ေငြေၾကးမတတ္ႏိုင္ေတာ့လို႔ ေသြးကင္ဆာေရာဂါခံစားေနရတဲ့သားေလးကို ကယ္တင္ဖို႔ သမီးကိုေရာင္းပါမယ္ဆိုတဲ့မိဘ

တ႐ုတ္ႏိုင္ငံမွာေနထိုင္တဲ့ Liang Yujia ႏွင့္ Chen Lanqin အမည္႐ွိတဲ့စံုတြဲဟာ ၎တို႔ရဲ႕ေသြးကင္ဆာေရာဂါခံစားေနရတဲ့ သားငယ္ေလးကိုကယ္တင္ႏိုင္ဖို႔ ေငြေၾကးမတတ္ႏိုင္ေတာ့တဲ့အဆံုး သမီးေလးကိုေရာင္းခ်ပါ့မယ္ဆိုၿပီးေၾကျငာခဲ့ပါတယ္ ။ အဆိုပါစံုတြဲမွာ 4ႏွစ္အရြယ္ အမႊာသားသမီးႏွစ္ဦး႐ွိၿပီး Chengcheng အမည္႐ွိတဲ့သားငယ္ေလးကေတာ့ ၿပီးခဲ့တဲ့ July လကစၿပီး ေသြးကင္ဆာေရာဂါကိုခံစားခဲ့ရတာပါ ။ ထို႔ေၾကာင့္ဖခင္ျဖစ္သူဟာ သမီးေလးကိုေပြ႔ခ်ီထဲၿပီး လက္တစ္ဖက္မွာ ေၾကာ္ျငာဆိုင္းဘုတ္ကိုင္ေဆာင္ထားခဲ့တဲ့ဓာတ္ပံုဟာ တ႐ုတ္ႏိုင္ငံရဲ႕ social media ေပၚမွာအေတာ္ေလးပ်ံ့ႏွံ႔ေနလ်က္႐ွိပါတယ္ ။

ဆိုင္ဘုတ္ေပၚမွာေတာ့ ” သားေလးရဲ႕ေရာဂါကို ကုသႏိုင္ဖို႔ ေငြေၾကး 560,000 yuan လိုအပ္ေနၿပီး ၊ သားျဖစ္သူရဲ႕ကုသစရိတ္အျဖစ္ 50,000 yuan အသံုးျပဳၿပီပါၿပီ ၊ သမီးေလးကလည္း အေတာ္ေလးခ်စ္ဖို႔ေကာင္းပါတယ္ ၊ သမီးေလးအတြက္ေကာင္းမြန္တဲ့ဘဝမ်ိဳးမေပးႏိုင္ေတာ့လို႔ သားေလးကိုကယ္တင္ႏိုင္ဖို႔ ေငြေၾကးနဲ႔လဲလွယ္လိုေၾကာင္း ေရးသားခဲ့ပါတယ္ ။ အဆိုပါဓာတ္ပံုကိုျမင္ၿပီး လူအေတာ္မ်ားမ်ားက တရားမဝင္တဲ့လုပ္ရပ္အျဖစ္ ျပစ္တင္ေျပာဆိုခဲ့ပါတယ္ ။ အဆိုပါအသနားခံေတာင္းဆိုထားတဲ့ post ဟာ Weibo တရားဝင္အေကာင့္ကေန 50,000 yuan ရ႐ွိခဲ့ေၾကာင္း ေၾကျငာခဲ့ၿပီးေနာက္ အဆိုပါေငြေၾကးကို ကေလးေတြရဲ႕မိဘေတြထံမေပးဘဲ ေဆးရံုသို႔တိုက္႐ိုက္ေငြေခ်ေပးခဲ့ေၾကာင္း site ရဲ႕တာဝန္႐ွိသူက ေျပာၾကားခဲ့ပါတယ္ ။

ကေလးငယ္ရဲ႕ဖခင္ျဖစ္သူက သားေလးကိုကယ္တင္ႏိုင္ဖို႔ လမ္းမျမင္ႏိုင္ေတာ့တဲ့အဆံုး ယခုလို႐ူးသြပ္တဲ့လုပ္ရပ္မ်ိဳးလုပ္ခဲ့မိေၾကာင္းႏွင့္ မိခင္ျဖစ္သူကလည္း သမီးကိုဘယ္သူ႔ကိုမွမေပးပါဘူး ၊ ေမြးစားဖို႔ေတာင္းဆိုလာၾကတာ႐ွိေပမဲ့ ကြၽန္မတို႔လံုးဝမေရာင္းပါဘူး ဆိုၿပီးျပန္လည္ေျဖ႐ွင္းေျပာဆိုခဲ့ပါတယ္ ။ ChengCheng အတြက္လႉဒါန္းေငြမ်ားကို Wechat ကေနေပးပို႔လႉဒါန္းတာမ်ိဳး႐ွိေပမဲ့ အဆိုပါေၾကာ္ျငာဆိုင္းဘုတ္နဲ႔သမီးကိုေရာင္းခ်တဲ့အျဖစ္အပ်က္ေၾကာင့္ အေကာင့္ပိတ္သိမ္းျခင္းခံခဲ့ရပါတယ္ ။ ယခုခ်ိန္မွာေတာ့ အဆိုပါစံုတြဲဟာအိမ္ေရာင္းၿပီး သားျဖစ္သူရဲ႕ကုသစရိတ္အတြက္႐ွာေဖြေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:theStraitsTimes

Unicode

တရုတ်နိုင်ငံမှာနေထိုင်တဲ့ Liang Yujia နှင့် Chen Lanqin အမည်ရှိတဲ့စုံတွဲဟာ ၎င်းတို့ရဲ့သွေးကင်ဆာရောဂါခံစားနေရတဲ့ သားငယ်လေးကိုကယ်တင်နိုင်ဖို့ ငွေကြေးမတတ်နိုင်တော့တဲ့အဆုံး သမီးလေးကိုရောင်းချပါ့မယ်ဆိုပြီးကြေငြာခဲ့ပါတယ် ။ အဆိုပါစုံတွဲမှာ 4နှစ်အရွယ် အမွှာသားသမီးနှစ်ဦးရှိပြီး Chengcheng အမည်ရှိတဲ့သားငယ်လေးကတော့ ပြီးခဲ့တဲ့ July လကစပြီး သွေးကင်ဆာရောဂါကိုခံစားခဲ့ရတာပါ ။ ထို့ကြောင့်ဖခင်ဖြစ်သူဟာ သမီးလေးကိုပွေ့ချီထဲပြီး လက်တစ်ဖက်မှာ ကြော်ငြာဆိုင်းဘုတ်ကိုင်ဆောင်ထားခဲ့တဲ့ဓာတ်ပုံဟာ တရုတ်နိုင်ငံရဲ့ social media ပေါ်မှာအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။

ဆိုင်ဘုတ်ပေါ်မှာတော့ ” သားလေးရဲ့ရောဂါကို ကုသနိုင်ဖို့ ငွေကြေး 560,000 yuan လိုအပ်နေပြီး ၊ သားဖြစ်သူရဲ့ကုသစရိတ်အဖြစ် 50,000 yuan အသုံးပြုပြီပါပြီ ၊ သမီးလေးကလည်း အတော်လေးချစ်ဖို့ကောင်းပါတယ် ၊ သမီးလေးအတွက်ကောင်းမွန်တဲ့ဘဝမျိုးမပေးနိုင်တော့လို့ သားလေးကိုကယ်တင်နိုင်ဖို့ ငွေကြေးနဲ့လဲလှယ်လိုကြောင်း ရေးသားခဲ့ပါတယ် ။ အဆိုပါဓာတ်ပုံကိုမြင်ပြီး လူအတော်များများက တရားမဝင်တဲ့လုပ်ရပ်အဖြစ် ပြစ်တင်ပြောဆိုခဲ့ပါတယ် ။ အဆိုပါအသနားခံတောင်းဆိုထားတဲ့ post ဟာ Weibo တရားဝင်အကောင့်ကနေ 50,000 yuan ရရှိခဲ့ကြောင်း ကြေငြာခဲ့ပြီးနောက် အဆိုပါငွေကြေးကို ကလေးတွေရဲ့မိဘတွေထံမပေးဘဲ ဆေးရုံသို့တိုက်ရိုက်ငွေချေပေးခဲ့ကြောင်း site ရဲ့တာဝန်ရှိသူက ပြောကြားခဲ့ပါတယ် ။

ကလေးငယ်ရဲ့ဖခင်ဖြစ်သူက သားလေးကိုကယ်တင်နိုင်ဖို့ လမ်းမမြင်နိုင်တော့တဲ့အဆုံး ယခုလိုရူးသွပ်တဲ့လုပ်ရပ်မျိုးလုပ်ခဲ့မိကြောင်းနှင့် မိခင်ဖြစ်သူကလည်း သမီးကိုဘယ်သူ့ကိုမှမပေးပါဘူး ၊ မွေးစားဖို့တောင်းဆိုလာကြတာရှိပေမဲ့ ကျွန်မတို့လုံးဝမရောင်းပါဘူး ဆိုပြီးပြန်လည်ဖြေရှင်းပြောဆိုခဲ့ပါတယ် ။ ChengCheng အတွက်လှူဒါန်းငွေများကို Wechat ကနေပေးပို့လှူဒါန်းတာမျိုးရှိပေမဲ့ အဆိုပါကြော်ငြာဆိုင်းဘုတ်နဲ့သမီးကိုရောင်းချတဲ့အဖြစ်အပျက်ကြောင့် အကောင့်ပိတ်သိမ်းခြင်းခံခဲ့ရပါတယ် ။ ယခုချိန်မှာတော့ အဆိုပါစုံတွဲဟာအိမ်ရောင်းပြီး သားဖြစ်သူရဲ့ကုသစရိတ်အတွက်ရှာဖွေနေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment