သမီးမိန္းကေလးခ်ည္း 7ေယာက္ေမြးလို႔ ေမွာင္ခိုေစ်းကေန သားေယာက်ၤားေလးဝယ္ယူဖို႔ႀကိဳးစားခဲ့တဲ့စံုတြဲရဲ႕အျဖစ္

တ႐ုတ္ႏိုင္ငံကစံုတြဲတစ္တြဲဟာ သမီးမိန္းကေလးခ်ည္း 7ေယာက္ေမြးလို႔ ၊ တကယ့္မိသားစုရဲ႕မ်ိဳး႐ိုးနာမည္နဲ႔အေမြဆက္ခံႏိုင္ေအာင္ သားေယာက်ၤားေလးလိုခ်င္လြန္းလို႔ လူေမွာင္ခိုေစ်းကြက္ကေန သားေယာက်ၤားေလးဝယ္ယူဖို႔ဆံုးျဖတ္ခဲ့ၾကပါတယ္ ။ နို႔စို႔အရြယ္ကေလးငယ္ကို 92,000 yuan နဲ႔ဝယ္ယူခဲ့ေပမဲ့လည္း ကေလးငယ္မွာအိမ္သို႔မေရာက္႐ွိလာခင္ အဆိုပါအေရာင္းအဝယ္ကိစၥေၾကာင့္ ၎တို႔စံုတြဲဟာ ရဲအရာ႐ွိေတြရဲ႕ဖမ္းယူစစ္ေဆးျခင္းကိုခံခဲ့ရပါတယ္ ။ ကေလးငယ္ကို လူေမွာင္ခိုေစ်းကြက္ကေနဝယ္ယူခဲ့တဲ့အျပင္ ကေလးငယ္ရဲ႕ဇာတိကေတာ့ တ႐ုတ္ႏိုင္ငံအေနာက္ေတာင္ဖက္႐ွိ ယူနန္ျပည္နယ္မွျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။

Chen အမည္႐ွိတဲ့ခင္ပြန္းျဖစ္သူေျပာျပခ်က္အရ Wang အမည္႐ွိတဲ့ပြဲစားတစ္ဦးစီကေန ေမြးစားခတန္ဖိုးအျဖစ္ 92,000 yuan ေပးခဲ့ရေၾကာင္း ႏွင့္ အဆိုပါပိုက္ဆံမ်ားကိုေတာ့ ပြဲစားျဖစ္သူက ကေလးငယ္ရဲ႕မိဘေတြကို ကေလးငယ္ရဲ႕အဖိုးအခအျဖစ္ ျပန္ေပးရမွာျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

အဆိုပါအျဖစ္အပ်က္မွာ ပါဝင္သူ 8ဦးခန္႔႐ွိၿပီး ျပစ္ဒဏ္ကိုေတာ့ခ်မွတ္ျခင္းမ်ိဳးမ႐ွိေသးဘဲ စစ္ေဆးေနဆဲျဖစ္ေၾကာင္းသိ႐ွိရပါတယ္ ။ မ်ိဳး႐ိုးအမည္ ႏွင့္ အေမြဆက္ခံႏိုင္ဖို႔အတြက္ တကယ့္စစ္မွန္တဲ့မိသားစုတစ္ခုမွာ သားေယာက်ၤားတစ္ဦးေတာ့႐ွိရမယ္ဆိုတဲ့ တ႐ုတ္ေတြရဲ႕႐ိုးရာဓေလ့ေတြေၾကာင့္ ယခုလိုအျဖစ္မ်ိဳးျဖစ္ပ်က္ခဲ့ရတာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source:NEXTSHARK

Unicode

တရုတ်နိုင်ငံကစုံတွဲတစ်တွဲဟာ သမီးမိန်းကလေးချည်း 7ယောက်မွေးလို့ ၊ တကယ့်မိသားစုရဲ့မျိုးရိုးနာမည်နဲ့အမွေဆက်ခံနိုင်အောင် သားယောင်္ကျားလေးလိုချင်လွန်းလို့ လူမှောင်ခိုဈေးကွက်ကနေ သားယောင်္ကျားလေးဝယ်ယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ် ။ နို့စို့အရွယ်ကလေးငယ်ကို 92,000 yuan နဲ့ဝယ်ယူခဲ့ပေမဲ့လည်း ကလေးငယ်မှာအိမ်သို့မရောက်ရှိလာခင် အဆိုပါအရောင်းအဝယ်ကိစ္စကြောင့် ၎င်းတို့စုံတွဲဟာ ရဲအရာရှိတွေရဲ့ဖမ်းယူစစ်ဆေးခြင်းကိုခံခဲ့ရပါတယ် ။ ကလေးငယ်ကို လူမှောင်ခိုဈေးကွက်ကနေဝယ်ယူခဲ့တဲ့အပြင် ကလေးငယ်ရဲ့ဇာတိကတော့ တရုတ်နိုင်ငံအနောက်တောင်ဖက်ရှိ ယူနန်ပြည်နယ်မှဖြစ်ကြောင်းသိရှိရပါတယ် ။

Chen အမည်ရှိတဲ့ခင်ပွန်းဖြစ်သူပြောပြချက်အရ Wang အမည်ရှိတဲ့ပွဲစားတစ်ဦးစီကနေ မွေးစားခတန်ဖိုးအဖြစ် 92,000 yuan ပေးခဲ့ရကြောင်း နှင့် အဆိုပါပိုက်ဆံများကိုတော့ ပွဲစားဖြစ်သူက ကလေးငယ်ရဲ့မိဘတွေကို ကလေးငယ်ရဲ့အဖိုးအခအဖြစ် ပြန်ပေးရမှာဖြစ်ကြောင်း သိရှိရပါတယ် ။

အဆိုပါအဖြစ်အပျက်မှာ ပါဝင်သူ 8ဦးခန့်ရှိပြီး ပြစ်ဒဏ်ကိုတော့ချမှတ်ခြင်းမျိုးမရှိသေးဘဲ စစ်ဆေးနေဆဲဖြစ်ကြောင်းသိရှိရပါတယ် ။ မျိုးရိုးအမည် နှင့် အမွေဆက်ခံနိုင်ဖို့အတွက် တကယ့်စစ်မှန်တဲ့မိသားစုတစ်ခုမှာ သားယောင်္ကျားတစ်ဦးတော့ရှိရမယ်ဆိုတဲ့ တရုတ်တွေရဲ့ရိုးရာဓလေ့တွေကြောင့် ယခုလိုအဖြစ်မျိုးဖြစ်ပျက်ခဲ့ရတာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment