ကိုယ့္ကိုအဆံုးစီရင္ခဲ့တဲ့စံုတြဲေနာက္ လိုက္ပါသြားခဲ့မိလို႔ ေပ်ာက္ခ်င္းမလွေပ်ာက္ဆံုးေနခဲ့တဲ့ ကေလးငယ္

Zhang Zixin အမည္႐ွိတဲ့ အသက္ 9ႏွစ္အရြယ္ ကေလးမေလးဟာ တ႐ုတ္ႏိုင္ငံ Hangzhou ၿမိဳ႕မွာ သူမရဲ႕အဘိုးအဘြားေတြနဲ႔အတူ ေနထိုင္လ်က္႐ွိၿပီး ၊ သူမရဲ႕မိဘေတြကေတာ့ ကြဲကြာေနၾကၿပီး သူမရဲ႕ဖခင္မွာေတာ့ အျခားၿမိဳ႕တစ္ၿမိဳ႕မွာအလုပ္သြားေရာက္လုပ္ကိုင္ေနလ်က္႐ွိပါတယ္ ။ Liang ႏွင့္ Xie အမည္႐ွိတဲ့စံုတြဲဟာ ၿပီးခဲ့တဲ့ June 20 ရက္ေန႔က ၎တို႔၏မိသားစုအိမ္မွာ လာေရာက္ငွါးရမ္းေနထိုင္ခဲ့ပါတယ္ ။ ထို႔ေနာက္ July 3 ရက္ေန႔မွာေတာ့ အဆိုပါစံုတြဲဟာ ႐ွန္ဟိုင္ၿမိဳ႕ကမဂၤလာေဆာင္ပြဲကိုအတူသြားဖို႔ Zhang ကိုေခၚသြားလိုေၾကာင္း Zhang ရဲ႕အဘိုးျဖစ္သူကိုခြင့္ေတာင္းခဲ့ပါတယ္ ။ Zhang ရဲ႕အဘိုးျဖစ္သူက ကန္႔ကြက္ခဲ့လို႔ ေနာက္တစ္ရက္မနက္ခင္းအေစာပိုင္းမွာေတာ့ အဆိုပါစံုတြဲကို Zhang ကိုေခၚေဆာင္သြားခဲ့ၿပီး July 7 ရက္ေန႔မွာ Zhang ကိုျပန္လာပို႔ေပးမည္ဆိုၿပီး ကတိေပးခဲ့ပါတယ္ ။ အဘိုးျဖစ္သူက ကေလးငယ္ကိုအဆိုပါစံုတြဲႏွင့္ လိုက္ပါသြားခြင့္ျပဳလိုက္လားဆိုတဲ့ တိက်တဲ့အေျဖမ်ိဳးေတာ့ မသိရပါဘူး ။

Zhang ရဲ႕ဖခင္ျဖစ္သူဟာလည္း အဆိုပါစံုတြဲနဲ႔ Wechat မွာအျမဲဆက္သြယ္စကားေျပာခဲ့ၿပီး July 7 ရက္ေန႔မွာေတာ့ အဆက္အသြယ္ပ်က္ေတာက္သြားခဲ့လို႔ ဖခင္ျဖစ္သူက သမီးျဖစ္သူေပ်ာက္ဆံုးသြားေၾကာင္း ရဲအရာ႐ွိေတြထံတိုင္ၾကားခဲ့ပါတယ္ ။ တစ္ခ်ိန္တည္းမွာပဲ Zhang ကိုေခၚေဆာင္သြားခဲ့တဲ့စံုတြဲမွာ ကိုယ့္ကိုအဆံုးစီရင္သြားခဲ့ၿပီျဖစ္ေၾကာင္း ရဲအရာ႐ွိမ်ားက ႐ွာေဖြေတြ႔႐ွိခဲ့ပါတယ္ ။

July 7 ရက္ေန႔ မနက္ခင္းအေစာပိုင္းမွာေတာ့ Zhang ဟာအဆိုပါစံုတြဲနဲ႔အတူ႐ွိေနခဲ့တာကို CCTV မွတ္တမ္းမွာေတြ႔႐ွိရပါတယ္ ။ Zhang နဲ႔ပက္သက္ၿပီး ႐ွာေဖြေတြ႔႐ွိေၾကာင္း သတင္းအခ်က္အလက္မ်ားေပးပို႔ႏိုင္ပါက 20,000 yuan ဆုခ်ီးျမင့္မည္ျဖစ္ေၾကာင္း ရဲအရာ႐ွိမ်ားကဆုေၾကးေငြႏွင့္တကြေၾကျငာေပးခဲ့ပါတယ္ ။ ပံုမွန္မဟုတ္ပဲ ထူးျခားေနခဲ့တဲ့အျဖစ္အပ်က္ဟာ social media ေပၚမွာ သတင္းထူးအေနနဲ႔႐ွိေနခဲ့ၿပီး ၊ လူအမ်ားစုကေတာ့ အဆိုပါစံုတြဲဟာ Zhang ရဲ႕မိဘေတြနဲ႔ ပက္သက္မႈတစ္စံုတစ္ခု႐ွိေနႏိုင္ေၾကာင္း မ်ိဳးစံုခန္႔မွန္းေျပာဆိုခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source:China Plus

Unicode

Zhang Zixin အမည်ရှိတဲ့ အသက် 9နှစ်အရွယ် ကလေးမလေးဟာ တရုတ်နိုင်ငံ Hangzhou မြို့မှာ သူမရဲ့အဘိုးအဘွားတွေနဲ့အတူ နေထိုင်လျက်ရှိပြီး ၊ သူမရဲ့မိဘတွေကတော့ ကွဲကွာနေကြပြီး သူမရဲ့ဖခင်မှာတော့ အခြားမြို့တစ်မြို့မှာအလုပ်သွားရောက်လုပ်ကိုင်နေလျက်ရှိပါတယ် ။ Liang နှင့် Xie အမည်ရှိတဲ့စုံတွဲဟာ ပြီးခဲ့တဲ့ June 20 ရက်နေ့က ၎င်းတို့၏မိသားစုအိမ်မှာ လာရောက်ငှါးရမ်းနေထိုင်ခဲ့ပါတယ် ။ ထို့နောက် July 3 ရက်နေ့မှာတော့ အဆိုပါစုံတွဲဟာ ရှန်ဟိုင်မြို့ကမင်္ဂလာဆောင်ပွဲကိုအတူသွားဖို့ Zhang ကိုခေါ်သွားလိုကြောင်း Zhang ရဲ့အဘိုးဖြစ်သူကိုခွင့်တောင်းခဲ့ပါတယ် ။ Zhang ရဲ့အဘိုးဖြစ်သူက ကန့်ကွက်ခဲ့လို့ နောက်တစ်ရက်မနက်ခင်းအစောပိုင်းမှာတော့ အဆိုပါစုံတွဲကို Zhang ကိုခေါ်ဆောင်သွားခဲ့ပြီး July 7 ရက်နေ့မှာ Zhang ကိုပြန်လာပို့ပေးမည်ဆိုပြီး ကတိပေးခဲ့ပါတယ် ။ အဘိုးဖြစ်သူက ကလေးငယ်ကိုအဆိုပါစုံတွဲနှင့် လိုက်ပါသွားခွင့်ပြုလိုက်လားဆိုတဲ့ တိကျတဲ့အဖြေမျိုးတော့ မသိရပါဘူး ။

Zhang ရဲ့ဖခင်ဖြစ်သူဟာလည်း အဆိုပါစုံတွဲနဲ့ Wechat မှာအမြဲဆက်သွယ်စကားပြောခဲ့ပြီး July 7 ရက်နေ့မှာတော့ အဆက်အသွယ်ပျက်တောက်သွားခဲ့လို့ ဖခင်ဖြစ်သူက သမီးဖြစ်သူပျောက်ဆုံးသွားကြောင်း ရဲအရာရှိတွေထံတိုင်ကြားခဲ့ပါတယ် ။ တစ်ချိန်တည်းမှာပဲ Zhang ကိုခေါ်ဆောင်သွားခဲ့တဲ့စုံတွဲမှာ ကိုယ့်ကိုအဆုံးစီရင်သွားခဲ့ပြီဖြစ်ကြောင်း ရဲအရာရှိများက ရှာဖွေတွေ့ရှိခဲ့ပါတယ် ။

July 7 ရက်နေ့ မနက်ခင်းအစောပိုင်းမှာတော့ Zhang ဟာအဆိုပါစုံတွဲနဲ့အတူရှိနေခဲ့တာကို CCTV မှတ်တမ်းမှာတွေ့ရှိရပါတယ် ။ Zhang နဲ့ပက်သက်ပြီး ရှာဖွေတွေ့ရှိကြောင်း သတင်းအချက်အလက်များပေးပို့နိုင်ပါက 20,000 yuan ဆုချီးမြင့်မည်ဖြစ်ကြောင်း ရဲအရာရှိများကဆုကြေးငွေနှင့်တကွကြေငြာပေးခဲ့ပါတယ် ။ ပုံမှန်မဟုတ်ပဲ ထူးခြားနေခဲ့တဲ့အဖြစ်အပျက်ဟာ social media ပေါ်မှာ သတင်းထူးအနေနဲ့ရှိနေခဲ့ပြီး ၊ လူအများစုကတော့ အဆိုပါစုံတွဲဟာ Zhang ရဲ့မိဘတွေနဲ့ ပက်သက်မှုတစ်စုံတစ်ခုရှိနေနိုင်ကြောင်း မျိုးစုံခန့်မှန်းပြောဆိုခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment