ပန္းျခံသို႔အလည္သြားရင္း ခင္ပြန္းျဖစ္သူႏွင့္စကားမ်ားကာ ကားေပၚကေနဆင္းခဲ့လို႔ က်ားဆြဲခံခဲ့ရတဲ့ အမ်ိဳးသမီး (႐ုပ္သံ)

တ႐ုတ္ႏိုင္ငံမွ အသက္ 33ႏွစ္အရြယ္အမ်ိဳးသမီးဟာ Beijing တိရစာၦန္ဥယ်ာဥ္ပန္းျခံသို႔ျပီးခဲ့တဲ့ႏွစ္က အလည္သြားရင္း က်ားဆြဲခံလိုက္ရလို႔ ၊ ပန္းျခံသို႔လာေရာက္လည္ပတ္သူေတြအတြက္ ျပည့္စံုတဲ့လံုျခံဳစိတ္ခ်မႈေတြမ႐ွိလို႔ဆိုၿပီး တရားစြဲဆိုမႈမ်ားျဖစ္ခဲ့ပါတယ္ ။ Zhao အမည္႐ွိတဲ့ အမ်ိဳးသမီးဟာ ခင္ပြန္း ႏွင့္ မိခင္ျဖစ္သူတို႔ႏွင့္အတူ ပန္ျခံသို႔လာေရာက္လည္ပတ္ရင္း ၊ ရန္ျဖစ္စကားမ်ားရင္းကေန ကားေပၚကေနဆင္းခဲ့လို႔ အနီးအနား႐ွိက်ားေတြရဲ႕ ဆြဲကိုက္ျခင္းခံခဲ့ရပါတယ္ ။ မိခင္ျဖစ္သူမွာလည္း က်ားဆြဲခံလိုက္ရတဲ့ Zhao ကိုလိုက္ကယ္ရင္းကေန က်ားကိုက္ခံခဲ့ရလို႔အသက္ေသဆံုးသြားခဲ့ရပါတယ္ ။

အဆိုပါအျဖစ္အပ်က္ video ဟာ social media ေပၚမွာ အေတာ္ေလးပ်ံ့ႏွံ႔သြားခဲ့ၿပီးေနာက္မွာေတာ့ ပန္းျခံဟာလံုျခံဳစိတ္ခ်ရေပမဲ့ Zhao ရဲ႕လုပ္ရပ္ေၾကာင့္ ယခုလိုျဖစ္ပ်က္ခဲ့ရတာျဖစ္ေၾကာင္း မ်ိဳးစံုေထာက္ျပေဝဖန္ခဲ့ပါတယ္ ။ Zhao ကေတာ့ ပန္ျခံရဲ႕တာဝန္႐ွိသူေတြကို ေလ်ာ္ေၾကးေငြ $330,000 ေပးဖို႔ေတာင္းဆိုခဲ့ပါတယ္ ။ ပန္းျခံဟာ လံုျခံဳစိတ္ခ်မႈမ႐ွိတဲ့အျပင္ က်ားဆြဲခံလိုက္ရတဲ့အခ်ိန္မွာ တာဝန္႐ွိသူေတြကအခ်ိန္မီ ကယ္ဆယ္မႈမ်ားမျပဳလုပ္ေပးႏိုင္လို႔ဆိုတဲ့ အေၾကာင္းျပခ်က္နဲ႔ Zhao ဖက္က တရားစြဲဆိုခဲ့တာပါ ။

ပန္းျခံ႐ွိတာဝန္႐ွိသူမ်ားက “ဒီကိစၥရပ္မွာ ကြၽန္ေတာ္တို႔မွားတယ္လို႔ မထင္ပါဘူး ၊ ကြၽန္ေတာ္တို႔ သူမကိုကယ္တင္ဖို႔ႀကိဳးစားခဲ့ပါတယ္ ၊ သူမရဲ႕သက္ေသအေထာက္အထား အနဲငယ္နဲ႔ ေလ်ာ္ေၾကးေငြအမ်ားႀကီးေတာင္းဆိုေနခဲ့တာပါ ” ဆိုၿပီးေျပာဆိုခဲ့ပါတယ္ ။ ပန္းျခံသို႔လာေရာက္လည္ပတ္သူေတြကို ကားေပၚကေနမဆင္းဖို႔ အျမဲမွာၾကားခဲ့တာျဖစ္ေၾကာင္း ပန္းျခံရွိတာဝန္႐ွိသူမ်ားက ျပန္လည္ထြက္ဆိုခဲ့တာပါ ။ Zhao မွာေတာ့ ျပည္သူအေတာ္မ်ားမ်ားရဲ႕အျပစ္တင္ေဝဖန္ခံေနရလို႔ အလုပ္ထြက္ခဲ့ရၿပီး ၊ ယခုအခ်ိန္ထိမည္သည့္အေၾကာင္းကိစၥေၾကာင္း ကားေပၚကေနဆင္းခဲ့ရတာလဲဆိုတဲ့အျဖစ္ကိုေတာ့ Zhao ကလံုးဝမထုတ္ေဖာ္ခဲ့ပါဘူး ။

Jasmine (Mckzone Daily)

Source:China Daily

Unicode

တရုတ်နိုင်ငံမှ အသက် 33နှစ်အရွယ်အမျိုးသမီးဟာ Beijing တိရစ္ဆာန်ဥယျာဉ်ပန်းခြံသို့ပြီးခဲ့တဲ့နှစ်က အလည်သွားရင်း ကျားဆွဲခံလိုက်ရလို့ ၊ ပန်းခြံသို့လာရောက်လည်ပတ်သူတွေအတွက် ပြည့်စုံတဲ့လုံခြုံစိတ်ချမှုတွေမရှိလို့ဆိုပြီး တရားစွဲဆိုမှုများဖြစ်ခဲ့ပါတယ် ။ Zhao အမည်ရှိတဲ့ အမျိုးသမီးဟာ ခင်ပွန်း နှင့် မိခင်ဖြစ်သူတို့နှင့်အတူ ပန်ခြံသို့လာရောက်လည်ပတ်ရင်း ၊ ရန်ဖြစ်စကားများရင်းကနေ ကားပေါ်ကနေဆင်းခဲ့လို့ အနီးအနားရှိကျားတွေရဲ့ ဆွဲကိုက်ခြင်းခံခဲ့ရပါတယ် ။ မိခင်ဖြစ်သူမှာလည်း ကျားဆွဲခံလိုက်ရတဲ့ Zhao ကိုလိုက်ကယ်ရင်းကနေ ကျားကိုက်ခံခဲ့ရလို့အသက်သေဆုံးသွားခဲ့ရပါတယ် ။

အဆိုပါအဖြစ်အပျက် video ဟာ social media ပေါ်မှာ အတော်လေးပျံ့နှံ့သွားခဲ့ပြီးနောက်မှာတော့ ပန်းခြံဟာလုံခြုံစိတ်ချရပေမဲ့ Zhao ရဲ့လုပ်ရပ်ကြောင့် ယခုလိုဖြစ်ပျက်ခဲ့ရတာဖြစ်ကြောင်း မျိုးစုံထောက်ပြဝေဖန်ခဲ့ပါတယ် ။ Zhao ကတော့ ပန်ခြံရဲ့တာဝန်ရှိသူတွေကို လျော်ကြေးငွေ $330,000 ပေးဖို့တောင်းဆိုခဲ့ပါတယ် ။ ပန်းခြံဟာ လုံခြုံစိတ်ချမှုမရှိတဲ့အပြင် ကျားဆွဲခံလိုက်ရတဲ့အချိန်မှာ တာဝန်ရှိသူတွေကအချိန်မီ ကယ်ဆယ်မှုများမပြုလုပ်ပေးနိုင်လို့ဆိုတဲ့ အကြောင်းပြချက်နဲ့ Zhao ဖက်က တရားစွဲဆိုခဲ့တာပါ ။

ပန်းခြံရှိတာဝန်ရှိသူများက “ဒီကိစ္စရပ်မှာ ကျွန်တော်တို့မှားတယ်လို့ မထင်ပါဘူး ၊ ကျွန်တော်တို့ သူမကိုကယ်တင်ဖို့ကြိုးစားခဲ့ပါတယ် ၊ သူမရဲ့သက်သေအထောက်အထား အနဲငယ်နဲ့ လျော်ကြေးငွေအများကြီးတောင်းဆိုနေခဲ့တာပါ ” ဆိုပြီးပြောဆိုခဲ့ပါတယ် ။ ပန်းခြံသို့လာရောက်လည်ပတ်သူတွေကို ကားပေါ်ကနေမဆင်းဖို့ အမြဲမှာကြားခဲ့တာဖြစ်ကြောင်း ပန်းခြံရှိတာဝန်ရှိသူများက ပြန်လည်ထွက်ဆိုခဲ့တာပါ ။ Zhao မှာတော့ ပြည်သူအတော်များများရဲ့အပြစ်တင်ဝေဖန်ခံနေရလို့ အလုပ်ထွက်ခဲ့ရပြီး ၊ ယခုအချိန်ထိမည်သည့်အကြောင်းကိစ္စကြောင်း ကားပေါ်ကနေဆင်းခဲ့ရတာလဲဆိုတဲ့အဖြစ်ကိုတော့ Zhao ကလုံးဝမထုတ်ဖော်ခဲ့ပါဘူး ။

Jasmine (Mckzone Daily)

  • Leave a Comment