ေယာကၡမနဲ႔စကားမ်ားၿပီးေနာက္ လသားအရြယ္သမီးငယ္ေလးကို တံတားေပၚကေနပစ္ခ်ခဲ့တဲ့ မိခင္

တ႐ုတ္ႏိုင္ငံ Xi’an ၿမိဳ႕မွာေနထိုင္တဲ့ အမ်ိဳးသမီးတစ္ဦးဟာ သူမရဲ႕ေယာကၡမျဖစ္သူနဲ႔ရန္ျဖစ္စကားမ်ားၿပီးေနာက္ သူမရဲ႕ကေလးငယ္ကိုတံတားေပၚကေန ပစ္ခ်ခဲ့ပါတယ္ ။ အခင္းျဖစ္ပြားတဲ့ေန႔က Zhou အမည္႐ွိတဲ့ အမ်ိဳးသမီးဟာ သူမရဲ႕ေယာကၡထီးအသုဘႏွင့္ပက္သက္ၿပီး လုပ္ကိုင္စရာေတြ႐ွိတာျပဳလုပ္ဖို႔ ေယာကၡမအိမ္သို႔ေရာက္႐ွိလာခဲ့ပါတယ္ ။ ယာကၡမအိမ္ကေန မျပန္လာခင္ကတည္းက ႏွစ္ေယာက္သားျပင္းျပင္းထန္ထန္ ရန္ျဖစ္စကားမ်ားခဲ့ေၾကာင္း ရဲအရာ႐ွိေတြထံ သူမဝန္ခံခဲ့ပါတယ္ ။

Zhou ဟာ ေယာကၡမျဖစ္သူနဲ႔ အျမဲသေဘာထားကြဲလြဲေလ့႐ွိၿပီး ၊ အျမဲစကားမ်ားေလ့႐ွိသူလည္းျဖစ္ပါတယ္ ။ သို႔ေပမဲ့လည္း သူမရဲ႕အိမ္သို႔ျပန္လာခဲ့တဲ့ လမ္းတစ္ေလ်ွာက္ ေယာကၡမအေပၚစိတ္ဆိုးေဒါသထြက္တဲ့စိတ္နဲ႔ မခံမရပ္ႏိုင္ေအာင္ျဖစ္ၿပီး ျဖတ္ကူးလာတဲ့တံတားေပၚကေန တုန္႔ဆိုင္းျခင္းမ႐ွိဘဲ သူမလက္ထဲမွာေပြ႔ခ်ီထားတဲ့ 10လသားအရြယ္ သမီးငယ္ေလးကို တံတားေပၚကေနပစ္ခ်ခဲ့ပါေတာ့တယ္ ။

ထို႔ေနာက္ သူမကိုယ္တိုင္ကလည္း ကိုယ့္ကိုအဆံုးစီရင္ဖို႔ တံတားေပၚတက္ေနစဥ္ ျဖတ္သြားျဖတ္လာမ်ားက သူမကိုတားျမစ္ႏိုင္ခဲ့ၾကပါတယ္ ။ သို႔ေပမဲ့လည္း သူမဟာ တာဝန္႐ွိသူေတြရဲ႕ဖမ္းဆီးထိန္းသိမ္းျခင္းကို ခံထားရၿပီး ၊ သူမရဲ႕သမီးငယ္ေလး ႐ုပ္အေလာင္းကို ဆက္လက္႐ွာေဖြမႈမ်ား ျပဳလုပ္ေနလ်က္႐ွိေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:Asiaone

Unicode

တရုတ်နိုင်ငံ Xi’an မြို့မှာနေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူမရဲ့ယောက္ခမဖြစ်သူနဲ့ရန်ဖြစ်စကားများပြီးနောက် သူမရဲ့ကလေးငယ်ကိုတံတားပေါ်ကနေ ပစ်ချခဲ့ပါတယ် ။ အခင်းဖြစ်ပွားတဲ့နေ့က Zhou အမည်ရှိတဲ့ အမျိုးသမီးဟာ သူမရဲ့ယောက္ခထီးအသုဘနှင့်ပက်သက်ပြီး လုပ်ကိုင်စရာတွေရှိတာပြုလုပ်ဖို့ ယောက္ခမအိမ်သို့ရောက်ရှိလာခဲ့ပါတယ် ။ ယာက္ခမအိမ်ကနေ မပြန်လာခင်ကတည်းက နှစ်ယောက်သားပြင်းပြင်းထန်ထန် ရန်ဖြစ်စကားများခဲ့ကြောင်း ရဲအရာရှိတွေထံ သူမဝန်ခံခဲ့ပါတယ် ။

Zhou ဟာ ယောက္ခမဖြစ်သူနဲ့ အမြဲသဘောထားကွဲလွဲလေ့ရှိပြီး ၊ အမြဲစကားများလေ့ရှိသူလည်းဖြစ်ပါတယ် ။ သို့ပေမဲ့လည်း သူမရဲ့အိမ်သို့ပြန်လာခဲ့တဲ့ လမ်းတစ်လျှောက် ယောက္ခမအပေါ်စိတ်ဆိုးဒေါသထွက်တဲ့စိတ်နဲ့ မခံမရပ်နိုင်အောင်ဖြစ်ပြီး ဖြတ်ကူးလာတဲ့တံတားပေါ်ကနေ တုန့်ဆိုင်းခြင်းမရှိဘဲ သူမလက်ထဲမှာပွေ့ချီထားတဲ့ 10လသားအရွယ် သမီးငယ်လေးကို တံတားပေါ်ကနေပစ်ချခဲ့ပါတော့တယ် ။

ထို့နောက် သူမကိုယ်တိုင်ကလည်း ကိုယ့်ကိုအဆုံးစီရင်ဖို့ တံတားပေါ်တက်နေစဉ် ဖြတ်သွားဖြတ်လာများက သူမကိုတားမြစ်နိုင်ခဲ့ကြပါတယ် ။ သို့ပေမဲ့လည်း သူမဟာ တာဝန်ရှိသူတွေရဲ့ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံထားရပြီး ၊ သူမရဲ့သမီးငယ်လေး ရုပ်အလောင်းကို ဆက်လက်ရှာဖွေမှုများ ပြုလုပ်နေလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment