ဒူးရင္းသီးအနံ႔ေမႊးလြန္းလို႔ မခံႏိုင္ေတာ့ဘဲ စတိုးဆိုင္အထိ ဝင္ၿပီးခိုးစားခဲ့တဲ့ ဆင္ႀကီး

ဒူးရင္းသီးႀကိဳက္ႏွစ္သက္ၾကသူေတြအတြက္ ဒူးရင္းသီးအနံ႔ဟာ အေမႊႀကိဳင္ဆံုးအနံ႔လို႔သတ္မွတ္ရေလာက္တဲ့အထိပါပဲ ။ ၿပီးခဲ့တဲ့ July 7ရက္ေန႔ဟာ Siriphon Kerdsuchon ဆိုတဲ့အမ်ိဳးသမီးအတြက္ ေမ့ေဖ်ာက္ႏိုင္လို႔မရတဲ့ေန႔လို႔ဆိုရမွာပါပဲ ။ ဘာလို႔လည္းဆိုေတာ့ သူမရဲ႕စတိုးဆိုင္ထဲကို ဆင္ႀကီးတစ္ေကာင္ကျဖတ္ဝင္ၿပီး ဒူးရင္းသီး 10 လံုးခိုးယူသြားခဲ့လို႔ပါပဲ ။ အဆိုပါဆင္ႀကီးဟာ ထိုင္းႏိုင္ငံ ၊ Kaeng Krachan National Park မွ ဆင္ႀကီးျဖစ္တယ္လို႔ယူဆၾကၿပီး ၊ ဒူးရင္းသီးအနံ႔ကိုမခံႏိုင္ေတာ့လို႔ 12,000 ဘတ္တန္ဖိုး႐ွိတဲ့ သံျပတင္းကာကိုျဖတ္ၿပီးဝင္ေရာက္ခဲ့တာျဖစ္ေၾကာင္း သိရပါတယ္ ။

သံျပတင္းကာကိုျပင္ၿပီးမၾကာခင္ ညဖက္မွာပဲ အဆိုပါဆင္ႀကီးဟာ သံျပတင္းကာကိုထပ္ဖ်က္ၿပီး ဒူးရင္းသီးမ်ားအားထပ္မံလာေရာက္ခိုးယူသြားခဲ့ေၾကာင္း သိရပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ဆိုင္႐ွင္ဟာ သူမရဲ႕ဖုန္းနဲ႔ ဆင္ႀကီးရဲ႕႐ုပ္ပံုကိုအမိအရ႐ိုက္ယူခဲ့ပါတယ္ ။ သဘာဝဥယ်ာဥ္ျခံရဲ႕ တာဝန္႐ွိသူကေတာ့ အဆိုပါျဖစ္ရပ္ကို စစ္ေဆးၿပီးတာဝန္ယူေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

ဆင္ေတြဟာ ဒူးရင္းသီးေတြကို စားဖို႔ ဒူးရင္းသီးေတြကိုေျမႀကီးေပၚပစ္ခ်ၿပီးေနာက္ ေျခတစ္ဖက္နဲ႔နင္းၿပီး ခြဲေလ့႐ွိပါတယ္ ။ ထို႔ေနာက္ ဆူးေတြပါတဲ့ဒူးရင္းသီးအခြံေတြကိုပါ ဝါးစားေလ့႐ွိေၾကာင္းသိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ဒူးရင်းသီးကြိုက်နှစ်သက်ကြသူတွေအတွက် ဒူးရင်းသီးအနံ့ဟာ အမွှေကြိုင်ဆုံးအနံ့လို့သတ်မှတ်ရလောက်တဲ့အထိပါပဲ ။ ပြီးခဲ့တဲ့ July 7ရက်နေ့ဟာ Siriphon Kerdsuchon ဆိုတဲ့အမျိုးသမီးအတွက် မေ့ဖျောက်နိုင်လို့မရတဲ့နေ့လို့ဆိုရမှာပါပဲ ။ ဘာလို့လည်းဆိုတော့ သူမရဲ့စတိုးဆိုင်ထဲကို ဆင်ကြီးတစ်ကောင်ကဖြတ်ဝင်ပြီး ဒူးရင်းသီး 10 လုံးခိုးယူသွားခဲ့လို့ပါပဲ ။ အဆိုပါဆင်ကြီးဟာ ထိုင်းနိုင်ငံ ၊ Kaeng Krachan National Park မှ ဆင်ကြီးဖြစ်တယ်လို့ယူဆကြပြီး ၊ ဒူးရင်းသီးအနံ့ကိုမခံနိုင်တော့လို့ 12,000 ဘတ်တန်ဖိုးရှိတဲ့ သံပြတင်းကာကိုဖြတ်ပြီးဝင်ရောက်ခဲ့တာဖြစ်ကြောင်း သိရပါတယ် ။

သံပြတင်းကာကိုပြင်ပြီးမကြာခင် ညဖက်မှာပဲ အဆိုပါဆင်ကြီးဟာ သံပြတင်းကာကိုထပ်ဖျက်ပြီး ဒူးရင်းသီးများအားထပ်မံလာရောက်ခိုးယူသွားခဲ့ကြောင်း သိရပါတယ် ။ ထိုအချိန်မှာတော့ ဆိုင်ရှင်ဟာ သူမရဲ့ဖုန်းနဲ့ ဆင်ကြီးရဲ့ရုပ်ပုံကိုအမိအရရိုက်ယူခဲ့ပါတယ် ။ သဘာဝဥယျာဉ်ခြံရဲ့ တာဝန်ရှိသူကတော့ အဆိုပါဖြစ်ရပ်ကို စစ်ဆေးပြီးတာဝန်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရပါတယ် ။

ဆင်တွေဟာ ဒူးရင်းသီးတွေကို စားဖို့ ဒူးရင်းသီးတွေကိုမြေကြီးပေါ်ပစ်ချပြီးနောက် ခြေတစ်ဖက်နဲ့နင်းပြီး ခွဲလေ့ရှိပါတယ် ။ ထို့နောက် ဆူးတွေပါတဲ့ဒူးရင်းသီးအခွံတွေကိုပါ ဝါးစားလေ့ရှိကြောင်းသိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment