အဝေးပြေးလမ်းမကြီးပေါ်မှာ လမ်းပျောက်နေတဲ့ အဘိုးအို နဲ့ အမျိုးသားတစ်ယောက်ရဲ့ စေတနာ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ပြီးခဲ့တဲ့ July 6 ရက်နေ့က မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 43နှစ်အရွယ် Raj အမည်ရှိတဲ့ဂျာနယ်လစ်အမျိုးသားဟာ ဆိုင်ကယ်ဖြင့် ရဲစခန်းသို့အသွား လမ်းမကြီးရဲ့တစ်နေရာမှာ အဘိုးအိုဟာလမ်းဖြတ်ကူးနေလို့ ကားဆရာတစ်ဦးက ကားရပ်ပြီးအဘိုးအိုအား ကူညီနေခဲ့တာကိုတွေ့ရှိခဲ့ပါတယ် ။ ထို့ကြောင့် Raj ကလည်း ဆိုင်ကယ်ကိုလမ်းဘေးသို့ရပ်လိုက်ပြီး အဘိုးအိုအား ကူညီပေးဖို့မေးမြန်းခဲ့ချိန်မှာတော့ အဘိုးအိုဟာ ပုံမှန်အတိုင်းဆေးရုံသို့သွားပြီးဆေးစစ်ချက်များပြုလုပ်ပြီးနောက် အပြန်ဘတ်စ်ကားပေါ်မှာအိပ်ပျော်သွားခဲ့လို့ ကားပေါ်ကဆင်းလိုက်ချိန်မှာတော့ မည်သည့်နေရာသို့ ရောက်ရှိလို့ရောက်ရှိနေမှန်မသိကြောင်း ပြောပြခဲ့ပါတယ် ။ ထိုအချိန်မှာတော့ အခြားသောတရုတ်ကောင်လေးတွေကလည်း အဘိုးနားသို့လာရောက်ပြီး ကူညီပေးဖို့ရှိနေခဲ့တာပါ ။

ထို့ကြောင့် Raj ကလည်း အဘိုးအိုရဲ့ IC ကတ်ကနေ နေရပ်လိပ်စာကိုကြည့်လိုက်ပြီးနောက် အဘိုးအိုအားနေအိမ်သို့လိုက်ပို့ပေးမည်ဖြစ်ကြောင်းပြောဆိုခဲ့ပါတယ် ။ ထိုအချိန်မှာတော့ အသက် 85 နှစ်အရွယ်ရှိနေပြီဖြစ်တဲ့အဘိုးအိုဟာ Raj ရဲ့ဆိုင်ကယ်အနောက်ကနေခွစီးပြီး ကလေးတစ်ယောက်လို Raj ရဲ့ခါးကို တင်းကြပ်စွာဖတ်ထားပြီး အားကိုးမျှော်လင့်မှုအပြည့်နဲ့ Raj နောက်လိုက်ခဲ့ပါတော့တယ် ။

Raj မှာအဘိုးအိုရဲ့အိမ်အရှေ့ထိ အန္တရာယ်ကင်းစွာမောင်းပို့ပေးခဲ့ပြီးနောက် ၊ အန်တီတစ်ယောက်မှာလည်း အိမ်အပြင်သို့ထွက်လာပြီး အကျိုးအကြောင်းကိုစစ်မေးပြီးနောက် Raj ကိုအတော်လေးကျေးဇူးတင်သွားခဲ့ပြီး အိမ်ထဲဝင်လည်ဖို့ပြောဆိုခဲ့ပါတယ် ။ Raj ကငြင်းဆန်ခဲ့လို့ အဘိုးအိုက တရုတ်နှစ်သစ်ကူးရောက်ရင်တော့ အိမ်ကိုလာလည်ဖို့ပြောဆိုခဲ့ပါတယ် ။ Raj က ယခုအဖြစ်အပျက်ကို ဝေမျှရခြင်းက လူတစ်ဦးအခက်အခဲတွေ့နေရင် ကူညီရလွယ်ကူပြီး မိမိအတွက်အခက်အခဲမဖြစ်ဘူးဆိုရင် ချက်ချင်း မငြင်းဆန်ပဲ ကူညီပေးလိုက်ကြဖို့ တိုက်တွန်းလို၍ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment