ကန့်သတ်ပမာဏအထိမလုပ်နိုင်ခဲ့လို့ သေလောက်အောင်စပ်တဲ့မုန့်ထုပ်ကို စားခိုင်ပြီးအလုပ်ထုတ်ပစ်ခြင်းခံခဲ့ရတဲ့ မိန်းကလေး(ရုပ်သံ)




Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

တရုတ်နိုင်ငံမှာရှိတဲ့ကုမ္ပဏီတစ်ခုမှာ အလုပ်ဝင်နေတဲ့ဝန်ထမ်းမိန်းကလေးတစ်ဦးဟာ လုပ်ငန်းစည်းကမ်းတွေလိုက်နာခြင်းမရှိလို့ဆိုပြီး အပြစ်ပေးခံခဲ့ရလို့ နောက်ဆုံးဆေးရုံတက်ခဲ့ရတဲ့အဖြစ်အထိရောက်ရှိသွားခဲ့ပါတယ် ။ Chengdu မြို့မှာရှိတဲ့ အဆိုပါကုမ္ပဏီမှ ဝန်ထမ်း7ဦးဟာ ကန့်သတ်ထားတဲ့ပမာဏအထိ မပြုလုပ်နိုင်ခဲ့လို့ဆိုပြီး သေလောက်အောင်စပ်တဲ့အစပ်ချောင်းမုန့်ထုပ်ကို စားခိုင်းပြီးအပြစ်ပေးခံခဲ့ရပါတယ် ။ အဆိုပါမုန့်ထုပ်ဟာ စပ်လွန်းတဲ့အတွက် အထုပ်ပေါ်မှာ သတိပေးတဲ့ စာသားတွေ နဲ့ အရိုးခေါင်းပုံတွေပါ ပါရှိပါတယ် ။

အဆိုပါမုန့်ထုပ်ကိုစားပြီးနောက် ဝန်ထမ်းနှစ်ယောက်ကို ဆေးရုံတင်လိုက်ရပါတယ် ။ ဝန်ထမ်းမိန်းကလေးရဲ့ပြောပြချက်အရ စပ်လွန်းလို့ မူးမေ့လဲသွားပြီးနောက် ရုံးခန်းကနေသယ်ထုတ်သွားရတဲ့အဖြစ်ထိရောက်ရှိခဲ့ပြီး အဆိုပါနေ့က သူမဟာ ဓမ္မတာစပြီးလာတဲ့ရက်လည်းဖြစ်နေကြောင်း ပြောပြသွားခဲ့ပါတယ် ။ ဗိုက်အတော်လေးနာကျင်သေးပေမဲ့ သူမဟာအလုပ်သို့ပြန်သွားခဲ့ရပြီး ကုမ္ပဏီဖက်ကတော့ လျော်ကြေးပေးဖို့ကိုငြင်းပယ်ပြီး ဆေးဖိုးသာထုတ်ပေးခဲ့ကြောင်း နှင့် အလုပ်ကိုပြန်ရောက်တာနဲ့ ကုမ္ပဏီဖက်က အလုပ်ထုတ်ပယ်ပြီးသားဖြစ်ကြောင်း ကြေညာခဲ့ပါတယ် ။

အဆိုပါနည်းလမ်းတွေနဲ့ ဝန်ထမ်းတွေကိုအပြစ်ပေးတဲ့အဖြစ်မျိုးဟာ တရုတ်နိုင်ငံရှိကုမ္ပဏီတွေမှာ မကြာခဏဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment