နှာခေါင်းပေါက်ထဲကို ထမင်းစားတဲ့တူနဲ့နှိုက်ရင်း အခန့်မသင့်နှာခေါင်းပေါက်ထဲ တူစိုက်ဝင်သွားတဲ့အမျိုးသား
Jasmine (Mckzone Daily)
Source: worldofbuzz
Unicode
လူတိုင်းလိုလိုမှာတော့ မနှစ်မြို့စရာကောင်တဲ့ အမှုအကျင့်တစ်ခုစီတော့ရှိကြမှာပါ ။ အထူးသဖြင့် နှာခေါင်းနှိုက်တာပေါ့ ။ ဒီတစ်ခေါက်အဖြစ်အပျက်ကလည်း တော်တော်လေးကိုဆိုးဝါးလွန်းပါတယ် ။ ဘာလို့လည်းဆိုတော့ လူအများစုဟာ နှာခေါင်းကိုလက်နှင့်သာနှိုက်လေ့ရှိပေမဲ့ ဒီဦးလေးတစ်ယောက်ကတော့ နှာခေါင်းကိုတော်တော်ရှည်တဲ့ထမင်းစားတူနဲ့နှိုက်ခဲ့လို့. အဲ့လုပ်ရပ်ရဲ့ အကျိုးဆက်ကိုခံစားခဲ့ရပါတယ် ။ သတင်းအရင်းအမြစ်အရ တရုတ်နိုင်ငံ ၊ Changsha မြျို့မှာနေထိုင်လျက်ရှိတဲ့ အမျိုးသားတစ်ဦးဟာ မိသားစုဝင်တွေနဲ့ညစာစားပြီးနောက်မှာတော့ နှားခေါင်ထဲမှာတော်တော်လေးကိုယားနေခဲ့လို့ နှာခေါင်းကိုအတော်လေးနှိုက်ချင်နေခဲ့ပါတယ် ။ သို့ပေမဲ့လည်း ယဉ်ကျေးမှုအရ အကုန်လုံးစားပြီးတဲ့အချိန်ကိုစောင့်နေခဲ့ပြီး အကုန်လုံးထထွက်သွားတဲ့အချိန်ခါကျမှ ဘားမှမတွေးနိုင်တော့ဘဲ တူတစ်ချောင်းကိုကောက်ယူလိုက်ပြီး နှာခေါင်းထဲသို့ထိုးထည့်ကာ အယားပြေအောင်တူဖြင့်နှိုက်နေခဲ့ပါတော့တယ် ။
ပိုဆိုးဝါးတာကတော့ ထိုင်နေရာကနေ မတ်တပ်ရပ်ဖို့လုပ်တဲ့အချိန်မှာတော့ ခလုတ်တိုက်မိပြီး ကြမ်းပြင်ပေါ်သို့မျက်နှာဖြင့်အရင်ကျသွားခဲ့ပါတယ် ။တွေးကြည့်လို့ရပါတယ် 20cmလောက်အရှည်ရှိတဲ့တူဟာ သူ၏နှာခေါင်ပေါက်အတွင်းသို့တည့်တည့်စိုက်ဝင်သွားခဲ့ပါတယ် ။
ထို့နောက်အဆိုပါအမျိုးသားဟာ ဆေးရုံသို့အလျင်အမြန်သွားရောက်ခဲ့ပြီး ချက်ချင်းခွဲစိတ်ကုသမှုခံယူခဲ့ရပါတယ် ။ အမျိုးသားဟာ အနည်းငယ်လှုပ်ရှားမှုပြုလုပ်လိုက်ရုံနှင့် ဦးခေါင်းအထဲသို့စိုက်ဝင်နိုင်သည့်အခြေအနေအထိသို့ ရောက်ရှိခဲ့ပါတယ် ။အောင်မြင်စွာ ခွဲစိတ်ကုသမှုခံယူပြီးချိန်မှာတော့ ကံကောင်းထောက်မစွာဖြင့် ၎င်းအမျိုးသားဟာယခုအချိန်မှာတော့ ပြန်လည်နလန်ထူနိုင်သောအခြေအနေသို့ရောက်ရှိနေပြီဖြစ်ကြောင်း သိရှိရပါတယ် ။
Jasmine (Mckzone Daily)
Be the first to comment on "နှာခေါင်းပေါက်ထဲကို ထမင်းစားတဲ့တူနဲ့နှိုက်ရင်း အခန့်မသင့်နှာခေါင်းပေါက်ထဲ တူစိုက်ဝင်သွားတဲ့အမျိုးသား"
Leave a comment
Your email address will not be published.
*