ဖခင္အေပၚ မူရာမာယာမ်ားျပီး ဒရာမာဇာတ္ခင္းလြန္းတဲ့ သမီးငယ္ေလး

မိန္းကေလးေတြ မာယာမ်ားလြန္းတာက ေမြးရာပါလို႔ေျပာရေလာက္ေအာင္ပါပဲ ။ ဒီတစ္ေခါက္မွာလည္း ကယ္လီဖိုးနီးယားျပည္နယ္က အသက္ 3ႏွစ္ဝန္းက်င္ခန္႔ ကေမေလးဟာ သူမရဲ႕ဖခင္ သူမဆံပင္ကိုၿဖီးေပးေနတာ နာလြန္းလို႔ဆိုၿပီးေအာ္ငိုေနခဲ့ပါတယ္ ။ အမွန္တကယ္ေတာ့ ဖခင္ျဖစ္သူက သူမရဲ႕ဆံပင္ကို လံုးဝမၿဖီးရေသးေပမဲ့ ကေလးငယ္က ဟန္ေဆာင္မႈအျပည့္နဲ႔ငိုေနခဲ့တာပါ ။ Video ထဲမွာေတာ့ ဖခင္ျဖစ္သူရဲ႕လက္တစ္ဖက္ဟာ သမီးငယ္ရဲ႕ဆံပင္ကိုဆုပ္ကိုင္ထားၿပီး က်န္တစ္ဖက္မွာေတာ့ ေခါင္းဖီးကိုင္ထားကာ သမီးေလးရဲ႕ဆံပင္ကိုၿဖီးေပးေနသေယာင္ဟန္ေဆာင္ေနခဲ့တာပါ ။ သို႔ေပမဲ့ ေခါင္းဖီးကိုင္ထားရံုသက္သက္သာျဖစ္ၿပီး သမီးေလးရဲ႕ဆံပင္ကိုေတာ့ လံုးဝမထိရေသးပါဘူး ။

အဲတာကို သမီးျဖစ္သူက အေဖဆံပင္ျဖီးေပးတာအရမ္းနာတယ္ဆိုၿပီး မ်က္ရည္ေပါက္ေပါက္က်ကာ ငိုေနခဲ့တာပါ ။ သမီးေလးရဲ႕ သ႐ုပ္ေဆာင္မႈကိုခ်စ္မဝႏိုင္ေအာင္ျဖစ္ေနတဲ့ဖခင္က ” တအားနာလား ၊ သမီးခံစားရသမ်ွထဲမွာ ဒါကအနာဆံုးလား ၊ ေတာင္းပန္ပါတယ္ ၊ အေဖလည္းညင္ညင္သာသာေလး လုပ္ေပးေနတာပါ ” ဆိုၿပီး သမီးေလးကိုျပန္စေနာက္ခဲ့ပါတယ္ ။ Video ႐ိုက္ေပးေနတဲ့ မိခင္ျဖစ္သူကလည္း ” အေဖ ဆံပင္ၿဖီးေပးတာ မေကာင္းဘူးလား ” ဆိုၿပီး သမီးေလးကို ထပ္ေမးခဲ့ပါတယ္ ။ သမီးေလးကေတာ့ သ႐ုပ္ေဆာင္မႈအျပည့္နဲ႔ ‘မေကာင္းဘူး ၊ နာတယ္ ” ဆိုၿပီး ဆက္ျငင္းေနခဲ့တာပါ ။

ထိုအခ်ိန္မွာေတာ့ ဖခင္ျဖစ္သူက video ျပန္ၾကည့္ရေအာင္ဆိုၿပီး သမီးျဖစ္သူကိုေျပာကာ ၊ video ၾကည့္ၿပီးသြားတဲ့အခ်ိန္ထိ သမီးေလးက ဖခင္ကိုအေလ်ွာ့မေပးဘဲ ” အေမပဲဆံပင္ျဖီးေပး ၊ အေမကပိုေကာင္းတယ္ ” ဆိုၿပီး ထပ္မံေျပာဆိုခဲ့ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ဖခင္က” ငါတို႔ရဲ႕ မင္းသမီးေလး ၊ ဒရာမာဇာတ္ကား႐ိုက္ဖို႔ အလားအလာ႐ွိတဲ့သူေလး ” ဆိုၿပီး ေနာက္ေျပာင္က်ီစယ္ခဲ့ပါေတာ့တယ္ ။

Jasmine (Mckzone Daily)

Source:Daily Mail

Unicode

မိန်းကလေးတွေ မာယာများလွန်းတာက မွေးရာပါလို့ပြောရလောက်အောင်ပါပဲ ။ ဒီတစ်ခေါက်မှာလည်း ကယ်လီဖိုးနီးယားပြည်နယ်က အသက် 3နှစ်ဝန်းကျင်ခန့် ကမေလေးဟာ သူမရဲ့ဖခင် သူမဆံပင်ကိုဖြီးပေးနေတာ နာလွန်းလို့ဆိုပြီးအော်ငိုနေခဲ့ပါတယ် ။ အမှန်တကယ်တော့ ဖခင်ဖြစ်သူက သူမရဲ့ဆံပင်ကို လုံးဝမဖြီးရသေးပေမဲ့ ကလေးငယ်က ဟန်ဆောင်မှုအပြည့်နဲ့ငိုနေခဲ့တာပါ ။ Video ထဲမှာတော့ ဖခင်ဖြစ်သူရဲ့လက်တစ်ဖက်ဟာ သမီးငယ်ရဲ့ဆံပင်ကိုဆုပ်ကိုင်ထားပြီး ကျန်တစ်ဖက်မှာတော့ ခေါင်းဖီးကိုင်ထားကာ သမီးလေးရဲ့ဆံပင်ကိုဖြီးပေးနေသယောင်ဟန်ဆောင်နေခဲ့တာပါ ။ သို့ပေမဲ့ ခေါင်းဖီးကိုင်ထားရုံသက်သက်သာဖြစ်ပြီး သမီးလေးရဲ့ဆံပင်ကိုတော့ လုံးဝမထိရသေးပါဘူး ။

အဲတာကို သမီးဖြစ်သူက အဖေဆံပင်ဖြီးပေးတာအရမ်းနာတယ်ဆိုပြီး မျက်ရည်ပေါက်ပေါက်ကျကာ ငိုနေခဲ့တာပါ ။ သမီးလေးရဲ့ သရုပ်ဆောင်မှုကိုချစ်မဝနိုင်အောင်ဖြစ်နေတဲ့ဖခင်က ” တအားနာလား ၊ သမီးခံစားရသမျှထဲမှာ ဒါကအနာဆုံးလား ၊ တောင်းပန်ပါတယ် ၊ အဖေလည်းညင်ညင်သာသာလေး လုပ်ပေးနေတာပါ ” ဆိုပြီး သမီးလေးကိုပြန်စနောက်ခဲ့ပါတယ် ။ Video ရိုက်ပေးနေတဲ့ မိခင်ဖြစ်သူကလည်း ” အဖေ ဆံပင်ဖြီးပေးတာ မကောင်းဘူးလား ” ဆိုပြီး သမီးလေးကို ထပ်မေးခဲ့ပါတယ် ။ သမီးလေးကတော့ သရုပ်ဆောင်မှုအပြည့်နဲ့ ‘မကောင်းဘူး ၊ နာတယ် ” ဆိုပြီး ဆက်ငြင်းနေခဲ့တာပါ ။

ထိုအချိန်မှာတော့ ဖခင်ဖြစ်သူက video ပြန်ကြည့်ရအောင်ဆိုပြီး သမီးဖြစ်သူကိုပြောကာ ၊ video ကြည့်ပြီးသွားတဲ့အချိန်ထိ သမီးလေးက ဖခင်ကိုအလျှော့မပေးဘဲ ” အမေပဲဆံပင်ဖြီးပေး ၊ အမေကပိုကောင်းတယ် ” ဆိုပြီး ထပ်မံပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ ဖခင်က” ငါတို့ရဲ့ မင်းသမီးလေး ၊ ဒရာမာဇာတ်ကားရိုက်ဖို့ အလားအလာရှိတဲ့သူလေး ” ဆိုပြီး နောက်ပြောင်ကျီစယ်ခဲ့ပါတော့တယ် ။

Jasmine (Mckzone Daily)

  • Leave a Comment