ပိုက္ကြန္ထဲမွာပိတ္မိေနတဲ့ ဝါဇီေျပာက္ပင္လယ္ငါးမန္းကို ရေအာင္ကယ္ထုတ္ေပးခဲ့တဲ့ တံငါသည္ (႐ုပ္သံ)

မၾကာေသးခင္ကမွ ပိုက္ကြန္ထဲမွာပိတ္မိေနတဲ့ whale shark လို႔ေခၚတဲ့ ပင္လယ္ငါးမန္းအမ်ိဳးအစားငါးကို မေလး႐ွားႏိုင္ငံ ၊ Kedah ျပည္နယ္မွာ႐ွိတဲ့ တံငါသည္အမ်ိဳးသားတစ္ဦးက ပိုက္ကြန္ထဲကေနရေအာင္ ကယ္ထုတ္ေပးခဲ့တဲ့ video ဟာ Facebook စာမ်က္ႏွာေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ သတၱိ႐ွိလြန္းတဲ့ တံငါသည္ဟာ ပိုက္ကြန္ထဲမွာပိတ္မိေနတဲ့ ဝါဇီေျပာက္ပင္လယ္ငါးမန္းဆီသို႔ ကူးခတ္သြားခဲ့ၿပီး ညင္သာစြာပိုက္ကြန္ကိုေအာက္ဖက္သို႔ ဆြဲခ်ေပးၿပီးေနာက္ ငါးမန္းေလးကို ပိုက္ကြန္အျပင္ဖက္သို႔ထြက္ခြာႏိုင္ေအာင္ ကူညီေပးခဲ့ပါတယ္ ။

အခ်ိန္အနည္းငယ္ၾကာျမင့္ၿပီးေနာက္မွာေတာ့ ပင္လယ္ငါးမန္းဟာ ပိုက္ကြန္းကေနလြတ္ေျမာက္သြားခဲ့ၿပီး အေဝးသို႔ လြတ္လြတ္လပ္လပ္ကူးခပ္ထြက္ခြာသြားခဲ့ပါတယ္ ။ ႐ွားပါးတဲ့ငါးမ်ိဳးစိတ္ေတြကို ေလာဘမႀကီးဘဲ ေစတနာေမတၱာျဖင့္လြတ္ေျမာက္ေအာင္ကူညီေပးခဲ့တဲ့ တံငါသည္ ႏွင့္ သဘာၤေပၚမွအေပါင္းအပါငါးဖမ္းသမားမ်ားကို လူအေတာ္မ်ားမ်ားက ေလးစားၿပီး ၊ ႐ွားပါးငါးမ်ိဳးစိတ္ေတြကို ကူညီကယ္ဆယ္ေပးခဲ့တဲ့အတြက္ ခ်ီးက်ဴ းေနၾကလ်က္႐ွိပါတယ္ ။

Whale shark အမည္႐ွိတဲ့ အဆိုပါ႐ွားပါးငါးမ်ိဳးစိတ္ေတြရဲ႕ အသား ၊ ဆူးေတာင္ ၊ အေရခြံ ႏွင့္ ပါးဟက္ ရ႐ွိဖို႔ အခ်ိဳ႕ေသာတံငါသည္ေတြရဲ႕ အမဲလိုက္ဖမ္းယူျခင္းကိုခံေနရလ်က္႐ွိပါတယ္ ။ ထို႔အျပင္ အဆိုပါငါးေတြဟာ တူနာငါးေတြဖမ္းဆီးေနတဲ့ပိုက္ကြန္ေတြမွာ မၾကာခဏပိတ္မိေနတတ္ၾကေၾကာင္း သိ႐ွိရပါတယ္ ။ အဆိုပါ ဝါဇီေျပာက္ပင္လယ္ငါးမန္းေတြဟာ လူေတြကိုအႏၱရာယ္မျပဳတတ္ေၾကာင္းလည္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကမှ ပိုက်ကွန်ထဲမှာပိတ်မိနေတဲ့ whale shark လို့ခေါ်တဲ့ ပင်လယ်ငါးမန်းအမျိုးအစားငါးကို မလေးရှားနိုင်ငံ ၊ Kedah ပြည်နယ်မှာရှိတဲ့ တံငါသည်အမျိုးသားတစ်ဦးက ပိုက်ကွန်ထဲကနေရအောင် ကယ်ထုတ်ပေးခဲ့တဲ့ video ဟာ Facebook စာမျက်နှာပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ သတ္တိရှိလွန်းတဲ့ တံငါသည်ဟာ ပိုက်ကွန်ထဲမှာပိတ်မိနေတဲ့ ဝါဇီပြောက်ပင်လယ်ငါးမန်းဆီသို့ ကူးခတ်သွားခဲ့ပြီး ညင်သာစွာပိုက်ကွန်ကိုအောက်ဖက်သို့ ဆွဲချပေးပြီးနောက် ငါးမန်းလေးကို ပိုက်ကွန်အပြင်ဖက်သို့ထွက်ခွာနိုင်အောင် ကူညီပေးခဲ့ပါတယ် ။

အချိန်အနည်းငယ်ကြာမြင့်ပြီးနောက်မှာတော့ ပင်လယ်ငါးမန်းဟာ ပိုက်ကွန်းကနေလွတ်မြောက်သွားခဲ့ပြီး အဝေးသို့ လွတ်လွတ်လပ်လပ်ကူးခပ်ထွက်ခွာသွားခဲ့ပါတယ် ။ ရှားပါးတဲ့ငါးမျိုးစိတ်တွေကို လောဘမကြီးဘဲ စေတနာမေတ္တာဖြင့်လွတ်မြောက်အောင်ကူညီပေးခဲ့တဲ့ တံငါသည် နှင့် သဘာၤပေါ်မှအပေါင်းအပါငါးဖမ်းသမားများကို လူအတော်များများက လေးစားပြီး ၊ ရှားပါးငါးမျိုးစိတ်တွေကို ကူညီကယ်ဆယ်ပေးခဲ့တဲ့အတွက် ချီးကျူ းနေကြလျက်ရှိပါတယ် ။

Whale shark အမည်ရှိတဲ့ အဆိုပါရှားပါးငါးမျိုးစိတ်တွေရဲ့ အသား ၊ ဆူးတောင် ၊ အရေခွံ နှင့် ပါးဟက် ရရှိဖို့ အချို့သောတံငါသည်တွေရဲ့ အမဲလိုက်ဖမ်းယူခြင်းကိုခံနေရလျက်ရှိပါတယ် ။ ထို့အပြင် အဆိုပါငါးတွေဟာ တူနာငါးတွေဖမ်းဆီးနေတဲ့ပိုက်ကွန်တွေမှာ မကြာခဏပိတ်မိနေတတ်ကြကြောင်း သိရှိရပါတယ် ။ အဆိုပါ ဝါဇီပြောက်ပင်လယ်ငါးမန်းတွေဟာ လူတွေကိုအန္တရာယ်မပြုတတ်ကြောင်းလည်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment