အခ်စ္စစ္တစ္ခုတည္းေၾကာင့္ပါဆိုၿပီး ငယ္ငယ္ရြယ္ရြယ္နဲ႔ လက္ထပ္ခဲ့တဲ့ စံုတြဲ

အသက္ 16 ႏွစ္အရြယ္သာ႐ွိေသးၿပီး လက္ထပ္မဂၤလာပြဲက်င္းပခဲ့တဲ့စံုတြဲ၍ ဓာတ္ပံုမွာ social media ေပၚမွာ အေတာ္ေလးေရပန္းစားေနလ်က္႐ွိပါတယ္ ။ အသက္ 13 ႏွစ္အရြယ္နဲ႔ သတို႔သားျဖစ္လာတယ္ဆိုၿပီး ေခါင္းစဥ္နဲ႔ ဓာတ္ပံုေတြဟာ Weibo ႏွင့္ Twitter စာမ်က္ႏွာေတြမွာ ေရပန္းစားလြန္းလို႔ ငယ္ရြယ္လြန္းတဲ့စံုတြဲရဲ႕ မဂၤလာပြဲဆိုၿပီး ေရပန္းစားခဲ့တာပါ ။ ဓာတ္ပံုတစ္ပံုမွာေတာ့ ကေလး႐ုပ္မေပ်ာက္ေသးတဲ့ေကာင္ေလး ႏွင့္ သူ၏ေဘးမွာ ကေလးမငယ္ေလးတစ္ဦးဟာ မဂၤလာဝတ္စံုဝတ္ဆင္ထားၿပီး မဂၤလာကုတင္ေပၚမွာအတူထိုင္ေနခဲ့ၾကတာပါ ။

Zhang အမည္႐ွိတဲ့ သတို႔သားမွာေတာ့ သူ၏အသက္မွာ 13 ႏွစ္မဟုတ္ေၾကာင္း ႏွင့္ ၎တို႔စံုတြဲႏွစ္ေယာက္လံုးဟာ အသက္ 16 ႏွစ္႐ွိေနၿပီျဖစ္ေၾကာင္း ျပန္လည္ေျဖ႐ွင္းခဲ့ပါတယ္ ။ တ႐ုတ္ႏိုင္ငံရဲ႕တရားဝင္လက္ထပ္ခြင့္ရ႐ွိတဲ့အသက္အရြယ္ဟာ အမ်ိဳးသားဆိုရင္ 22ႏွစ္ ႏွင့္ အမ်ိဳးသမီးဆိုရင္ အသက္ 20 အရြယ္အျဖစ္ သတ္မွတ္ထားတာပါ ။ ၎တို႔စံုတြဲမွာေတာ့ အသက္မျပည့္ေသးတဲ့အတြက္ တရားဝင္လက္ထပ္မွတ္ပံုတင္ကိုေတာ့ ေနာက္ထပ္ 6 ႏွစ္အၾကာမွတင္သြင္းခြင့္ရမွာျဖစ္တဲ့အတြက္ ယခုအခ်ိန္မွာေတာ့႐ိုးရာဓေလ့အတိုင္း လက္ထပ္ပြဲက်င္းပခဲ့ၾကတာပါ ။

၎တို႔စံုတြဲဟာ အသက္ငယ္ေသးေပမဲ့ တစ္ေယာက္နဲ႔တစ္ေယာက္ကိုအမွန္တကယ္ခ်စ္ႀကိဳက္ခဲ့တာျဖစ္ေၾကာင္း Zhang ကေျဖၾကားခဲ့တဲ့အျပင္ ၎တို႔မဂၤလာပြဲကိုႏွစ္ဖက္မိသားစုက ၾကည္ၾကည္ျဖဴျဖဴ က်င္းပေပးခဲ့တာပါ ။ Zhang တို႔စံုတြဲႏွစ္ေယာက္လံုးဟာ ေက်ာင္းကထြက္ၿပီး အျပင္အလုပ္လုပ္ကိုင္ေနၾကသူေတြျဖစ္ၿပီး ၊ Zhang ကေတာ့ သူ၏မိဘေတြဟာလယ္ယာအလုပ္ လုပ္ကိုင္ေနသူေတြျဖစ္တဲ့အတြက္ ပိုက္ဆံဆိုတာကမိဘေတြရဲ႕ ေသြး ၊ ေခြၽး ၊ မ်က္ရည္ေတြနဲ႔႐ွာထားရတဲ့အရာျဖစ္လို႔ ေက်ာင္းစာကိုမလိုက္ႏိုင္တဲ့အတူတူ ေက်ာင္းထြက္ၿပီးအျပင္အလုပ္လုပ္ကိုင္ေနတာျဖစ္ေၾကာင္း ၊ ပညာသင္ၾကားတာကလည္း တစ္ခ်ိန္မွာပိုက္ဆံ႐ွာႏိုင္ဖို႔ျဖစ္ၿပီး ယခုသူကိုယ္တိုင္ကလည္း ပိုက္ဆံ႐ွာေနၿပီျဖစ္ေၾကာင္း သူ၏ရည္မွန္ခ်က္မွာသူေ႒းတစ္ေယာက္ျဖစ္လာဖို႔ျဖစ္ေၾကာင္း ေျပာဆိုခဲ့ပါတယ္ ။ သို႔ေပမဲ့ ၎တို႔စံုတြဲဟာ ကေလးယူဖို႔အစီအစဥ္မ႐ွိေသးေၾကာင္းလည္း ထပ္မံေျပာဆိုခဲ့ပါတယ္ ။ ငယ္ရြယ္ေသးေပမဲ့ ၎တို႔ရဲ႕မဂၤလာပြဲဟာ အင္တာနက္အသံုးျပဳသူေတြဆီကေန ေကာင္းမြန္တဲ့ဆုေတာင္းစကား ႏွင့္ အေကာင္းဖက္အျမင္ေတြကိုသာ လက္ခံရ႐ွိခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source:South China Morning Post

Unicode

အသက် 16 နှစ်အရွယ်သာရှိသေးပြီး လက်ထပ်မင်္ဂလာပွဲကျင်းပခဲ့တဲ့စုံတွဲ၍ ဓာတ်ပုံမှာ social media ပေါ်မှာ အတော်လေးရေပန်းစားနေလျက်ရှိပါတယ် ။ အသက် 13 နှစ်အရွယ်နဲ့ သတို့သားဖြစ်လာတယ်ဆိုပြီး ခေါင်းစဉ်နဲ့ ဓာတ်ပုံတွေဟာ Weibo နှင့် Twitter စာမျက်နှာတွေမှာ ရေပန်းစားလွန်းလို့ ငယ်ရွယ်လွန်းတဲ့စုံတွဲရဲ့ မင်္ဂလာပွဲဆိုပြီး ရေပန်းစားခဲ့တာပါ ။ ဓာတ်ပုံတစ်ပုံမှာတော့ ကလေးရုပ်မပျောက်သေးတဲ့ကောင်လေး နှင့် သူ၏ဘေးမှာ ကလေးမငယ်လေးတစ်ဦးဟာ မင်္ဂလာဝတ်စုံဝတ်ဆင်ထားပြီး မင်္ဂလာကုတင်ပေါ်မှာအတူထိုင်နေခဲ့ကြတာပါ ။

Zhang အမည်ရှိတဲ့ သတို့သားမှာတော့ သူ၏အသက်မှာ 13 နှစ်မဟုတ်ကြောင်း နှင့် ၎င်းတို့စုံတွဲနှစ်ယောက်လုံးဟာ အသက် 16 နှစ်ရှိနေပြီဖြစ်ကြောင်း ပြန်လည်ဖြေရှင်းခဲ့ပါတယ် ။ တရုတ်နိုင်ငံရဲ့တရားဝင်လက်ထပ်ခွင့်ရရှိတဲ့အသက်အရွယ်ဟာ အမျိုးသားဆိုရင် 22နှစ် နှင့် အမျိုးသမီးဆိုရင် အသက် 20 အရွယ်အဖြစ် သတ်မှတ်ထားတာပါ ။ ၎င်းတို့စုံတွဲမှာတော့ အသက်မပြည့်သေးတဲ့အတွက် တရားဝင်လက်ထပ်မှတ်ပုံတင်ကိုတော့ နောက်ထပ် 6 နှစ်အကြာမှတင်သွင်းခွင့်ရမှာဖြစ်တဲ့အတွက် ယခုအချိန်မှာတော့ရိုးရာဓလေ့အတိုင်း လက်ထပ်ပွဲကျင်းပခဲ့ကြတာပါ ။

၎င်းတို့စုံတွဲဟာ အသက်ငယ်သေးပေမဲ့ တစ်ယောက်နဲ့တစ်ယောက်ကိုအမှန်တကယ်ချစ်ကြိုက်ခဲ့တာဖြစ်ကြောင်း Zhang ကဖြေကြားခဲ့တဲ့အပြင် ၎င်းတို့မင်္ဂလာပွဲကိုနှစ်ဖက်မိသားစုက ကြည်ကြည်ဖြူဖြူ ကျင်းပပေးခဲ့တာပါ ။ Zhang တို့စုံတွဲနှစ်ယောက်လုံးဟာ ကျောင်းကထွက်ပြီး အပြင်အလုပ်လုပ်ကိုင်နေကြသူတွေဖြစ်ပြီး ၊ Zhang ကတော့ သူ၏မိဘတွေဟာလယ်ယာအလုပ် လုပ်ကိုင်နေသူတွေဖြစ်တဲ့အတွက် ပိုက်ဆံဆိုတာကမိဘတွေရဲ့ သွေး ၊ ချွေး ၊ မျက်ရည်တွေနဲ့ရှာထားရတဲ့အရာဖြစ်လို့ ကျောင်းစာကိုမလိုက်နိုင်တဲ့အတူတူ ကျောင်းထွက်ပြီးအပြင်အလုပ်လုပ်ကိုင်နေတာဖြစ်ကြောင်း ၊ ပညာသင်ကြားတာကလည်း တစ်ချိန်မှာပိုက်ဆံရှာနိုင်ဖို့ဖြစ်ပြီး ယခုသူကိုယ်တိုင်ကလည်း ပိုက်ဆံရှာနေပြီဖြစ်ကြောင်း သူ၏ရည်မှန်ချက်မှာသူဋ္ဌေးတစ်ယောက်ဖြစ်လာဖို့ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ် ။ သို့ပေမဲ့ ၎င်းတို့စုံတွဲဟာ ကလေးယူဖို့အစီအစဉ်မရှိသေးကြောင်းလည်း ထပ်မံပြောဆိုခဲ့ပါတယ် ။ ငယ်ရွယ်သေးပေမဲ့ ၎င်းတို့ရဲ့မင်္ဂလာပွဲဟာ အင်တာနက်အသုံးပြုသူတွေဆီကနေ ကောင်းမွန်တဲ့ဆုတောင်းစကား နှင့် အကောင်းဖက်အမြင်တွေကိုသာ လက်ခံရရှိခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment