သားငယ္ေလးကို ေက်ာက္ထရံမွာတြဲေလာင္းခ်ထားၿပီး အျပံဳးမပ်က္ဓာတ္ပံု႐ိုက္ေနခဲ့တဲ့ ဖခင္ (႐ုပ္သံ)

အံ့ၾသထိတ္လန္႔ဖြယ္ေကာင္းတဲ့ယခုေဖာ္ျပမဲ့ video မွာေတာ့ online ေပၚမွာအေတာ္ေလးပ်ံ့ႏွံေနၿပီး ၊ video ထဲ႐ွိ ကေလးငယ္ရဲ႕ဖခင္ျဖစ္သူကေတာ့ ၿပိဳင္ဘက္ကင္းတဲ့ဓာတ္ပံုမ်ိဳးရ႐ွိေအာင္ သားျဖစ္သူကိုေက်ာက္ထရံရဲ့အစြန္းဖက္မွာ တြဲေလာင္းခ်ကာ ကေလးလက္ကိုကိုင္ဆြဲထားၿပီး ဓာတ္ပံု႐ိုက္ယူေနခဲ့တာပါ ။ အဆိုပါအျဖစ္အပ်က္ဟာ ေပးက်င္းၿမိဳ႕ရဲ႕ၿမိဳ႕အစြန္ဖက္ Hongjing အေဝးေျပးလမ္းမွာ ၿပီးခဲ့တဲ့ေန႔က ျဖစ္ပ်က္ခဲ့တာျဖစ္ပါတယ္ ။ လမ္းရဲ႕အျခားတစ္ဖက္မွာလည္း လူေတြဟာထိုင္ေနၾကၿပီး ၎တို႔ရဲ႕ေျခေထာက္ကို ေက်ာက္ထရံအစြန္းဖက္မွာ တြဲေလာင္းခ်ထားေနၾကတာကို ေတြ႔႐ွိၾကမွာပါ ။ သို႔ေပမဲ့ အဆိုပါမိသားစုတစ္စုကေတာ့ ၎တို႔ရဲ႕သားငယ္ေလးကို ေက်ာက္ထရံအစြန္ဖက္မွာ ကေလးငယ္ရဲ႕လက္ကိုဆြဲကိုင္ထားၿပီး ေနာက္ျပန္အေနအထားျဖင့္တြဲေလာင္းခ်ထားၿပီး ဓာတ္ပံု႐ိုက္ယူေနခဲ့ၾကတာပါ ။

အဆိုပါအျဖစ္အပ်က္ရဲ႕ မူရင္း video ဟာ တ႐ုတ္ social media site ျဖစ္တဲ့ Weboi ေပၚမွာ အေတာ္ေလးကို လူၾကည့္မ်ားကာေရပန္းစားေနခဲ့ၿပီး ၊ video ႐ိုက္ယူေနသူကလည္း ” ၾကည့္လိုက္အံုး ၊ ကေလးရဲ႕လက္က အေတာ္ေလးကိုတုန္ခါေနၿပီ ” ဆိုၿပီး ေျပာဆိုေနခဲ့တဲ့အသံကို video ထဲမွာ ၾကားၾကရမွာပါ ။

အဆိုပါ Video ဟာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္ ကေလးငယ္ရဲ႕မိဘေတြဟာ အေတာ္ေလးကိုအျပစ္တင္ေဝဖန္ျခင္းမ်ိဳးခံေနရလ်က္႐ွိပါတယ္ ။ ကေလးငယ္ရဲ႕မိဘေတြကိုေတာ့ နာမည္အတိအက်နဲ႔ေဖာ္ျပထားျခင္းမ်ိဳးေတာ့မ႐ွိေသးပါဘူး ။ ကိုယ့္ရဲ႕မိုက္႐ူးရဲဆန္လြန္းတဲ့လုပ္ရပ္နဲ႔ တစ္ခါတစ္ေလကိုယ့္ရဲ႕သားသမီး အႏၱရာယ္ျဖစ္သြားမွာမ်ိဳး မ႐ွိေအာင္မိဘေတြက သတိထားၿပီး ျပဳမႈေနထိုင္သြားရမွာျဖစ္ပါတယ္ ။

Jasmine (Mckzone Daily)

Source:PetaPixel

Unicode

အံ့သြထိတ်လန့်ဖွယ်ကောင်းတဲ့ယခုဖော်ပြမဲ့ video မှာတော့ online ပေါ်မှာအတော်လေးပျံ့နှံနေပြီး ၊ video ထဲရှိ ကလေးငယ်ရဲ့ဖခင်ဖြစ်သူကတော့ ပြိုင်ဘက်ကင်းတဲ့ဓာတ်ပုံမျိုးရရှိအောင် သားဖြစ်သူကိုကျောက်ထရံရဲ့အစွန်းဖက်မှာ တွဲလောင်းချကာ ကလေးလက်ကိုကိုင်ဆွဲထားပြီး ဓာတ်ပုံရိုက်ယူနေခဲ့တာပါ ။ အဆိုပါအဖြစ်အပျက်ဟာ ပေးကျင်းမြို့ရဲ့မြို့အစွန်ဖက် Hongjing အဝေးပြေးလမ်းမှာ ပြီးခဲ့တဲ့နေ့က ဖြစ်ပျက်ခဲ့တာဖြစ်ပါတယ် ။ လမ်းရဲ့အခြားတစ်ဖက်မှာလည်း လူတွေဟာထိုင်နေကြပြီး ၎င်းတို့ရဲ့ခြေထောက်ကို ကျောက်ထရံအစွန်းဖက်မှာ တွဲလောင်းချထားနေကြတာကို တွေ့ရှိကြမှာပါ ။ သို့ပေမဲ့ အဆိုပါမိသားစုတစ်စုကတော့ ၎င်းတို့ရဲ့သားငယ်လေးကို ကျောက်ထရံအစွန်ဖက်မှာ ကလေးငယ်ရဲ့လက်ကိုဆွဲကိုင်ထားပြီး နောက်ပြန်အနေအထားဖြင့်တွဲလောင်းချထားပြီး ဓာတ်ပုံရိုက်ယူနေခဲ့ကြတာပါ ။

အဆိုပါအဖြစ်အပျက်ရဲ့ မူရင်း video ဟာ တရုတ် social media site ဖြစ်တဲ့ Weboi ပေါ်မှာ အတော်လေးကို လူကြည့်များကာရေပန်းစားနေခဲ့ပြီး ၊ video ရိုက်ယူနေသူကလည်း ” ကြည့်လိုက်အုံး ၊ ကလေးရဲ့လက်က အတော်လေးကိုတုန်ခါနေပြီ ” ဆိုပြီး ပြောဆိုနေခဲ့တဲ့အသံကို video ထဲမှာ ကြားကြရမှာပါ ။

အဆိုပါ Video ဟာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက် ကလေးငယ်ရဲ့မိဘတွေဟာ အတော်လေးကိုအပြစ်တင်ဝေဖန်ခြင်းမျိုးခံနေရလျက်ရှိပါတယ် ။ ကလေးငယ်ရဲ့မိဘတွေကိုတော့ နာမည်အတိအကျနဲ့ဖော်ပြထားခြင်းမျိုးတော့မရှိသေးပါဘူး ။ ကိုယ့်ရဲ့မိုက်ရူးရဲဆန်လွန်းတဲ့လုပ်ရပ်နဲ့ တစ်ခါတစ်လေကိုယ့်ရဲ့သားသမီး အန္တရာယ်ဖြစ်သွားမှာမျိုး မရှိအောင်မိဘတွေက သတိထားပြီး ပြုမှုနေထိုင်သွားရမှာဖြစ်ပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment