ေမြးကင္းစကေလးငယ္ကို ဓားနဲ႔ထိုးၿပီး အ႐ွင္လတ္လတ္ေျမျမဳပ္ကာ သတ္ဖို႔ၾကံစည္ခဲ့တဲ့ မိခင္

ေမြးကင္းစသားငယ္ေလးဟာ ခႏၶာကိုယ္ေပၚမွာထိုးသြင္းဒဏ္ရာ 14 ႀကိမ္ ႏွင့္အတူ အ႐ွင္လတ္လတ္ေျမျမဳပ္ခံခဲ့ရေပမဲ့ ေနာက္ဆံုးကေလးငယ္ရဲ႕ဘဝဟာ မေမ်ွာ္လင့္ဘဲ ဆြီဒင္စံုတြဲတစ္တြဲကေခၚယူေမြးစားခဲ့လို႔ ေပ်ာ္ရႊင္ျခင္းနဲ႔အဆံုးသတ္ခဲ့ပါတယ္ ။ Aidin အမည္႐ွိတဲ့ 7လသားအရြယ္ ကေလးငယ္ဟာ ထိုင္းႏိုင္ငံမွာ႐ွိတဲ့ Kaen Thong မိဘမဲ့ကေလးေက်ာင္းကေန ဆြီဒင္ႏိုင္ငံသားစံုတြဲကေတြ႔႐ွိၿပီး ေမြးစားခဲ့တာျဖစ္ပါတယ္ ။ Aidin ကို ၿပီးခဲ့တဲ့ လအနည္းငယ္အၾကာက ႏြားေက်ာင္းေနသူတစ္ဦးက ယူကလစ္ပင္ေအာက္ဖက္ေျမပံုေလးမွာ ကေလးငယ္ရဲ႕ေျခေထာက္ကေလး ေပၚထြက္ေနတာကိုေတြ႔႐ွိၿပီးေနာက္ ေျမႀကီးကိုတူးဆြၿပီး ကယ္တင္ေပးခဲ့တာျဖစ္ပါတယ္ ။ ထို႔ေနာက္ ကေလးငယ္ကို Khon Kaen ေဆးရံုသို႔အလ်င္အျမန္ပို႔ေဆာင္ၿပီး ကုသကယ္တင္ေပးခဲ့ၾကၿပီးေနာက္ ေဆးရံုဝန္ထမ္းမ်ားက ကေလးငယ္ရဲ႕နာမည္ကို Aidin ဆိုၿပီး အမည္မွဲ႔ေခၚခဲ့ၾကပါတယ္ ။

ဆရာဝန္ေတြရဲ႕ေျပာျပခ်က္အရ ကေလးရဲ႕ခႏၶာကိုယ္႐ွိ ထိုးသြင္းဒဏ္ရာမ်ားဟာ ေျမႀကီးေၾကာင့္ ေသြးအထြက္လြန္တာရပ္တန္႔သြားခဲ့တာျဖစ္ေၾကာင္း ႐ွင္းျပခဲ့ပါတယ္ ။ Aidin ရဲ႕မိခင္အရင္းျဖစ္သူဟာ အသက္ 42 ႏွစ္အရြယ္အမ်ိဳးသမီးျဖစ္ၿပီး ေနာက္ပိုင္း လူသတ္မႈ ႏွင့္ ကေလးငယ္ကိုစြန္႔ပစ္ခဲ့မႈတို႔ေၾကာင့္ ျပစ္ဒဏ္ခ်မွတ္ျခင္းခံခဲ့ရေၾကာင္း သိ႐ွိရပါတယ္ ။

မိဘမဲ့ေက်ာင္းမွတာဝန္႐ွိသူမ်ားကလည္း ကေလးငယ္ကိုေမြးစားမည့္ ေမြးစားမိဘေတြရဲ႕ေနာက္ေၾကာင္းရာဇဝင္ ၊ ျပစ္မႈမွတ္တမ္းေတြကို ေသခ်ာေလ့လာၿပီးမွ ကေလးငယ္ေတြကိုေမြးစားခြင့္ျပဳတာျဖစ္ေၾကာက္း ႐ွင္းျပခဲ့ပါတယ္ ။

Jasmine (Mckzone Daily)

Source: EXPRESS

Unicode

မွေးကင်းစသားငယ်လေးဟာ ခန္ဓာကိုယ်ပေါ်မှာထိုးသွင်းဒဏ်ရာ 14 ကြိမ် နှင့်အတူ အရှင်လတ်လတ်မြေမြုပ်ခံခဲ့ရပေမဲ့ နောက်ဆုံးကလေးငယ်ရဲ့ဘဝဟာ မမျှော်လင့်ဘဲ ဆွီဒင်စုံတွဲတစ်တွဲကခေါ်ယူမွေးစားခဲ့လို့ ပျော်ရွှင်ခြင်းနဲ့အဆုံးသတ်ခဲ့ပါတယ် ။ Aidin အမည်ရှိတဲ့ 7လသားအရွယ် ကလေးငယ်ဟာ ထိုင်းနိုင်ငံမှာရှိတဲ့ Kaen Thong မိဘမဲ့ကလေးကျောင်းကနေ ဆွီဒင်နိုင်ငံသားစုံတွဲကတွေ့ရှိပြီး မွေးစားခဲ့တာဖြစ်ပါတယ် ။ Aidin ကို ပြီးခဲ့တဲ့ လအနည်းငယ်အကြာက နွားကျောင်းနေသူတစ်ဦးက ယူကလစ်ပင်အောက်ဖက်မြေပုံလေးမှာ ကလေးငယ်ရဲ့ခြေထောက်ကလေး ပေါ်ထွက်နေတာကိုတွေ့ရှိပြီးနောက် မြေကြီးကိုတူးဆွပြီး ကယ်တင်ပေးခဲ့တာဖြစ်ပါတယ် ။ ထို့နောက် ကလေးငယ်ကို Khon Kaen ဆေးရုံသို့အလျင်အမြန်ပို့ဆောင်ပြီး ကုသကယ်တင်ပေးခဲ့ကြပြီးနောက် ဆေးရုံဝန်ထမ်းများက ကလေးငယ်ရဲ့နာမည်ကို Aidin ဆိုပြီး အမည်မှဲ့ခေါ်ခဲ့ကြပါတယ် ။

ဆရာဝန်တွေရဲ့ပြောပြချက်အရ ကလေးရဲ့ခန္ဓာကိုယ်ရှိ ထိုးသွင်းဒဏ်ရာများဟာ မြေကြီးကြောင့် သွေးအထွက်လွန်တာရပ်တန့်သွားခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ် ။ Aidin ရဲ့မိခင်အရင်းဖြစ်သူဟာ အသက် 42 နှစ်အရွယ်အမျိုးသမီးဖြစ်ပြီး နောက်ပိုင်း လူသတ်မှု နှင့် ကလေးငယ်ကိုစွန့်ပစ်ခဲ့မှုတို့ကြောင့် ပြစ်ဒဏ်ချမှတ်ခြင်းခံခဲ့ရကြောင်း သိရှိရပါတယ် ။

မိဘမဲ့ကျောင်းမှတာဝန်ရှိသူများကလည်း ကလေးငယ်ကိုမွေးစားမည့် မွေးစားမိဘတွေရဲ့နောက်ကြောင်းရာဇဝင် ၊ ပြစ်မှုမှတ်တမ်းတွေကို သေချာလေ့လာပြီးမှ ကလေးငယ်တွေကိုမွေးစားခွင့်ပြုတာဖြစ်ကြောက်း ရှင်းပြခဲ့ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment