ေသဆံုးသြားတဲ့ဖခင္ရဲ႕ ႐ုပ္အေလာင္းေ႐ွ႕မွာတင္ လက္ထပ္ထိမ္းျမႇားခဲ႔တဲ့စံုတြဲ

မၾကာေသးခင္က အင္ဒိုနီး႐ွားႏိုင္ငံကစံုတြဲတစ္တြဲဟာ ၎တို႔ရဲ႕မဂၤလာပြဲကိုသတို႔သားရဲ႕ ေသဆံုးသြားၿပီျဖစ္တဲ့ဖခင္ရဲ႕႐ုပ္အေလာင္းေ႐ွ႕မွာတင္ လက္ထပ္ထိမ္းျမားခဲ့ပါတယ္ ။ အေၾကာင္းကေတာ့ မဂၤလာပြဲအခိုက္အတန္႔ေလးမွာ ဖခင္ရဲ႕ဝိညာဥ္မွာလည္း အတူ႐ွိေနမယ္လို႔ ယံုၾကည္ခဲ့ၾကလို႔ပါပဲ ။ Romadhony Putra Pratama အမည္႐ွိတဲ့အမ်ိဳးသားဟာ သူ႔ရဲ႕ခမ္းနားတဲ့အမွတ္ရစရာမဂၤလာပြဲေန့ကို ဖခင္ျဖစ္သူနဲ႔အတူအျမဲ႐ွိခ်င္ခဲ့တာပါ ။ သို႔ေပမဲ့လည္း ၿပီးခဲ့တဲ့ July 10 ရက္ေန႔မွာ ဖခင္ျဖစ္သူဟာေလ့က်င့္ခန္းျပဳလုပ္ရင္း ႐ုတ္တရက္ႏွလံုးေဖာက္ကာ အသက္ေသဆံုးသြားခဲ့ပါတယ္ ။

ဖခင္ျဖစ္သူေသဆံုးၿပီး 5နာရီအၾကာမွာေတာ့ Romadhony ဟာခ်စ္သူမိန္းကေလးနဲ႔ လက္ထပ္ဖို႔ဆံုးျဖတ္ခ်က္ခ်ခဲ့ၿပီး ဖခင္ရဲ႕႐ုပ္အေလာင္ေ႐ွ႕မွာတင္ မဂၤလာပြဲက်င္းပခဲ့ကာ ၊ သူ႔ရဲ႕တစ္သက္မွာ တစ္ခါသာက်င္းပမဲ့မဂၤလာပြဲကို ဖခင္ျဖစ္သူလည္း ျမင္သြားေစလို၍ျဖစ္ေၾကာင္း ေျပာျပခဲ့ပါတယ္ ။ ” ကြၽန္ေတာ္အေဖ ေဆးရံုမွာ ဆံုးသြားခဲ့ၿပီတာနဲ႔ ကြၽန္ေတာ္က ဖခင္ရဲ႕႐ုပ္အေလာင္းေ႐ွ႕မွာတင္ လက္ထပ္ဖို႔ဆံုးျဖတ္ခဲ့တယ္ ၊ အေဖ့ရဲ႕ဝိညာဥ္ျဖစ္ေနရင္ေတာင္မွ ကြၽန္ေတာ့္ဇနီးနဲ႔လက္ထပ္ခဲ့တာကို အေဖျမင္သြားခဲ့ၿပီး ေဘးမွာအတူ႐ွိေနမယ္လို႔ ကြၽန္ေတာ္ယံုၾကည္လို႔ပါပဲ ” ဆိုၿပီး Romadhony ကေျပာျပသြားခဲ့ပါတယ္ ။

မဂၤလာပြဲၿပီးတာနဲ႔ ဖခင္ရဲ႕႐ုပ္အေလာင္းကိုေျမျမဳပ္သျဂဳႋဟ္ခဲ့ပါတယ္ ။ Romadhony တို႔စံုတြဲဟာ အေစာပိုင္းကတည္းကလက္ထပ္ဖို႔ရည္ရြယ္ခဲ့ေပမဲ့လည္း Covid-19 ေရာဂါအေျခအေနေၾကာင့္ မဂၤလာပြဲကိုေရႊ႔ဆိုင္းခဲ့ရၿပီး ၊ ယခုအခ်ိန္မွာလည္း ဖခင္ျဖစ္သူ႐ုတ္တရက္ေသဆံုးသြားခဲ့လို႔ သတ္မွတ္ထားတဲ့ရက္ထက္ေစာၿပီး မဂၤလာပြဲကိုေရြ႔ခဲ့ရတာပါ ။ ဖခင္ျဖစ္သူကေတာ့ Romadhony အတြက္ ေလးစားအားက်ရတဲ့လူတစ္ေယာက္အျဖစ္ ႐ွိေနဆဲပါပဲ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်က အင်ဒိုနီးရှားနိုင်ငံကစုံတွဲတစ်တွဲဟာ ၎င်းတို့ရဲ့မင်္ဂလာပွဲကိုသတို့သားရဲ့ သေဆုံးသွားပြီဖြစ်တဲ့ဖခင်ရဲ့ရုပ်အလောင်းရှေ့မှာတင် လက်ထပ်ထိမ်းမြားခဲ့ပါတယ် ။ အကြောင်းကတော့ မင်္ဂလာပွဲအခိုက်အတန့်လေးမှာ ဖခင်ရဲ့ဝိညာဉ်မှာလည်း အတူရှိနေမယ်လို့ ယုံကြည်ခဲ့ကြလို့ပါပဲ ။ Romadhony Putra Pratama အမည်ရှိတဲ့အမျိုးသားဟာ သူ့ရဲ့ခမ်းနားတဲ့အမှတ်ရစရာမင်္ဂလာပွဲနေ့ကို ဖခင်ဖြစ်သူနဲ့အတူအမြဲရှိချင်ခဲ့တာပါ ။ သို့ပေမဲ့လည်း ပြီးခဲ့တဲ့ July 10 ရက်နေ့မှာ ဖခင်ဖြစ်သူဟာလေ့ကျင့်ခန်းပြုလုပ်ရင်း ရုတ်တရက်နှလုံးဖောက်ကာ အသက်သေဆုံးသွားခဲ့ပါတယ် ။

ဖခင်ဖြစ်သူသေဆုံးပြီး 5နာရီအကြာမှာတော့ Romadhony ဟာချစ်သူမိန်းကလေးနဲ့ လက်ထပ်ဖို့ဆုံးဖြတ်ချက်ချခဲ့ပြီး ဖခင်ရဲ့ရုပ်အလောင်ရှေ့မှာတင် မင်္ဂလာပွဲကျင်းပခဲ့ကာ ၊ သူ့ရဲ့တစ်သက်မှာ တစ်ခါသာကျင်းပမဲ့မင်္ဂလာပွဲကို ဖခင်ဖြစ်သူလည်း မြင်သွားစေလို၍ဖြစ်ကြောင်း ပြောပြခဲ့ပါတယ် ။ ” ကျွန်တော်အဖေ ဆေးရုံမှာ ဆုံးသွားခဲ့ပြီတာနဲ့ ကျွန်တော်က ဖခင်ရဲ့ရုပ်အလောင်းရှေ့မှာတင် လက်ထပ်ဖို့ဆုံးဖြတ်ခဲ့တယ် ၊ အဖေ့ရဲ့ဝိညာဉ်ဖြစ်နေရင်တောင်မှ ကျွန်တော့်ဇနီးနဲ့လက်ထပ်ခဲ့တာကို အဖေမြင်သွားခဲ့ပြီး ဘေးမှာအတူရှိနေမယ်လို့ ကျွန်တော်ယုံကြည်လို့ပါပဲ ” ဆိုပြီး Romadhony ကပြောပြသွားခဲ့ပါတယ် ။

မင်္ဂလာပွဲပြီးတာနဲ့ ဖခင်ရဲ့ရုပ်အလောင်းကိုမြေမြုပ်သဂြုႋဟ်ခဲ့ပါတယ် ။ Romadhony တို့စုံတွဲဟာ အစောပိုင်းကတည်းကလက်ထပ်ဖို့ရည်ရွယ်ခဲ့ပေမဲ့လည်း Covid-19 ရောဂါအခြေအနေကြောင့် မင်္ဂလာပွဲကိုရွှေ့ဆိုင်းခဲ့ရပြီး ၊ ယခုအချိန်မှာလည်း ဖခင်ဖြစ်သူရုတ်တရက်သေဆုံးသွားခဲ့လို့ သတ်မှတ်ထားတဲ့ရက်ထက်စောပြီး မင်္ဂလာပွဲကိုရွေ့ခဲ့ရတာပါ ။ ဖခင်ဖြစ်သူကတော့ Romadhony အတွက် လေးစားအားကျရတဲ့လူတစ်ယောက်အဖြစ် ရှိနေဆဲပါပဲ ။

Jasmine (Mckzone Daily)

  • Leave a Comment