ေဒါင္းေရာဂါလကၡဏာ႐ွိေနတဲ့ သားငယ္ေလးကို ႏိုင္ငံရပ္ျခားမွာထားရစ္ခဲ့တဲ့စံုတြဲ

ၾသစေၾတးလ်ႏိုင္ငံမွစံုတြဲတစ္တြဲဟာ အမႊာကေလးလိုခ်င္လို႔ဆိုၿပီး ထိုင္းႏိုင္ငံမွအမ်ိဳးသမီးတစ္ဦးထံ $15,000 ေပးၿပီး အငွါးကိုယ္ဝန္ေဆာင္ခိုင္းခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း အမႊာသားငယ္ေလးတစ္ေယာက္ဟာ ေဒါင္းေရာဂါလကၡဏာျဖစ္ေနတဲ့အတြက္ Gammy အမည္႐ွိတဲ့ သားငယ္ေလးကိုျပန္စြန္႔ပစ္ခဲ့ၿပီး ၊ က်န္းမာေရးေကာင္းမြန္တဲ့ အစ္မျဖစ္သူကိုသာ ၎တို႔နဲ႔အတူ ေခၚသြားခဲ့ပါတယ္ ။ Gammy ေလးမွာေတာ့ ႏွလံုးေရာဂါကိုပါ ခံစားေနရတဲ့ကေလးငယ္ပါ ။ ထိုင္းႏိုင္ငံမွ အငွါးကိုယ္ဝန္ေဆာင္မိခင္ျဖစ္သူ Pattharamon Janbua အမည္႐ွိတဲ့အမ်ိဳးသမီးဟာ သူမကိုယ္ဝန္ 4လအရြယ္ကတည္းက အမႊာကေလးငယ္ထဲမွ တစ္ေယာက္ဟာ ေဒါင္ေရာဂါေဝဒနာ႐ွိေနမွန္းသိ႐ွိခဲ့တာျဖစ္ၿပီး ၊ ထိုအခ်ိန္ကတည္းက ၾသစေၾတးလ်ႏိုင္ငံကစံုတြဲဟာ ကိုယ္ဝန္ဖ်က္ခ်ဖို႔တိုက္တြန္းခဲ့ပါတယ္ ။ သို႔ေပမဲ့လည္း သူမဟာ ဗုဒၶရဲ႕ဆိုဆံုးမခ်က္အရ အကုသိုလ္မျပဳလုပ္ခ်င္လို႔ ကေလးငယ္ကိုဖ်က္ခ်ဖို႔ျငင္းဆိုခဲ့ပါတယ္ ။

ၾသစေၾတးလ်ႏိုင္ငံကစံုတြဲဟာ အငွါးကိုယ္ဝန္ေဆာင္ေအဂ်င္စီကေန ကေလးရ႐ွိဖို႔ႀကိဳးစားခဲ့တာျဖစ္ၿပီး မိခင္ျဖစ္သူကိုေတာ့မ်က္ျမင္ေတြ႔႐ွိဖူးျခင္းမ်ိဳးေတာ့မ႐ွိပါဘူး ။ ထိုင္းႏိုင္ငံမွာ က်န္ရစ္ခဲ့တဲ့သားငယ္ေလးအတြက္ ‘ hope for Gammy ‘ ဆိုၿပီး ေစတနာ႐ွင္မ်ားက ကေလးငယ္ျပဳစုေစာင့္ေရွာက္စရိတ္တြက္ $100,000 ဝန္းက်င္ခန္႔ လႉဒါန္းေပးခဲ့ၾကပါတယ္ ။

ၾသစေၾတးလ်ႏိုင္ငံမွ မိဘမ်ားကိုေတာ့ တစ္ကိုယ္ေကာင္းဆန္ၿပီးၾကင္နာတတ္တဲ့ႏွလံုးသားမ႐ွိသူဆိုၿပီး လူအမ်ားက ေဝဖန္ခဲ့ၾကပါတယ္ ။ ၾသစေၾတးလ်အစိုးရဖက္ကလည္း ကေလးငယ္အတြက္ေဆးကုသစရိတ္မ်ားလႉဒါန္းေပးမည့္ အစီအစဥ္မ်ား႐ွိေနေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source:DailyNews

Unicode

သြစတြေးလျနိုင်ငံမှစုံတွဲတစ်တွဲဟာ အမွှာကလေးလိုချင်လို့ဆိုပြီး ထိုင်းနိုင်ငံမှအမျိုးသမီးတစ်ဦးထံ $15,000 ပေးပြီး အငှါးကိုယ်ဝန်ဆောင်ခိုင်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း အမွှာသားငယ်လေးတစ်ယောက်ဟာ ဒေါင်းရောဂါလက္ခဏာဖြစ်နေတဲ့အတွက် Gammy အမည်ရှိတဲ့ သားငယ်လေးကိုပြန်စွန့်ပစ်ခဲ့ပြီး ၊ ကျန်းမာရေးကောင်းမွန်တဲ့ အစ်မဖြစ်သူကိုသာ ၎င်းတို့နဲ့အတူ ခေါ်သွားခဲ့ပါတယ် ။ Gammy လေးမှာတော့ နှလုံးရောဂါကိုပါ ခံစားနေရတဲ့ကလေးငယ်ပါ ။ ထိုင်းနိုင်ငံမှ အငှါးကိုယ်ဝန်ဆောင်မိခင်ဖြစ်သူ Pattharamon Janbua အမည်ရှိတဲ့အမျိုးသမီးဟာ သူမကိုယ်ဝန် 4လအရွယ်ကတည်းက အမွှာကလေးငယ်ထဲမှ တစ်ယောက်ဟာ ဒေါင်ရောဂါဝေဒနာရှိနေမှန်းသိရှိခဲ့တာဖြစ်ပြီး ၊ ထိုအချိန်ကတည်းက သြစတြေးလျနိုင်ငံကစုံတွဲဟာ ကိုယ်ဝန်ဖျက်ချဖို့တိုက်တွန်းခဲ့ပါတယ် ။ သို့ပေမဲ့လည်း သူမဟာ ဗုဒ္ဓရဲ့ဆိုဆုံးမချက်အရ အကုသိုလ်မပြုလုပ်ချင်လို့ ကလေးငယ်ကိုဖျက်ချဖို့ငြင်းဆိုခဲ့ပါတယ် ။

သြစတြေးလျနိုင်ငံကစုံတွဲဟာ အငှါးကိုယ်ဝန်ဆောင်အေဂျင်စီကနေ ကလေးရရှိဖို့ကြိုးစားခဲ့တာဖြစ်ပြီး မိခင်ဖြစ်သူကိုတော့မျက်မြင်တွေ့ရှိဖူးခြင်းမျိုးတော့မရှိပါဘူး ။ ထိုင်းနိုင်ငံမှာ ကျန်ရစ်ခဲ့တဲ့သားငယ်လေးအတွက် ‘ hope for Gammy ‘ ဆိုပြီး စေတနာရှင်များက ကလေးငယ်ပြုစုစောင့်ရှောက်စရိတ်တွက် $100,000 ဝန်းကျင်ခန့် လှူဒါန်းပေးခဲ့ကြပါတယ် ။

သြစတြေးလျနိုင်ငံမှ မိဘများကိုတော့ တစ်ကိုယ်ကောင်းဆန်ပြီးကြင်နာတတ်တဲ့နှလုံးသားမရှိသူဆိုပြီး လူအများက ဝေဖန်ခဲ့ကြပါတယ် ။ သြစတြေးလျအစိုးရဖက်ကလည်း ကလေးငယ်အတွက်ဆေးကုသစရိတ်များလှူဒါန်းပေးမည့် အစီအစဉ်များရှိနေကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment