ခ်စ္သူက ဝလြန္းလို႔ဆိုၿပီး မနာလိုသူေတြရဲ႕တိုက္ခိုက္မုန္းတီးျခင္းကိုခံေနရတဲ့စံုတြဲ

Social Media ဟာတစ္ခ်ိဳ႕ေသာသူေတြအတြက္ တစ္ခါတစ္ရံမွာ ဆိုးဝါးစြာျပစ္တင္ေဝဖန္ခံေနရတဲ့ ေနရာတစ္ခုလို႔ေျပာရေလာက္ေအာင္ပါပဲ ။ ဗီယက္နမ္ႏိုင္ငံမွာေနထိုင္တဲ့ Linh Nguyen ႏွင့္ Hai Nguyen အမည္႐ွိတဲ့ စံုတြဲဟာ ခ်စ္သူေကာင္ေလးရဲ႕ဆြဲေဆာင္မႈမ႐ွိတဲ့ ႐ုပ္ခႏၶာကိုယ္ေၾကာင့္ online ေပၚမွာ အေတာ္ေလးကိုေဝဖန္မႈခံေနရလ်က္႐ွိပါတယ္ ။ Linh အမည္႐ွိတဲ့မိန္းကေလးကေတာ့ သူမခ်စ္သူ Hai နဲ႔အတူ႐ိုက္ကူးထားတဲ့ဓာတ္ပံုေတြကိုအျမဲေဝမ်ွေလ့႐ွိၿပီး အဆိုပါဓာတ္ပံုေတြဟာေရပန္းစားကာ အေတာ္ေလးလူေျပာမ်ားတဲ့အျဖစ္သို႔ အျမဲေရာက္႐ွိေနလ်က္႐ွိပါတယ္ ။

Linh ဟာ online ေပၚမွာအေတာ္ေလးကို ေပၚျပဴ လာျဖစ္ၿပီး သူမတြင္ follower ေပါင္း 39,000 အထိပိုင္ဆိုင္ထားသူတစ္ေယာက္လည္း ျဖစ္ပါတယ္ ။ သူမကေတာ့ ႐ုပ္ရည္ေခ်ာေမာလွပမႈအတြက္ ခ်ီးက်ဴ းအားေပးစကားေတြ အျမဲလက္ခံရ႐ွိေပမဲ့လည္း ဝလြန္းတဲ့ခ်စ္သူဟာ သူမနဲ႔မလိုက္ဖက္ေၾကာင္း ၊ ဝလြန္းတဲ့ ခ်စ္သူနဲ႔ လံုးဝမထိုက္တန္ေၾကာင္း ႏွင့္ သူမတို႔ရဲ႕ပံုစံကို ” Beauty and the Beast ” ဆိုၿပီး မ်ိဳးစံုေနာက္ေျပာင္ေရးသားေဝဖန္ျခင္းကို ခံခဲ့ၾကရပါတယ္ ။

သို႔ေပမဲ့လည္း သူမတို႔ခ်စ္သူစံုတြဲရဲ႕ relationship သက္တမ္းဟာ 2ႏွစ္ခန္႔႐ွိေနၿပီျဖစ္ၿပီး ၊ သူမတို႔ရဲ႕ Romantic ဆန္လြန္းတဲ့ဓာတ္ပံုေတြနဲ႔ ေဝဖန္မုန္းတီးသူေတြကိုအျမဲျပန္တုန္႔ျပန္ခဲ့ပါတယ္ ။ အခ်ိဳ႕ေသာသူမ်ားကေတာ့ ခ်စ္သူ Hai ဟာ ေငြေရးေၾကးေရးခ်မ္းသာသူျဖစ္ေသာေၾကာင့္ Relationship ခိုင္မာေနတာျဖစ္ေၾကာင္း ထပ္မံေဝဖန္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း Linh ဟာ ” အခ်စ္မွာ ဝတာ ၊ ႐ုပ္ပိုင္းဆိုင္ရာေတြဆိုတာက အေရးမႀကီးပါဘူး ၊ အေရးႀကီးဆံုးက အျပန္အလွန္ေျပာဆိုဆက္ဆံပံုေတြနဲ႔ ႏွလံုးသားထပ္တူက်ဖို႔ပါပဲ ” ဆိုၿပီး ေဝဖန္သူေတြကို ျပန္လည္ေျဖၾကားေပးခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source:NEXTSHARK

Unicode

Social Media ဟာတစ်ချို့သောသူတွေအတွက် တစ်ခါတစ်ရံမှာ ဆိုးဝါးစွာပြစ်တင်ဝေဖန်ခံနေရတဲ့ နေရာတစ်ခုလို့ပြောရလောက်အောင်ပါပဲ ။ ဗီယက်နမ်နိုင်ငံမှာနေထိုင်တဲ့ Linh Nguyen နှင့် Hai Nguyen အမည်ရှိတဲ့ စုံတွဲဟာ ချစ်သူကောင်လေးရဲ့ဆွဲဆောင်မှုမရှိတဲ့ ရုပ်ခန္ဓာကိုယ်ကြောင့် online ပေါ်မှာ အတော်လေးကိုဝေဖန်မှုခံနေရလျက်ရှိပါတယ် ။ Linh အမည်ရှိတဲ့မိန်းကလေးကတော့ သူမချစ်သူ Hai နဲ့အတူရိုက်ကူးထားတဲ့ဓာတ်ပုံတွေကိုအမြဲဝေမျှလေ့ရှိပြီး အဆိုပါဓာတ်ပုံတွေဟာရေပန်းစားကာ အတော်လေးလူပြောများတဲ့အဖြစ်သို့ အမြဲရောက်ရှိနေလျက်ရှိပါတယ် ။

Linh ဟာ online ပေါ်မှာအတော်လေးကို ပေါ်ပြူ လာဖြစ်ပြီး သူမတွင် follower ပေါင်း 39,000 အထိပိုင်ဆိုင်ထားသူတစ်ယောက်လည်း ဖြစ်ပါတယ် ။ သူမကတော့ ရုပ်ရည်ချောမောလှပမှုအတွက် ချီးကျူ းအားပေးစကားတွေ အမြဲလက်ခံရရှိပေမဲ့လည်း ဝလွန်းတဲ့ချစ်သူဟာ သူမနဲ့မလိုက်ဖက်ကြောင်း ၊ ဝလွန်းတဲ့ ချစ်သူနဲ့ လုံးဝမထိုက်တန်ကြောင်း နှင့် သူမတို့ရဲ့ပုံစံကို ” Beauty and the Beast ” ဆိုပြီး မျိုးစုံနောက်ပြောင်ရေးသားဝေဖန်ခြင်းကို ခံခဲ့ကြရပါတယ် ။

သို့ပေမဲ့လည်း သူမတို့ချစ်သူစုံတွဲရဲ့ relationship သက်တမ်းဟာ 2နှစ်ခန့်ရှိနေပြီဖြစ်ပြီး ၊ သူမတို့ရဲ့ Romantic ဆန်လွန်းတဲ့ဓာတ်ပုံတွေနဲ့ ဝေဖန်မုန်းတီးသူတွေကိုအမြဲပြန်တုန့်ပြန်ခဲ့ပါတယ် ။ အချို့သောသူများကတော့ ချစ်သူ Hai ဟာ ငွေရေးကြေးရေးချမ်းသာသူဖြစ်သောကြောင့် Relationship ခိုင်မာနေတာဖြစ်ကြောင်း ထပ်မံဝေဖန်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း Linh ဟာ ” အချစ်မှာ ဝတာ ၊ ရုပ်ပိုင်းဆိုင်ရာတွေဆိုတာက အရေးမကြီးပါဘူး ၊ အရေးကြီးဆုံးက အပြန်အလှန်ပြောဆိုဆက်ဆံပုံတွေနဲ့ နှလုံးသားထပ်တူကျဖို့ပါပဲ ” ဆိုပြီး ဝေဖန်သူတွေကို ပြန်လည်ဖြေကြားပေးခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment