ်ပေါက်ခဲ့ကြတဲ့အပြင် တုတ်ချောင်းတွေနဲ့ပါဝိုင်းရိုက်ခဲ့ကြပါတယ် ။ ပင်လယ်ဖျံလေး သတိမေ့မျောသွားတဲ့အချိန်မှာမှ အမျိုးသားတစ်ယောက်ဟာ ပင်လယ်ဖျံကို ကမ်းခြေပေါ်သို့ဆွဲခေါ်သွားခဲ့ပြီးနောက် ၎င်းတို့ရဲ့ကလေးငယ်တွေနဲ့အတူ ဆော့ကစားစေပြီး ဓာတ်ပုံတွဲရိုက်စေခိုင်းခဲ့ပါတယ် ။

အဆိုပါ လူအုပ်ကြီးတစ်ဖွဲလုံးက ပင်လယ်ဖျံကိုဝိုင်းရိုက်ခဲ့ကြတဲ့အပြင် ၊ နောက်ဆုံး ပင်လယ်ဖျံနဲ့အတူ ဓာတ်ပုံရိုက်လို့ဝပြီဆိုတော့ ပင်လယ်ဖျံကို ပင်လယ်ထဲပြန်လွတ်ပေးခဲ့ပါတယ် ။ အဆိုပါ ပင်လယ်ဖျံလေးဟာ အသက်ရှင်လွတ်မြောက်သွားခဲ့လားဆိုတာကိုတော့ တိတိကျကျမသိရပါဘူး ။

အဆိုပါ Kuryk ရွာရဲ့ကမ်းခြေမှာ ဖြစ်ပျက်ခဲ့တဲ့ဖြစ်ရပ်ကို တာဝန်ရှိသူများက အလေးထားပြီးဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။ ထို့အပြင် ယခုလိုမျိုးအပြုအမှုမျိုးဟာ ပင်လယ်နေသတ္တဝါများကိုထိခိုက်ဒဏ်ရာရစေတဲ့အပြင် ၊ လူတွေကသာ တိရစ္ဆာန်တွေကိုစာကျက်နေရာမရှိတော့အောင် တိုက်ခိုက်နေကြတာဖြစ်ကြောင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့က ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment