သမီးအရင်းကို မုဒိမ်းပြုကျင့်ခဲ့ပေမဲ့ ထောင်ဒဏ်လျှော့ချခွင့်ရခဲ့တဲ့အမျိုးသား




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မလေးရှားနိုင်ငံမှာနေထိုင်တဲ့ အသက် 52 နှစ်အရွယ်အမျိုးသားဟာ သမီးအရင်းကို ကိုယ်ထိလက်ရောက်နှိပ်စက်ခဲ့တဲ့အပြင် မုဒိမ်းပါပြုကျင့်ခဲ့လို့ ထောက်ဒဏ် 115 နှစ်ချမှတ်ခံခဲ့ရပေမဲ့လည်း ထောင်ဒဏ် 45 နှစ်သာချမှတ်ခံရဖို့ ပြစ်ဒဏ်လျှော့ချခြင်းခံခဲ့ရပါတယ် ။ သို့ပေမဲ့လည်း ကြိမ်ဒဏ် အချက်ပေါင်း 20 ကိုတော့ထပ်မံချမှတ်ခဲ့ပါတယ် ။ အဆိုပါအမျိုးသားဟာ သမီးဖြစ်သူ အသက် 12နှစ်အရွယ် 2014 ခုနှစ်မှာကတည်းက ပထမဆုံးအကြိမ်အဖြစ်စပြီး မုဒိမ်းပြုကျင့်ခဲ့ကာ နောက်ပိုင်းစားအုန်းဆီစိုက်ခင်း ၊ ဟိုတယ် ၊ အိပ်ခန်း ၊ ကားပါကင်း နှင့် သန့်စင်ခန်းစတဲ့နေရာတွေမှာ သမီးဖြစ်သူ အသက် 15နှစ်ပြည့်သည်အထိ မုဒိမ်းပြုကျင့်ခဲ့ကြောင်း သိရှိရပါတယ် ။

ပြီးခဲ့တဲ့ 2017 ခုနှစ် စက်တင်ဘာလမှာတော့ မုဒိမ်းပြုကျင့်မှုစုစုပေါင်း 5ကြိမ်အတွက် ထောင်ဒဏ် 22နှစ်ချမှတ်ခံရတဲ့အပြင် ကြိမ်ဒဏ်လည်းချမှတ်ခြင်းခံခဲ့ရပါသေးတယ် ။ သို့ပေမဲ့လည်း တရားလိုဖက်မှ ထပ်မံအသနားခံတောင်းဆိုခဲ့လို့ ဖခင်ဖြစ်သူဟာ အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ထောင်ဒဏ် 112 နှစ်ချမှတ်ခံခဲ့ရပါတယ် ။

သို့ပေမဲ့လည်း လူတွေရဲ့ပျှမ်းမျှသက်တမ်းကို မလေးရှားနိုင်ငံမှာ အသက် 70 နှစ်အထိသာ သတ်မှတ်ထားပြီး ပြစ်မှုကျူ းလွန်သူရဲ့အသက်ဟာ 52 နှစ်ရှိနေပြီဖြစ်သောကြောင့် ထောင်ဒဏ်အပြည့်အကျဉ်းချခံရဖို့ အသက်အရွယ်ကြီးနေပြီဖြစ်တဲ့အတွက် ထောက်ဒဏ် 112 နှစ်ကနေ 45 နှစ်သာထောင်ဒဏ်ကျခံဖို့ ဆုံးဖြတ်ခဲ့ကြတာဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment