သားငယ္အတြက္ ေဆးကုသစရိတ္မတက္ႏိုင္ေတာ့လို႔ဆိုၿပီး ေဆးရံုေ႐ွ႕မွာ ႐ႈိက္ႀကီးတငင္ငိုေနခဲ့တဲ့ မိခင္

တ႐ုတ္ႏိုင္ငံမွာ႐ွိတဲ့ ေဆးရံုတစ္ခုရဲ႕ေ႐ွ႕မွာ သားငယ္ေလးအတြက္ ေဆးကုသဖို႔စရိတ္မတတ္ႏိုင္ေတာ့လို႔ဆိုၿပီး ႐ိႈက္ႀကီးတငင္ငိုေနခဲ့တဲ့ single မိခင္တစ္ေယာက္ရဲ႕ ဓာတ္ပံုဟာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ အဆိုပါအျဖစ္အပ်က္ဟာ ၿပီးခဲ့တဲ့ႏွစ္ ဒီဇင္ဘာလက ႐ွန္ဟိုင္းကေလးေဆးရံုအေ႐ွ႕မွာျဖစ္ပ်က္ခဲ့တာျဖစ္ၿပီး ၊ ယခုအခ်ိန္မွာမွ တ႐ုတ္ႏိုင္ငံရဲ႕က်န္းမာေရးကုသစရိတ္ေတြဟာ လက္ေတြ႔မွာ အလြန္ခက္ခဲေစလ်က္႐ွိတယ္ဆိုၿပီးေတာ့ ဓာတ္ပံုေတြဟာ online ေပၚမွာျပန္ေရပန္းစားေနခဲ့တာျဖစ္ပါတယ္ ။ မိခင္ျဖစ္သူ Guo Yinzhen ဟာ အသက္ 45 ႏွစ္အရြယ္႐ွိၿပီျဖစ္ၿပီး ခင္ပြန္းျဖစ္သူႏွင့္ကြာ႐ွင္းခဲ့ၿပီးေနာက္ သူမရဲ႕ 3ႏွစ္အရြယ္သားေလး Guo Zhenghan ကို သူမတစ္ေယာက္ထဲက ျပဳစုပ်ိဳးေထာင္ခဲ့ရတာပါ ။

Yinzhen ဟာ စက္ရံုအလုပ္သမားတစ္ေယာက္အေနနဲ႔ အလုပ္လုပ္ကိုင္ခဲ့ေပမဲ့ သားေလးကိုေမြးဖြားၿပီးေနာက္ အလုပ္ထြက္ခဲ့ရပါတယ္ ။ ယခုအခ်ိန္မွာေတာ့ သူမတို႔သားအမိဟာ လက္ဖက္ရြက္ေတြခူးၿပီး အသက္ေမြးဝမ္းေၾကာင္းျပဳေနတဲ့ သူမရဲ႕မိဘေတြကိုသာ အားကိုးၿပီးေနထိုင္ေနရေၾကာင္း သိ႐ွိရပါတယ္ ။

သားျဖစ္သူရဲ႕ ကုသစရိတ္အတြက္ 100,000 yuan ခန္႔ထပ္မံလိုအပ္ေနၿပီး ၊ သားျဖစ္သူရဲ႕ခြဲစိတ္ကုသစရိတ္အတြက္ 400,000 yuan ကိုအသံုးျပဳခဲ့ၿပီးၿပီျဖစ္ၿပီး ၊ အေႂကြေတြလည္းအမ်ားႀကီးတင္ေနလ်က္႐ွိေၾကာင္း သိရပါတယ္ ။ ကံေကာင္းစြာနဲ႔ သူမတို႔သားအမိရဲ႕ဓာတ္ပံုဟာ ပ်ံ့ႏွံ႔သြားခဲ့ၿပီး 5 ရက္အၾကာမွာေတာ့ Xiaoxingxin ေဖာင္ေဒး႐ွင္းမွ သားငယ္ေလးအတြက္ ေနာက္ထပ္လိုအပ္တဲ့ေဆးကုသစရိတ္မ်ားကို အကုန္လံုးအကုန္အက်ခံၿပီး ကုသေပးမည္ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ ယခုလက္႐ွိမွာေတာ့ သားငယ္ေလးရဲ႕က်န္းမာေရးဟာ အေတာ္ေလးေကာင္းမြန္ေနၿပီျဖစ္ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:NEXTSHARK

Unicode

တရုတ်နိုင်ငံမှာရှိတဲ့ ဆေးရုံတစ်ခုရဲ့ရှေ့မှာ သားငယ်လေးအတွက် ဆေးကုသဖို့စရိတ်မတတ်နိုင်တော့လို့ဆိုပြီး ရှိုက်ကြီးတငင်ငိုနေခဲ့တဲ့ single မိခင်တစ်ယောက်ရဲ့ ဓာတ်ပုံဟာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အဆိုပါအဖြစ်အပျက်ဟာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလက ရှန်ဟိုင်းကလေးဆေးရုံအရှေ့မှာဖြစ်ပျက်ခဲ့တာဖြစ်ပြီး ၊ ယခုအချိန်မှာမှ တရုတ်နိုင်ငံရဲ့ကျန်းမာရေးကုသစရိတ်တွေဟာ လက်တွေ့မှာ အလွန်ခက်ခဲစေလျက်ရှိတယ်ဆိုပြီးတော့ ဓာတ်ပုံတွေဟာ online ပေါ်မှာပြန်ရေပန်းစားနေခဲ့တာဖြစ်ပါတယ် ။ မိခင်ဖြစ်သူ Guo Yinzhen ဟာ အသက် 45 နှစ်အရွယ်ရှိပြီဖြစ်ပြီး ခင်ပွန်းဖြစ်သူနှင့်ကွာရှင်းခဲ့ပြီးနောက် သူမရဲ့ 3နှစ်အရွယ်သားလေး Guo Zhenghan ကို သူမတစ်ယောက်ထဲက ပြုစုပျိုးထောင်ခဲ့ရတာပါ ။

Yinzhen ဟာ စက်ရုံအလုပ်သမားတစ်ယောက်အနေနဲ့ အလုပ်လုပ်ကိုင်ခဲ့ပေမဲ့ သားလေးကိုမွေးဖွားပြီးနောက် အလုပ်ထွက်ခဲ့ရပါတယ် ။ ယခုအချိန်မှာတော့ သူမတို့သားအမိဟာ လက်ဖက်ရွက်တွေခူးပြီး အသက်မွေးဝမ်းကြောင်းပြုနေတဲ့ သူမရဲ့မိဘတွေကိုသာ အားကိုးပြီးနေထိုင်နေရကြောင်း သိရှိရပါတယ် ။

သားဖြစ်သူရဲ့ ကုသစရိတ်အတွက် 100,000 yuan ခန့်ထပ်မံလိုအပ်နေပြီး ၊ သားဖြစ်သူရဲ့ခွဲစိတ်ကုသစရိတ်အတွက် 400,000 yuan ကိုအသုံးပြုခဲ့ပြီးပြီဖြစ်ပြီး ၊ အကြွေတွေလည်းအများကြီးတင်နေလျက်ရှိကြောင်း သိရပါတယ် ။ ကံကောင်းစွာနဲ့ သူမတို့သားအမိရဲ့ဓာတ်ပုံဟာ ပျံ့နှံ့သွားခဲ့ပြီး 5 ရက်အကြာမှာတော့ Xiaoxingxin ဖောင်ဒေးရှင်းမှ သားငယ်လေးအတွက် နောက်ထပ်လိုအပ်တဲ့ဆေးကုသစရိတ်များကို အကုန်လုံးအကုန်အကျခံပြီး ကုသပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ ယခုလက်ရှိမှာတော့ သားငယ်လေးရဲ့ကျန်းမာရေးဟာ အတော်လေးကောင်းမွန်နေပြီဖြစ်ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment