လူေတြအနားလာၿပီးေရတိုက္ဖို႔ လက္ႏွစ္ဖက္ေျမႇာက္ၿပီးေတာင္းဆိုေနခဲ့တဲ့ ႐ွဥ့္ေလး (႐ုပ္သံ)

လူေတြအနားလာၿပီးေရတိုက္ဖို႔ ေတာင္းဆိုေနခဲ့တဲ့ ႐ွဥ့္ေလးရဲ႕႐ုပ္သံဟာ online ေပၚမွာအေတာ္ေလးပ်ံ့ႏွံ႔ေနလ်က္႐ွိပါတယ္ ။ Video ထဲမွာေတာ့ ႐ွဥ့္ဟာ ေရဘူးကိုင္ထားတဲ့ကေလးငယ္အနားခ်ဥ္းကပ္သြားၿပီးေနာက္ ေရတိုက္ဖို႔ေ႐ွ႕လက္ႏွစ္ဖက္ကိုေျမႇာက္ၿပီးေတာင္ဆိုေနခဲ့တာပါ ။ ထိုအခ်ိန္မွာေတာ့ ႐ွဥ့္ေလး ေရဆာေနတာကိုသတိထားမိသြားခဲ့ၾကၿပီး ကေလးငယ္မွာလည္းသူ၏ေရသန္႔ဘူးကို ဖြင့္ျပီးေရတိုက္ဖို႔ၾကံေနေပမဲ့ ” သူ႔ကို ဘယ္လိုေရတိုက္ရမွာလဲ ” ဆိုၿပီး ေျပာလိုက္တဲ့အခ်ိန္မွာမွ video ႐ိုက္ကူေနသူက ေရသန္႔ဘူးကိုယူၿပီး ႐ွဥ့္ေလးအနားသို႔ ထားေပးလိုက္ပါတယ္ ။ ထိုအခ်ိန္မွာေတာ့ ႐ွဥ့္ဟာ သူ၏ပါးစပ္ကိုေရဘူးအေပါက္နားကပ္ၿပီး ေရတစ္ဘူးလံုးကုန္တဲ့အထိေသာက္ပစ္ခဲ့ပါတယ္ ။ ေရကုန္သြားတဲ့အခ်ိန္မွ ႐ွဥ့္ေလးဟာ ကေလးေတြရဲ႕အနားကေန ထြက္သြားခဲ့ပါေတာ့တယ္ ။

အဆိုပါ video ကို႐ိုက္ကူးခဲ့တဲ့ေနရာကိုေတာ့ အတိအက်မသိရေပမဲ့ ၊ လူေတြကိုဘယ္လိုခ်ဥ္းကပ္ရမလဲဆိုတာ သိလြန္တဲ့ ႐ွဥ့္ေလးကိုေတာ့ လူအေတာ္အမ်ားက ခ်ီးက်ဴ းခဲ့ၾကပါတယ္ ။ တစ္ခ်ိဳ႕က်ေတာ့လည္း ” အေတာ္ေလး ေရဆာေနပံုပဲ ၊ ကိုင္ထားတာ ေရဘူးမွန္းတန္းသိတယ္ ” ၊ ” လူေတြအနားခ်ဥ္းကပ္ၿပီး သူတို႔ဘာလိုခ်င္လဲဆိုတာ သိေနတယ္ ခ်စ္ဖို႔ေကာင္းလြန္းတယ္ ” ဆိုၿပီး ႐ွဥ့္ေလးရဲ႕အျပဳအမႈကို ခ်စ္မဝႏိုင္ေအာင္ မ်ိဳးစံုမွတ္ခ်က္ေပးခဲ့ၾကပါတယ္ ။

Jasmine (Mckzone Daily)

Source:Daily Mail

Unicode

လူတွေအနားလာပြီးရေတိုက်ဖို့ တောင်းဆိုနေခဲ့တဲ့ ရှဉ့်လေးရဲ့ရုပ်သံဟာ online ပေါ်မှာအတော်လေးပျံ့နှံ့နေလျက်ရှိပါတယ် ။ Video ထဲမှာတော့ ရှဉ့်ဟာ ရေဘူးကိုင်ထားတဲ့ကလေးငယ်အနားချဉ်းကပ်သွားပြီးနောက် ရေတိုက်ဖို့ရှေ့လက်နှစ်ဖက်ကိုမြှောက်ပြီးတောင်ဆိုနေခဲ့တာပါ ။ ထိုအချိန်မှာတော့ ရှဉ့်လေး ရေဆာနေတာကိုသတိထားမိသွားခဲ့ကြပြီး ကလေးငယ်မှာလည်းသူ၏ရေသန့်ဘူးကို ဖွင့်ပြီးရေတိုက်ဖို့ကြံနေပေမဲ့ ” သူ့ကို ဘယ်လိုရေတိုက်ရမှာလဲ ” ဆိုပြီး ပြောလိုက်တဲ့အချိန်မှာမှ video ရိုက်ကူနေသူက ရေသန့်ဘူးကိုယူပြီး ရှဉ့်လေးအနားသို့ ထားပေးလိုက်ပါတယ် ။ ထိုအချိန်မှာတော့ ရှဉ့်ဟာ သူ၏ပါးစပ်ကိုရေဘူးအပေါက်နားကပ်ပြီး ရေတစ်ဘူးလုံးကုန်တဲ့အထိသောက်ပစ်ခဲ့ပါတယ် ။ ရေကုန်သွားတဲ့အချိန်မှ ရှဉ့်လေးဟာ ကလေးတွေရဲ့အနားကနေ ထွက်သွားခဲ့ပါတော့တယ် ။

အဆိုပါ video ကိုရိုက်ကူးခဲ့တဲ့နေရာကိုတော့ အတိအကျမသိရပေမဲ့ ၊ လူတွေကိုဘယ်လိုချဉ်းကပ်ရမလဲဆိုတာ သိလွန်တဲ့ ရှဉ့်လေးကိုတော့ လူအတော်အများက ချီးကျူ းခဲ့ကြပါတယ် ။ တစ်ချို့ကျတော့လည်း ” အတော်လေး ရေဆာနေပုံပဲ ၊ ကိုင်ထားတာ ရေဘူးမှန်းတန်းသိတယ် ” ၊ ” လူတွေအနားချဉ်းကပ်ပြီး သူတို့ဘာလိုချင်လဲဆိုတာ သိနေတယ် ချစ်ဖို့ကောင်းလွန်းတယ် ” ဆိုပြီး ရှဉ့်လေးရဲ့အပြုအမှုကို ချစ်မဝနိုင်အောင် မျိုးစုံမှတ်ချက်ပေးခဲ့ကြပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment