အေဝးေျပးလမ္းမႀကီးရဲ႕အလယ္တည့္တည့္ၿပီး “ေယာဂ” ေလ့က်င့္ေနခဲ့တဲ့ အမ်ိဳးသား (႐ုပ္သံ)

မၾကာေသးခင္ကေတာ့ Samson Sibgh Nejar အမည္နဲ႔ Facebook အသံုးျပဳသူေဝမ်ွခဲ့တဲ့ video ဟာ အေတာ္ေလးကို ေရပန္းစားေနလ်က္႐ွိပါတယ္ ။ Video ထဲမွာေတာ့ အသက္ႀကီးေနၿပီျဖစ္တဲ့ အန္ကယ္တစ္ေယာက္ဟာ ဖိနပ္မပါဘဲ ၊ ေဘာင္ဘီတစ္ထည္တည္းကိုသာ ဝတ္ဆင္ထားခဲ့ၿပီးေနာက္ လမ္းမႀကီးရဲ႕အလယ္တည့္တည့္မွာ လဲေနၿပီး “ေယာဂ” ေလ့က်င့္ခန္းျပဳလုပ္ေနခဲ့တာပါ ။ အဆိုပါအမ်ိဳးသားဟာ သူ၏ကားကိုလည္း လမ္းလယ္တည့္တည့္မွာ ရပ္ထားၿပီး ဘားကိုမွဂ႐ုမစိုက္ဘဲ လုပ္ခ်င္တာလုပ္ေနခဲ့တာပါ ။

အေဝးေျပးအျမန္လမ္းမႀကီးျဖစ္တဲ့အတြက္ အဆိုပါအမ်ိဳးသားကိုမျမင္လိုက္တဲ့ယာဥ္ေမာင္းေတြ႐ွိခဲ့မယ္ဆိုရင္ေတာ့ ယာဥ္တိုက္မႈေတြျဖစ္သြားႏိုင္ၿပီး ၊ ဒုကၡေတြ ေရာက္သြားၾကမွာပါ ။ လူအခ်ိဳ႕ကေတာ့ အဆိုပါအမ်ိဳးသားဟာ အရက္အေတာ္ေလးမူးေနသူ ၊ ဒါမွမဟုတ္ မူးယစ္ေဆးသံုးစြဲထား၍ စိတ္ဂေယာင္ကတမ္းျဖစ္ေနသူျဖစ္ေၾကာင္း မ်ိဳးစံုသံုးသပ္ခဲ့ၾကပါတယ္ ။

မည္သို႔ပင္ျဖစ္ေစကာမူ အရက္မူးေနခဲ့တယ္ဆိုရင္ေတာင္မွ အမ်ားျပည္သူေတြပါဒုကၡမေရာက္ေအာင္ ျပဳမႈၾကရမွာပါ ။ ယခုေဖာ္ျပခဲ့တဲ့ အမ်ိဳးသားကေတာ့ အဆိုပါလမ္းမႀကီးေပၚမွာ အခ်ိန္အေတာ္ၾကာသည္အထိ “ေယာဂ” ေလ့က်င့္ေနခဲ့ေၾကာင္း သိ႐ွိရပါတယ္ ။

Jasmine (Mckzone Daily)

Source: worldofbuzz

Unicode

မကြာသေးခင်ကတော့ Samson Sibgh Nejar အမည်နဲ့ Facebook အသုံးပြုသူဝေမျှခဲ့တဲ့ video ဟာ အတော်လေးကို ရေပန်းစားနေလျက်ရှိပါတယ် ။ Video ထဲမှာတော့ အသက်ကြီးနေပြီဖြစ်တဲ့ အန်ကယ်တစ်ယောက်ဟာ ဖိနပ်မပါဘဲ ၊ ဘောင်ဘီတစ်ထည်တည်းကိုသာ ဝတ်ဆင်ထားခဲ့ပြီးနောက် လမ်းမကြီးရဲ့အလယ်တည့်တည့်မှာ လဲနေပြီး “ယောဂ” လေ့ကျင့်ခန်းပြုလုပ်နေခဲ့တာပါ ။ အဆိုပါအမျိုးသားဟာ သူ၏ကားကိုလည်း လမ်းလယ်တည့်တည့်မှာ ရပ်ထားပြီး ဘားကိုမှဂရုမစိုက်ဘဲ လုပ်ချင်တာလုပ်နေခဲ့တာပါ ။

အဝေးပြေးအမြန်လမ်းမကြီးဖြစ်တဲ့အတွက် အဆိုပါအမျိုးသားကိုမမြင်လိုက်တဲ့ယာဉ်မောင်းတွေရှိခဲ့မယ်ဆိုရင်တော့ ယာဉ်တိုက်မှုတွေဖြစ်သွားနိုင်ပြီး ၊ ဒုက္ခတွေ ရောက်သွားကြမှာပါ ။ လူအချို့ကတော့ အဆိုပါအမျိုးသားဟာ အရက်အတော်လေးမူးနေသူ ၊ ဒါမှမဟုတ် မူးယစ်ဆေးသုံးစွဲထား၍ စိတ်ဂယောင်ကတမ်းဖြစ်နေသူဖြစ်ကြောင်း မျိုးစုံသုံးသပ်ခဲ့ကြပါတယ် ။

မည်သို့ပင်ဖြစ်စေကာမူ အရက်မူးနေခဲ့တယ်ဆိုရင်တောင်မှ အများပြည်သူတွေပါဒုက္ခမရောက်အောင် ပြုမှုကြရမှာပါ ။ ယခုဖော်ပြခဲ့တဲ့ အမျိုးသားကတော့ အဆိုပါလမ်းမကြီးပေါ်မှာ အချိန်အတော်ကြာသည်အထိ “ယောဂ” လေ့ကျင့်နေခဲ့ကြောင်း သိရှိရပါတယ် ။

Jasmine (Mckzone Daily)

  • Leave a Comment