14နှစ်အရွယ်ကျောင်းသူလေးကို နှစ်ကြိမ်အနမ်းပေးခဲ့မိလို့ ထောင်ဒဏ် 6လ ချမှတ်ခံခဲ့ရတဲ့ ကျောင်းဆရာ




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

ကျောင်းဆရာဆိုတာ လူမှုပတ်ဝန်းကျင်တွေမှာ အမြဲလေးစားခံရတဲ့သူမျိုးတွေဖြစ်ပြီး ၊ နိုင်ငံရဲ့အနာဂတ်ရတနာလေးတွေကို ပြုစုပျိုးထောင်ပေးနေသူတွေလည်း ဖြစ်ပါတယ် ။ သို့ပေမဲ့ အချို့သူတော်ကောင်းယောင်ဆောင်နေတဲ့ ဆရာတွေလည်းရှိပါတယ် ။ ဒီတစ်ခေါက်မှာတော့ စင်ကာပူနိုင်ငံက အသက် 35နှစ်အရွယ်ကျောင်ဆရာဟာ သူ၏အသက်14နှစ်အရွယ် ကျောင်းသူလေးရဲ့နှုတ်ခမ်းကို 2ကြိမ်တိုင်တိုင် အနမ်းပေးခဲ့မိတဲ့အတွက် ထောင်ဒဏ် 6လ ချမှတ်ခံခဲ့ရပါတယ် ။အဆိုပါကျောင်းဆရာဟာ မူလတန်းနှင့် အလယ်တန်းပြ ဆရာတစ်ဦးဖြစ်ပြီး ကျောင်းစာမဟုတ်တဲ့ အပြင်ပိုင်းလှုပ်ရှားမှုတွေကိုလည်း တာဝန်ယူသင်ကြားပေးနေရသူလည်းဖြစ်ပါတယ် ။အဆိုပါလှုပ်ရှားမှုတွေကို ၎င်းကျောင်းသူကလည်းတက်ရောက်ခဲ့ပြီး ပထမဆုံအကြိမ် လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်မှုဖြစ်ပွားခဲ့တာကတော့ အပြင်ပိုင်းတက်ကြွလှုပ်ရှားမှုတစ်ခုဖြစ်တဲ့ အပြင်အလှန်စာပို့တဲ့လှုပ်ရှားမှုတစ်ခုမှာ ဖြစ်ပါတယ် ။

လှုပ်ရှားမှုကတော့ အလှပြင်ဆိုင်နဲ့ shopping center ကြားအကွားအဝေးအတွင်းမှာရှိတဲ့ မတူညီတဲ့နေရာတွေမှာတွေ့ဆုံကြပြီး တစ်ခုခုအတူတူသောက်ကြဖို့ဖြစ်ပါတယ် ။ ကျောင်းသားအဖွဲ့ရဲ့ အုပ်ထိန်းသူအဖြစ်ကျောင်းဆရာက လိုက်ပါခဲ့ပြီး ၊ အဆိုပါကျောင်းသူလေးကို ကျောင်းဆရာကသူနှင့် ဂျပန်ဆိုင်မှာသီးသန့်တွေ့ဆုံးရန်ပြောခဲ့ပြီးနောက် ၊ ဆိုင်ထဲရောက်တော့ သူမ၏ပုခုံးပေါ်လက်တင်ပြီးနောက် သူမ၏နှုတ်ခမ်းကို အနမ်းပေးခဲ့ပါတယ် ။

ကျောင်းသူလေး၏ရှေ့နေပြောဆိုချက်အရ အဆိုပါလုပ်ရက်မျိုးကျူ းလွန်ခံခဲ့ရတဲ့အချိန်မှာ ကျောက်သူလေးဟာ အတော်လေးရှက်ပြီးကြောက်လန့်မိခဲ့ကြောင်း ပြောဆိုခဲ့ပါတယ် ။ထို့နောက် အဆောက်အအုံးနားက လှေကားအနားသို့ခေါ်သွားပြီး ဒုတိယအကြိမ်နမ်းခဲ့ကြောင်းလည်း ပြောဆိုခဲ့ပါတယ် ။ ထို့ကြောင့် ကျောင်းဆရာဟာ လိင်ပိုင်းဆိုင်ရာအမြတ်ထုတ်ခဲ့တဲ့ပြစ်မှုဟာ ထင်ရှားသွားခဲ့တဲ့အတွက် ထောင်ဒဏ် 6 လချမှတ်ခြင်းခံခဲ့ရပါတယ် ။

Jasmine (Mckzone Daily)

Be the first to comment on "14နှစ်အရွယ်ကျောင်းသူလေးကို နှစ်ကြိမ်အနမ်းပေးခဲ့မိလို့ ထောင်ဒဏ် 6လ ချမှတ်ခံခဲ့ရတဲ့ ကျောင်းဆရာ"

Leave a comment

Your email address will not be published.


*