ခင္ပြန္းျဖစ္သူက ေထာင္က်သြားခဲ့လို႔ အမႈိက္က်င္းထဲမွာေနထိုင္ေနရတဲ့ သားအမိရဲ႕အျဖစ္

2020 ခုႏွစ္ကေတာ့ လူတိုင္းလိုလိုအခက္အခဲအက်ပ္အတည္းေတြ စိန္ေခၚမႈအသစ္ေတြနဲ႔ ရင္ဆိုင္ျဖတ္သန္းေနရတဲ့ ႏွစ္တစ္ႏွစ္လို႔ေျပာရမွာပါပဲ ။ ဒီတစ္ေခါက္မွာလည္း ဘဝကခက္ခဲၾကမ္းတမ္းလြန္လို႔ ေနစရာမ႐ွိဘဲ အမႈိက္က်င္းထဲမွာေနထိုင္ေနရတဲ့ မေလး႐ွားႏိုင္ငံက သားအမိေတြရဲ႕ အျဖစ္အပ်က္ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးပ်ံ့ႏွံေနလ်က္႐ွိပါတယ္ ။ Kitty Goh အမည္႐ွိတဲ့အမ်ိဳးသမီးဟာ Ampang ၿမိဳ႕အနီးအနားလမ္းေလ်ွာက္လာစဥ္ အမႈိက္က်င္းတစ္ခူမွာ လူေတြေနထိုင္ေနတာကို သတိထားမိခဲ့ပါတယ္ ။ သူမကေတာ့ ဘယ္ေလာက္ထိခက္ခဲၾကမ္းတမ္းလြန္းလို႔မ်ား အခုလိုအမႈိက္က်င္းထဲေနရတာလဲဆိုၿပီး အေတာ္ေလးအံ့ၾသသြားခဲ့ပါတယ္ ။

ထို႔ေၾကာင့္ သူမဟာ အဆိုပါမိသားစုထံသို႔ ခ်ဥ္းကပ္သြားၿပီး အျဖစ္အပ်က္အေၾကာင္းအရာေမးျမန္းခဲ့ခ်ိန္မွာေတာ့ အမႈိက္က်င္းထဲမွာေနထိုင္တဲ့အမ်ိဳးသမီးဟာ ကေလး3ေယာက္႐ွိၿပီး အႀကီးဆံုးသားက 10ႏွစ္ ၊ သမီးအလတ္မက 6ႏွစ္ ႏွင့္ 2ႏွစ္အရြယ္လမ္းေလ်ွာက္တက္စအရြယ္ ကေလးငယ္တို႔ရဲ႕မိခင္ျဖစ္ေၾကာင္းေျပာျပခဲ့တဲ့အျပင္ ယခုလိုဘဝမ်ိဳးေရာက္ရတာကေတာ့ သူမရဲ႕ခင္ပြန္းျဖစ္သူဟာ တစ္ပါးသူရဲ႕ဆိုင္ကယ္ကိုခိုးယူခဲ့မိလို႔ ယခုအခ်ိန္မွာေတာ့ ေထာင္က်ေနလ်က္႐ွိေၾကာင္း Kitty ကို႐ွင္းျပခဲ့ပါတယ္ ။

ထို႔ေၾကာင့္ အဆိုပါသားအမိရဲ႕အျဖစ္ကို Kitty က အေတာ္ေလးသနားေတြ႔ခဲ့ၿပီး အနီးအနား႐ွိကုန္စံုဆိုင္မွ အစားအေသာက္အခ်ိဳ႕ ႏွင့္ ပိုက္ဆံအနည္းငယ္တို႔က ေပးကမ္းခဲ့ပါတယ္ ။ ထို႔အျပင္ အဆိုပါသားအမိကိုကူညီခ်င္တဲ့သူ႐ွိပါက သြားေရာက္ကူညီႏိုင္ဖို႔ ေနရာအတိအက်ကိုလည္း Kitty က social media ေပၚမွာ ေဖာ္ျပေပးခဲ့ပါေသးတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

2020 ခုနှစ်ကတော့ လူတိုင်းလိုလိုအခက်အခဲအကျပ်အတည်းတွေ စိန်ခေါ်မှုအသစ်တွေနဲ့ ရင်ဆိုင်ဖြတ်သန်းနေရတဲ့ နှစ်တစ်နှစ်လို့ပြောရမှာပါပဲ ။ ဒီတစ်ခေါက်မှာလည်း ဘဝကခက်ခဲကြမ်းတမ်းလွန်လို့ နေစရာမရှိဘဲ အမှိုက်ကျင်းထဲမှာနေထိုင်နေရတဲ့ မလေးရှားနိုင်ငံက သားအမိတွေရဲ့ အဖြစ်အပျက်ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးပျံ့နှံနေလျက်ရှိပါတယ် ။ Kitty Goh အမည်ရှိတဲ့အမျိုးသမီးဟာ Ampang မြို့အနီးအနားလမ်းလျှောက်လာစဉ် အမှိုက်ကျင်းတစ်ခူမှာ လူတွေနေထိုင်နေတာကို သတိထားမိခဲ့ပါတယ် ။ သူမကတော့ ဘယ်လောက်ထိခက်ခဲကြမ်းတမ်းလွန်းလို့များ အခုလိုအမှိုက်ကျင်းထဲနေရတာလဲဆိုပြီး အတော်လေးအံ့သြသွားခဲ့ပါတယ် ။

ထို့ကြောင့် သူမဟာ အဆိုပါမိသားစုထံသို့ ချဉ်းကပ်သွားပြီး အဖြစ်အပျက်အကြောင်းအရာမေးမြန်းခဲ့ချိန်မှာတော့ အမှိုက်ကျင်းထဲမှာနေထိုင်တဲ့အမျိုးသမီးဟာ ကလေး3ယောက်ရှိပြီး အကြီးဆုံးသားက 10နှစ် ၊ သမီးအလတ်မက 6နှစ် နှင့် 2နှစ်အရွယ်လမ်းလျှောက်တက်စအရွယ် ကလေးငယ်တို့ရဲ့မိခင်ဖြစ်ကြောင်းပြောပြခဲ့တဲ့အပြင် ယခုလိုဘဝမျိုးရောက်ရတာကတော့ သူမရဲ့ခင်ပွန်းဖြစ်သူဟာ တစ်ပါးသူရဲ့ဆိုင်ကယ်ကိုခိုးယူခဲ့မိလို့ ယခုအချိန်မှာတော့ ထောင်ကျနေလျက်ရှိကြောင်း Kitty ကိုရှင်းပြခဲ့ပါတယ် ။

ထို့ကြောင့် အဆိုပါသားအမိရဲ့အဖြစ်ကို Kitty က အတော်လေးသနားတွေ့ခဲ့ပြီး အနီးအနားရှိကုန်စုံဆိုင်မှ အစားအသောက်အချို့ နှင့် ပိုက်ဆံအနည်းငယ်တို့က ပေးကမ်းခဲ့ပါတယ် ။ ထို့အပြင် အဆိုပါသားအမိကိုကူညီချင်တဲ့သူရှိပါက သွားရောက်ကူညီနိုင်ဖို့ နေရာအတိအကျကိုလည်း Kitty က social media ပေါ်မှာ ဖော်ပြပေးခဲ့ပါသေးတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment