ကြောင်ကလေးတွေကို အဝတ်လျှော်စက်ထဲထည့်ပြီး သွေးအေးစွာသတ်ပစ်ခဲ့တဲ့သူ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံက အသက် 30 အရွယ်အမျိုးသားတစ်ဦးဟာ ကြောင်ကလေးတွေကိုအဝတ်လျှော်စက်ထဲထည့်ပြီး သတ်ပစ်ခဲ့လို့ ဖမ်းဆီးထိန်းသိမ်းခြင်းခံခဲ့ရပါတယ် ။ အဆိုပါအဖြစ်အပျက်ကိုတော့ ပြီးခဲ့တဲ့ July 12 ရက်နေ့ ည 10:30 အချိန်ခန့်မှာ အမျိုးသမီးဟာ အဆိုပါပင်မင်းဆိုင်ရှိ အဝတ်လျှော်စက်ကိုဖွင့်ကြည့်ခဲ့ရင်ကနေ ကြောင်ကလေးတွေ သေဆုံးနေခဲ့တာကိုတွေ့ရှိခဲ့တာဖြစ်ပါတယ် ။ အဆိုပါမျက်မြင်အမျိုးသမီးကပဲ ချက်ချင်းရဲအရာရှိတွေထံ တိုင်ကြားခဲ့ကြောင်း သိရှိရပြီး အဆိုပါအဖြစ်အပျက်ဟာ မနက်ခင်း 5:30 အချိန်ခန့်မှာဖြစ်ပွားခဲ့တာဖြစ်ကြောင်း CCTV မှတ်တမ်းများအရ ခန့်မှန်းထားကြပါတယ် ။

မျက်မြင်သက်သေပြောပြချက်အရ ပင်မင်းဆိုင်ပိုင်ရှင်ဟာ CCTV မှတ်တမ်းများရှိပေမဲ့လည်း အဆိုပါအဖြစ်အပျက်ကို တိုင်ကြားခဲ့ခြင်းမျိုးမရှိကြောင်း သိရှိရပါတယ် ။ CCTV မှတ်တမ်းမှာ ပြစ်မှုကျူ းလွန်သူရဲ့ ရုပ်ပုံများပါရှိခဲ့တဲ့အတွက် အဆိုပါပြစ်မှုကျူ းလွန်သူမှာ ဖမ်းဆီးထိန်းသိမ်းခံထားရလျက်ရှိကြောင်း သိရှိရပါတယ် ။

ပြစ်မှုကျူ းလွန်သူအမျိုးသားဟာ အဝတ်လျှော်စက် တစ်လုံးစီမှာ ကြောင်တစ်ကောင်စီထည့်ပြီး ၊ ကြောင် 3ကောင်ခန့်ကို သတ်ပစ်ခဲ့တာဖြစ်ပြီး ယခုချိန်မှာတော့ ပြစ်မှုကျူ းလွန်သူကို စစ်ဆေးမေးမြန်းနေလျက်ရှိကြောင်း သိရှိရပါတယ် ။ မလေးရှားနိုင်ငံရဲ့တိရစ္ဆာန်ကာကွယ်ပေးတဲ့ ဥပဒေများအရ အဆိုပါအမျိုးသားဟာ ထောင်ဒဏ် 3နှစ် နှင့် ဒဏ်ကြေးငွေအနည်းဆုံး RM 100,000 ခန့်ပေးဆောင်ရနိုင်ကြောင်း ခန့်မှန်းထားလျက်ရှိပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment